ဆန္ဒပြလူအုပ်ကြီးကြောင့် ခြံစည်းရိုးကျော်ပြေးခဲ့ရတဲ့ မလေးကအသက်အငယ်ဆုံးဝန်ကြီး

Facebook- Syed Saddiq Syed Abdul Rahmanm, Twitter- @mohdsufian, @teamsaddiq

ပါတီပွဲရဲ့ခြံစည်းရိုးပေါ်တက် ထွက်ပြေးခဲ့ရတဲ့ မလေးရှားရဲ့အသက်အငယ်ဆုံးဝန်ကြီးမလေးရှားနိုင်ငံ Johor ပြည်နယ် Ulu Tiram ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ဇန်န၀ါရီလ(၃၁)ရက်နေ့ညက နိုင်ငံရေးပါတီပွဲတစ်ခုကျင်းပနေစဉ်အတွင်း ဒါဇင်နဲ့ချီတဲ့လူငယ်တွေဟာ ပါတီပွဲထဲကိုအတင်းဝင်ရောက်ခဲ့ကြပြီး အော်ဟစ်ဆူပူမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒီလို ဆူပူမှုတွေပြုလုပ်နေစဉ်အတွင်း လူငယ်နဲ့အားကစားဝန်ကြီး Syed Saddiq Syed Abdul Rahman ကတော့ ဒီဖြစ်ရပ်ကနေလွတ်မြောက်ဖို့ ခြံစည်းရိုးပေါ်တက်ခဲ့ရပါတယ်လို့ Asia One မှာ ရေးသားဖော်ပြခဲ့ပါတယ်။

Fcaebook-Syed Saddiq Syed Abdul Rahman

ဒီပွဲထဲကိုဝင်ရောက်လာတဲ့ လူ(၂၀၀)ခန့်ရှိတဲ့ အမျိုးသားများဟာ လူဆိုးဂိုဏ်းအဖွဲ့တွေကဲ့သို့ပြုမူခဲ့ကြတယ်လို့ Syed Saddiq ကပြောပြခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါအမျိုးသားတွေဟာ Johor Crown Prince ကိုတောင်းပန်ဖို့တောင်းဆိုခဲ့ကြပြီ့း ကျိန်ဆဲစကားတွေလည်း အော်ဟစ်နေခဲ့ကြတယ်လို့ Syed Saddiq ကပြောပြခဲ့ပါတယ်။ ဒီလိုဘာကြောင့် လုပ်ရတာလည်းဆိုတာ သူလည်းမသိဘူးတဲ့လေ။

Fcaebook-Syed Saddiq Syed Abdul Rahman

အဲ့ဒီနေ့မှာပြုလုပ်တဲ့ပွဲမှာ သူ့ရဲ့ကိုယ်စားပြုပါတီအပြင် လူငယ်ပါတီမှ Armada နဲ့ အမျိုးသမီးပါတီမှ Srikandi တို့လည်းတက်ရောက်ခဲ့ကြပါတယ်။

ပွဲထဲကို ဖိတ်ကြားထားခြင်းမရှိတဲ့ အနက်ရောင်ဝတ်စုံတွေဝတ်ဆင်ထားတဲ့ လူအယောက်(၂၀၀) လောက်က လာရောက်နှောက်ယှက်ခဲ့ကြောင်း၊ သူတို့ရဲ့လုပ်ရပ်ဟာ အရမ်းကိုအန္တရာယ်ရှိပြီး အကြမ်းဖက်မယ့်ပုံစံရှိနေခဲ့ကြောင်း၊ ဒီဖြစ်ရပ်နဲ့ပတ်သက်တာကိုလည်း မှတ်တမ်းတင်ထားပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နိုင်ဖို့ ရဲလက်ထဲကို မှတ်တမ်းတင် ထားတဲ့ဗီဒီယိုကိုအပ်မှာဖြစ်ကြောင်း လူငယ်ပါတီမှ Armada ကပြောပါခဲ့တယ်။

သွေးဆူနေပြီး အစိုးမရတဲ့လူအုပ်ကြီးကြောင့် ခြံစည်းရိုးကိုကျော်တက်ကာ ထွက်ပြေးခဲ့ရတယ်လို့ အားကစားဝန်ကြီး မစ္စတာ Syed Saddiq ကပြောခဲ့ပါတယ်။ Johor ပြည်နယ်ရဲချုပ် Mohd Kamaruddin Md Din ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တရားဝင်ကြေငြာချက်တွေ ထုတ်ပြန်ပေးမှာပါတဲ့။ လူအများကလည်း ဒီအဖြစ်အပျက်ဟာ တော်တော်လေးကို အကြမ်းဖက်မှုဆန်နေတာကြောင့် သက်ဆိုင်ရာတွကိုအရေးယူပေးဖို့တောင်းဆိုခဲ့ကြပါတယ်။

Syed Saddiq ဟာ မလေးရှားနိုင်ငံရဲ့ လူငယ်နဲ့အားကစားဝန်ကြီးအဖြစ် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ကတည်းက တာဝန်ယူလာခဲ့တာဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာဖွားတစ်ယောက်ဖြစ်တဲ့အတွက် အသက်ကတော့ ၂၆ နှစ်သာသာသာ ရှိပါသေးတယ်။ ဒါကြောင့်လည်း လက်ရှိအချိန်အထိတော့ မလေးရှားရဲ့ အသက်အငယ်ဆုံးဝန်ကြီးအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

READ
ကမ္ဘာ့ဖလားဆုပေးပွဲ စင်မြင့်ပေါ်က ဆုတံဆိပ်သူခိုး
Fcaebook-Syed Saddiq Syed Abdul Rahman
Fcaebook-Syed Saddiq Syed Abdul Rahman
Fcaebook-Syed Saddiq Syed Abdul Rahman

Thae Su

SHARE