များသောအားဖြင့် စုံတွဲတွေလမ်းခွဲကြပြီဆိုရင် လူမသိသူမသိဘဲ ဇာတ်လမ်းပြီးသွားကြတာများပါတယ်။ ဒါပေမဲ့ နာမည်ကြီးနဲ့ လူသိများတဲ့လူတစ်ချို့တွေကတော့ ပြတ်စဲကြောင်းကို ပရိတ်သတ်တွေသိရအောင် သတိပေးတာမျိုးတွေတော့ ရှိတာပေါ့။ ဥပမာ မလေးရှားက ဒီလိုစုံတွဲမျိုးပေါ့။
Lim Shang Jin နဲ့ Qiu Wen တို့နှစ်ယောက်ဟာ မလေးရှားနိုင်ငံရဲ့ နာမည်ကြီး YouTuber တွေဖြစ်ပါတယ်။ Lim ရဲ့ YouTube channel မှာ သူတို့ရဲ့ လမ်းခွဲကြောင်းကို ကြေငြာလိုက်ခဲ့ပါတယ်။ Fan တွေကတော့ ဒီလမ်းခွဲမှုကြီးဟာ သိန်း ၂၀၀ တန်တဲ့ လမ်းခွဲမှုကြီးဆိုပြီး ပြောနေခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတာ ကြည့်လိုက်ရအောင်။

Lim နဲ့ Qiu တို့ဟာ လက်တွဲလာခဲ့ကြတာ နှစ်နဲ့ချီနေခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်တုန်းကတောင်မှပဲ Lim ဟာ ချစ်သူလေး Qiu ကို လက်ထပ်ခွင့်တောင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ လက်ထပ်ခွင့်တောင်းတာ ရိုးရိုးမဟုတ်ဘဲနဲ့ တော်တော်လေးကို ကြီးကြီးကျယ်ကျယ်နဲ့ လက်ထပ်ခွင့်တောင်းခဲ့တာပါ။ Surprise လည်းလုပ်၊ ပွဲကြီးခမ်းခမ်းနားနားနဲ့အပြင်ကိုမှ propose လုပ်တဲ့ လက်စွပ်တွေ၊ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်နဲ့ ကုန်ကျစရိတ်တွေဟာ ရင်းဂစ် ၆ သောင်းလောက်(မြန်မာကျပ် သိန်း ၂၀၀ ခန့်) ကုန်သွားခဲ့တာပါ။ နောက် အဲဒီ ဗီဒီယိုတွေကိုလည်း YouTube မှာ တင်ခဲ့ပြီး လူတွေရဲ့အားကျခြင်းကိုတောင် ခံခဲ့ရပါသေးတယ်။
ဒါပေမဲ့ တစ်ချို့ကျပြန်တော့လည်း Qiu ကို gold digger ဆိုပြီး ဝိုင်းပြောနေခဲ့ကြပြန်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ Lim ဖက်ကတာကို ခံချင်သလိုလို၊ မခံချင်သလိုလိုနဲ့ ဗီဒီယိုထဲမှာဖြစ်နေလို့ပါတဲ့။ နောက် အမြဲတမ်း Lim က တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ဝယ်ပေးနေတာကိုလည်း fan တွေက သိထားတာမလို့ပါ။ အဲဒီအထဲက fan တွေက Qiu ကို သိပ်မကြည်နေကြပါဘူး။

ဒါပေမဲ့လည်း အခုအချိန် လမ်းခွဲခဲ့ကြတယ်ဆိုတာကတော့ နှစ်ယောက်သား တစ်ယောက်ပေါ်တစ်ယောက် အချိန်မပေးနိုင်တော့တာကြောင့် လမ်းခွဲခဲ့တာလို့ ပြောလာခဲ့ပါတယ်။
penny