ဈေးဝယ်သူတွေ အထီးမကျန်ရအောင် အရုပ်မလေးတွေကို ဈေးဝယ်စင်တာတွေမှာ ထားရှိ

Image:Fb/Sunway Pyramid

Shopping Mall တွေ မှာ တစ်ယောက် ထဲ ဈေးဝယ်ရမှာ ကြောင် တောင် တောင် ဖြစ် နေတယ်၊ အထီး ကျန်တယ် လို့ ခံစားရတဲ့ သူတွေ အတွက် မလေးရှားမှာရှိတဲ့ ဈေးဝယ် စင်တာ တွေ မှာတော့ ထူးခြားတဲ့ အစီအစဉ်တစ်ချို့ကို ဖန် တီး ပေးထားပါတယ်။အဲ့ဒါ ကတော့   အရုပ် မလေး တွေကို ထား ပေးထားတာပါ။ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် အရင်လို သူငယ်ချင်း ဘော်ဒါ တစ်သိုက်နဲ့ တရုံးရုံး ဈေးဝယ် ထွက် ချင် တိုင်း ထွက်လို့ မရပဲ တစ်ကိုယ်တော် ဈေးဝယ် ထွက် နေ ရတဲ့ သူတွေ အပျင်း ပြေ အောင် ဆိုပြီး အရုပ် မ တွေ ကို ထား ပေးထားတာပါ။ဒီ အကြောင်းကိုတော့ Asia One မှာ ဖော်ပြထားတာပါ။

Image:Fb/Sunway Pyramid
Image:Fb/Sunway Pyramid

တစ်ကိုယ်တော် ဈေးဝယ်ထွက်ရလို့ အထီးကျန် နေတယ်ဆိုရင်တော့ Shopping Center ထဲမှာရှိတဲ့ ကုမ္ပဏီ တစ်ခ ချို့က အ ဖော် အရုပ် မ လေးတွေ ကို ထား ပေးထားပါတယ်။ မ လေးရှား ဈေးဝယ်စင်တာထဲက တစ်ချို့ နေရာ တွေ မှာ တော့ အရုပ် မ လေးတွေ ကို  တွေ့ နိုင်ပါတယ်။တကယ်လို့ များ ထိုင်ခုံတွေ မှာ ငုတ် တုပ် ထိုင် နေတဲ့ အရုပ် မ  တွေ မြင် ရင် တော့ လန့် မသွားကြပါနဲ့။အထီးကျန် နေတဲ့ ဈေးဝယ် သူတွေ ကို အ ဖော်ပြု ဖို့  အတွက် သူတို့ ကို တမင် ထား ပေးထားတာပါ။ထိုင်ခုံေ တွမှာ အရုပ် မ တွေကို ထား ပေး တော့ social distancing ကို လိုက်နာ ရာ လည်း ရောက် ၊ဈေးဝယ်သူတွေလည်း မပျင်းစေမယ့် တစ်ချက် ခုတ် နှစ်ချက် ပြတ် အစီအစဉ်ပါ။

READ
အိမ်ထဲကိုခိုးဝင်၊ ကြောင်စာတွေစားပြီး ကြောင်ယောင်ဆောင်တဲ့ ခွေးတူဝက်တူ
Image:Fb/Sunway Pyramid
Image:Fb/Sunway Pyramid
Image:Fb/Sunway Pyramid

မ လေးရှား ဈေးဝယ်စင်တာ ထဲမှာရှိ နေတဲ့ အရုပ် မ တွေရဲ့ ပုံတွေ ကိုတော့ လူမှု ကွန်ရက်စာမျက်နှာ တွေ ပေါ် မှာ ပျံ့ နေပါတယ်။စတိုင်ကျကျ နဲ့ လှ ပ နေတဲ့ အရုပ်  မ လေးတွေ မို့ အမှတ်တရ ဓါတ်ပုံ တွဲ ရိုက်ချင် လည်း ရိုက် လို့ ရ နိုင် ပါ သေးတယ်။

#SHWEMOM

SHARE