IG ကပုံ (၂)ပုံဟာ sexy ကျလွန်းတယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ ခံနေရတဲ့ မလေးရှားမင်းသမီး

@missmimilana/Instagram

ဝတ်စားဆင်ယင်ပုံဆိုတာဟာ ရောက်နေတဲ့နိုင်ငံရဲ့ ဘာသာရေး၊ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေပေါ်လိုက်ပြီး ပြေင်းလဲတတ်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာပေါ့။ တချို့နေရာတွေမှာ လွတ်လွတ်လပ်လပ်နဲ့ အမျိုးသမီးတွေ ဘောင်းဘီတိုလေး၊ လက်ပြတ်အင်္ကျီလေးဝတ်ပြီး လမ်းလျှောက်သွားလာတာဟာ အထူးအဆန်းမဟုတ်တဲ့အရာဖြစ်နေပေမယ့်လည်း တချို့ဒေသတွေမှာတော့ အဲဒီလိုဝတ်တာကိုတောင် လမ်းသွားလမ်းလာတွေက ကဲ့ရဲ့တဲ့မျက်လုံးတွေနဲ့ လည်ပြန်လိုက်ကြည့်တတ်တဲ့ဒေသမျိုးတွေရှိတဲ့အပြင် တချို့ဒေသတွေမှာဆို ပိုဆိုးရင် အပြင်းအထန်ဝေဖန်ခံရတာတွေ၊ ဥပဒေနဲ့ညိစွန်းတာတွေအထိ တင်းကြပ်ထားတဲ့ နိုင်ငံတွေလည်း ရှိလို့နေပါတယ်။

@missmimilana/Instagram
@missmimilana/Instagram

မလေးရှားက မင်းသမီးလေးတစ်လက်ကတော့ သူမရဲ့ Instagram မှာ ဓာတ်ပုံလေးနှစ်ပုံတင်မိရာကနေ ပရိတ်သတ်တွေရဲ့ အပြစ်တင်ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံနေရပြီး ခြိမ်းခြောက်မှုတွေအထိ ဖြစ်ပွားနေခဲ့ပါတယ်လို့ Asia One မှာ ဖတ်ခဲ့ရပါတယ်။

 

 

View this post on Instagram

 

My feeling after doing @my__clinic treatment! ‍♀️

A post shared by MIMS (@missmimilana) on

Mimi ဟာ အသက် ၂၃ နှစ်ရှိနေပြီဖြစ်တဲ့ မလေးရှားမင်းသမီးတစ်လက်ဖြစ်ပြီး Cari Aku di Syuraga ဆိုတဲ့ ဒရာမာစီးရီးနဲ့ ပရိတ်သတ်တွေကြား ရေပန်းစားလာခဲ့ပြီး ပွင့်လင်းသွက်လက်တဲ့အနေအထားလေးကြောင့် အချစ်ပိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သြဂုတ်လ ၁၄ ရက်နေ့တုန်းက တင်ခဲ့တဲ့ ဒီပုံနှစ်ပုံကြောင့် တော်တော်လေးကို အပြောခံနေခဲ့ရတာပါ။ ဒီပုံနှစ်ပုံဟာ Mimi အနေနဲ့ အရေးပြားဆေးခန်းတစ်ခုမှာ အလှအပဆိုင်ရာကုသမှုခံယူပြီးပြီးချင်း ရိုက်ကူးထားတာကြောင့် ကြိုးတစ်ချောင်းလေးနဲ့ အသားအရည်ကြည်ကြည်လင်လင်နဲ့ ချစ်ဖို့ကောင်းတဲ့ပုံတစ်ပုံဖြစ်ပြီး တခြားလူတွေအမြင်မှာတော့ ဘာမှရိုင်းစိုင်းတဲ့အမြင်ကို မတွေ့ရပေမယ့် သူမနိုင်ငံအတွက်တော့ သိပ်ကိုဆက်စီကျလွန်းနေခဲ့တာပဲဖြစ်ပါတယ်။

READ
ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အရှည်ဆုံး ခြေထောက်ပိုင်ရှင်ကို စိန်ခေါ်ဖို့ တွေးနေသူ
@missmimilana/Instagram
@missmimilana/Instagram

Penny

SHARE