မလေးရှားဝန်ကြီးချုပ်ရဲ့ အကြိုက်ဆုံးဇာတ်ကောင်ပါဆိုတဲ့ Marvel ရုပ်ရှင်တွေထဲက Thanos

Mahathir Mohamad Fourth PM of Malaysia/Facebook, Marvel Cinematic Studio

Avengers, Guardians of the Galaxy, Avengers: Age of Ultron, Avenger: Infinity War နဲ့ Endgame တို့မှာ အဓိကဗီလိန်အဖြစ် တောက်လျှောက်ပါနေခဲ့တဲ့ Thanos ဟာ Marvel Cinematic Universe ရဲ့ အကြီးကျယ်ဆုံး စူပါဗီလိန်လို့ဆိုလို့ရနိုင်ပါတယ်။

လူ့သဘာဝအရ အများစုသောလူတွေ ကြိုက်ကြတဲ့ ဇာတ်ကောင်တွေဟာ မင်းသားတို့၊ မင်းသမီးတို့ စတဲ့ အကောင်းဖက်ကိုသွားကြတဲ့ဇာတ်ကောင်တွေ ပိုများလို့နေခဲ့ပါတယ်။ ဒါပေမဲ့ မလေးရှားဝန်ကြီးချုပ်ကတော့ သူအနှစ်သက်ရဆုံးသော ဇာတ်ကောင်ဟာ Thanos ပါဆိုပြီး လူသိရှင်ကြား ပြောကြားခဲ့ကြောင်း Free Malaysia Today မှာ ဖော်ပြထားခဲ့တာပါ။

AVENGERS ASSEMBLE! 🎉 The first-ever "Marvel Studios: Ten Year of Heroes Exhibition" has finally come to Malaysia 🔥✨…

Posted by Klook on Friday, 28 June 2019

ဇွန်လ ၂၇ ရက်နေ့တုန်းက ကွာလာလမ်ပူမှာရှိတဲ့ Pavilion Kuala Lumpur ဈေးဝယ်အဆောက်အဦမှာ Marvel Studios ရဲ့ Ten Years of Heroes ဆိုပြီး ပြပွဲတစ်ခုကျင်းပခဲ့ရာ ဝန်ကြီးချုပ် ဒေါက်တာ Mahathir Mohamad က ပွဲတက်ရင်း သတင်းထောက်တွေကို သူအကြိုက်ဆုံးဇာတ်ကောင်နဲ့ ပတ်သက်ပြီး မျှဝေခဲ့တာပဲဖြစ်ပါတယ်။

READ
ပျော်ပျော်ပါးပါးကရင်း ဝန်ဆောင်မှုပေးတဲ့ ထိုင်းစားပွဲထိုး

ဒါဟာမလေးရှားနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ Marvel Studios ဖြစ်ပြီး ဒီနေရာကြောင့်ပဲ မလေးရှားနိုင်ငံရဲ့ ခရီးသွားကဏ္ဍကို ပြပွဲကာလအတွင်း အနည်းနဲ့အများတော့ အထောက်အကူပြုနိုင်မယ်ဆိုပြီး မျှော်မှန်းထားကြပါတယ်။ Marvel Studios ထဲမှာဆိုရင်တော့ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေကို ဖန်သားပြင်ထဲမှာတင်မဟုတ်တော့ဘဲ အပြင်မှာပါ တကယ့်အရပ်အမောင်းနဲ့ခန္ဓာကိုယ်အတိုင်း 3D ရုပ်ပုံအနေနဲ့ မြင်တွေ့ရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာပါပဲ။

Posted by ArtScience Museum on Thursday, June 7, 2018

ဒီလိုပြပွဲကို ပြီးခဲ့တဲ့နှစ်တုန်းက စင်္ကာပူမှာပြုလုပ်ခဲ့ပြီး အပေါ်မှာ ဖော်ပြခဲ့တဲ့ အရာတွေအပြင် ဝတ်စုံအပြည့်နဲ့ cosplayer တွေ၊ MCU စဖြစ်လာကတည်းက ထွက်ခဲ့သမျှရုပ်ရှင်တွေရဲ့ အမှတ်တရတွေနဲ့ ဇာတ်ကောင်တွေရဲ့ ဝတ်စုံတွေကိုလည်း ပြသသွားခဲ့ပါတယ်။ မလေးရှားကပြပွဲကိုတော့ ဇွန်လ ၂၈ ရက်နေ့ကနေ အောက်တိုဘာလ ၂၇ ရက်နေ့ထိ ကွာလာလမ်ပူမှာရှိတဲ့ Pavilion Elite ရဲ့ ၁၀ ထပ်မှာ ခင်းကျင်းပြသပေးသွားမှာဖြစ်တာကြောင့် Marvel fan တွေအတွက် သတင်းကောင်းလေး လက်တို့ပေးလိုက်ပါတယ်နော်။

READ
ချက်ကြိုး လည်ပင်းမှာပတ်ပြီး ရေဆင်းပေါက်ထဲ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးရဲ့ ကြမ္မာ

Penny

SHARE