ဝန်ကြီးဌာနကတောင်အတည်ပြုလိုက်တဲ့ သင်္ချိုင်းဖျက်တုန်းဝန်ထမ်းတွေသရဲပူးတဲ့ကိစ္စ

Oleg Zaslavsky/shutterstock

မလေးရှားက Tangerang တောင်ပိုင်းဒေသမှာSerpong-Cinere လမ်းမကြီးဆောက်ဖို့အတွက် လမ်းဖောက်ဖို့အတွက် စီမံကိန်းတစ်ခုတည်ဆောက်နေပါတယ်။ စီမံကိန်းအရ လမ်းမကြီးတည်ဆောက်ရာမှာ မလွတ်မလပ်ဖြစ်နေခဲ့တဲ့ Baitul Rahman သင်္ချိုင်းကိုဖယ်ရှားပစ်ဖို့အတွက် ဦးစွာဆောင်ရွက်ခဲ့ကြပါတယ်။

အထက်မှအမိန့်အတိုင်း အလုပ်သမားတွေနဲ့ သင်္ချိုင်းမှာအလုပ်စခဲ့ကြပါတယ်။ စစချင်း မြေတွေကို တူးသူကတူး၊ အုတ်ဂူတွေဖယ်သူကဖယ်နဲ့ စနစ်တကျလုပ်နေခဲ့တာ ဘာပြဿနာမှမရှိခဲ့သေးပါဘူး။ အဲဒီသုဿာန်မြေမှာရှိနေတဲ့ မြေပုံတွေနဲ့ အုတ်ဂူတွေကိုတော့ တခြားတစ်နေရာရွှေ့ပေးဖို့အတွက် စီစဉ်ထားခဲ့ကြတာပါ။ ဒါပေမဲ့လည်း အလုပ်ဆင်းရက်တစ်ရက်တောင်မပြီးသေးခင်အချိန်မှာပဲ ဇာတ်လမ်းကစလာခဲ့ပါတော့တယ်။

Oleg Zaslavsky/shutterstock

အလုပ်သမားတွေကို တစ်ယောက်ပြီးတစ်ယောက် ဝိဥာဉ်ဝင်ပူးခံခဲ့ရတာပါ။ သချိုံင်းအနီးမှာလည်း လူနေအိမ်တွေကရှိနေခဲ့အတဲ့အတွက် ဒီသတင်းဟာ တစ်ယောက်စကားတစ်ယောက်ကြားကာ ပျံ့နှံ့သွားခဲ့ပေမယ့်လို့ သတင်းအမှားတွေ၊ လုပ်သတင်းတွေဆိုတာကလည်း ရှိတတ်ကြလေပြန်တော့ တော်ရုံမယုံကြည်နိုင်သူတွေကတော့ မယုံဘဲရှိနေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း The Jakarta Post မှာ ဖော်ပြချက်အရတော့ စီမံကိန်းကို ပြုလုပ်ခဲ့တဲ့ အိုးအိမ်နဲ့လမ်းတံတားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Puji Laksono ကတော့ သချိင်္ိုင်းဖျက်ကာ ရွှေ့ပြောင်းမှုတွေပြုလုပ်ပေးနေတုန်း ဝိဥာဉ်ဝင်ပူးခံခဲ့ရတာတကယ်ပါလို့ အတည်ပြုခဲ့ပါတယ်တဲ့။

READ
အုတ်ဂူထဲရောက်ပြီးတစ်ရက်အကြာမှာ အထဲကအသံကြားလို့ပြန်တူးခဲ့ရတဲ့ဖြစ်ရပ်
pixelbleed/shutterstock

ဝင်ပူးခံရတဲ့အလုပ်သမားတွေဟာ သင်္ချိုင်းမြေပေါ်မှာ ပတ်ပြေးနေခဲ့ကြပြီး တော်တော်လေးကို ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရလို့ လူအများကိုးကွယ်တဲ့ ဘာသာရေးခေါင်းဆောင်တွေကို ချက်ချင်းခေါ်ယူကာ ပူဇော်ပွဲတွေဘာတွေလုပ်ပြီး မနည်းထုတ်ခဲ့ရပါတယ်တဲ့။ Serpong-Cinere လမ်းမကြီး တည်ဆောက်ဖို့အတွက် ဖျက်ခဲ့တဲ့သင်္ချိုင်းတွေဟာ ဒီ Baitul Rahman တစ်ခုတည်းမဟုတ်ပါဘူး။ Pamulang နဲ့ Bambu Apus ဆိုတဲ့ သချိင်္ိုင်းနှစ်ခုလည်း ပါဝင်နေပါသေးတယ်လို့လည်း The Jakarta Post မှာ ဖော်ပြထားခဲ့ပါတယ်။

Penny

SHARE