စင်္ကာပူနိုင်ငံသို့ ရောင်းတဲ့ရေဖိုးကို တိုးမြှင့်ကောက်ခံတော့မယ့် မလေးရှားနိုင်ငံ

Asia One

စင်္ကာပူရဲ့သောက်သုံးရေတွေကို မလေးရှားနိုင်ငံဖက်မှ ဝယ်သုံးနေရတယ်ဆိုတာ တော်တော်များများသိပြီးလောက်ပါပြီ။

တန်ကြေးအနေနဲ့ ဂါလံတစ်ထောင်ကို (၃) Sen (မြန်မာငွေ ၁၀၀ ခန့်) နဲ့ မလေးရှားမှ စင်္ကာပူသို့ရောင်းချနေတာပါ။ သို့ပေမယ့် Sen ဟာ မြန်မာမှာဆို ပြားအဆင့်ပဲရှိတဲ့အတွက် မလေးရှားနိုင်ငံအတွက် စီးပွားရေးအရ နစ်နာမှုတွေ ဖြစ်နေပါတယ်။

ဒါကြောင့် မလေးရှားဝန်ကြီးချုပ် Tun Dr Mahathir Moharmad မှ စင်္ကာပူနိုင်ငံသို့ရေရောင်းချမှုနဲ့ပတ်သက်ပြီး သတင်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ တန်ကြေးတိုးမြှင့်ကောက်ဃံဖို့ပါ။ စီးပွားရေးတွေလည်း တိုးတက်လာပြီး ငွေကြေးတန်ဖိုးတွေလည်း များလာတဲ့အတွက်ကြောင့် အခုခေတ်မှာ သုံးမရတော့တဲ့ ပိုက်ဆံတန်ဖိုးနဲ့ ရေဂါလံတစ်ထောင်ကို ရောင်းချခြင်းဟာ နိုင်ငံအတွက် များစွာ အကျိုးယုတ်စေတယ်လို့ ဆိုခဲ့ပါတယ်။

Asia One

ဒါကြောင့် စီးပွားရေးအရ သင့်တင့်တဲ့အဖိုးအခကို တွက်ချက်ပြီး ရေကိုရောင်းချသွားမယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

ဒီနှုန်းထားဟာ ၁၉၂၆ ခုနှစ်ကတည်းက သတ်မှတ်ထားကာ ယနေ့အချိန်အထိရောင်းချနေတဲ့ နှုန်းထားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ခုနှစ်တွေတုန်းကတော့ (၁) Sen နဲ့ ဟင်းခတ်အမွှေးအကြိုင်အစုံအလင်ကို မီးဖိုချောင်အတွက် ဝယ်လို့ရပေမယ့် ယနေ့ခေတ်မှာတော့ (၃) Sen ဟာ မလေးရှားနိုင်ငံသားတွေအတွက် ထမင်းတစ်ပွဲတောင် ဝယ်စားလို့မရတဲ့ ငွေကြေးတစ်ခုဖြစ်သွားခဲ့ပါပြီ။

READ
ထူးဆန်းစွာအိမ်ခြံဝန်းထဲသို့ ပဉ္စလက်ဆန်ဆန် ပြုတ်ကျခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့လင်းနို့များ

Dr Mahathir က ” ရေရောင်းတဲ့ ဈေးကို ဒီနေ့ခေတ်နဲ့ ချိန်ထိုးကြည့်ပါဦး။ ဘယ်အချိန်အထိ ကြာအောင် ဒီဈေးနဲ့ ရောင်း နေရဦးမှာလဲ။ အရင်ခေတ်က မီလျံနာတွေပဲ ရှိခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ ဘီလျံနာတွေ အများကြီး ရှိနေပါပြီ။ ဘာမှ မပြောင်းလဲတာတော့ ရေဂါလံတစ်ထောင်ကို (၃) Sen တည်းနဲ့ စင်္ကာပူကို ရောင်းနေရတဲ့ ရေဖိုးပါ။ ဒီဈေးနဲ့ဆို ကျွန်တော်တို့ ထမင်းတစ်ပွဲတောင် ၀ယ်စားလို့ မရပါဘူး ” လို့ ပြောခဲ့ပါတယ်။

bernama

ဒီအကြောင်းအရာကိုတော့ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟာ နိုင်ငံအရေးပေါ်လစီအစည်းအဝေးပွဲမှာပြောကြားခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Saifuddin Abdullah ကတော့ စင်္ကာပူနိုင်ငံနဲ့ ဒီကိစ္စနဲ့စပ်လျဉ်းကာ ရှေးဦးစွာညှိုနှိုင်းမျာဖြစ်တယ်လို့ သိရပါတယ်။

Source: Asia One

READ
လူသားမျိုးနွယ်မပျောက်ဖို့ နေစရာဂြိုဟ်အသစ် ရှာထားသင့်ဟု စတီဖင်ဟော့ကင်းသတိပေး

Penny

SHARE