နေ့တိုင်း မိနစ်(၂၀) အချိန်ပေးရုံနဲ့ ကျစ်လစ်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ကြောင်း သက်သေပြခဲ့သူ

facebook/Deepan Kanagendran

အသက် (၃၃) နှစ်ရှိပြီဖြစ်တဲ့ ဒီပန်ကာနာဂျန်ဒရန်ဆိုသူ အမျိုးသားဟာ (၆) လအတွင်း ပေါင်(၁၆၀) ကျော် ၀ိတ်ချနိုင်ခဲ့တဲ့ သူ့ရဲ့အကြောင်း ဆိုရှယ်မီဒီယာပေါ် မျှဝေခဲ့တာကို worldofbuzz သတင်းစာမျက်နှာအရ သိရပါတယ်။ ဒီပန်ကာက သူဟာ ဒီ(၆) လတာမှာ ဘယ်လိုစိတ်ပိုင်းဖြတ်ပြီး ကြိုးစားခဲ့တယ်ဆိုတာကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

facebook/Deepan Kanagendran

ဒီပန်ကာက သူခုလို ကျစ်လစ်တဲ့ ခန္ဓာကိုယ်အချိုးအစား မြန်မြန်ဆန်ဆန်ရလာတာဟာ တစ်နေ့ကို အနည်းဆုံးမိနစ်(၂၀) လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်လို့ပါလို့ ဆိုပါတယ်။ “အရင်တုန်းက ကျွန်တော်လည်း သူများတွေလိုပဲ ဂျင်မ်သွားတာပေါ့ဗျာ။ ဒါပေမယ့် ပုံမှန်မသွားပါဘူး။ စိတ်ပါတဲ့အခါလည်းသွား၊ စိတ်မပါတော့လည်း မသွားဘူးပေါ့။ ဒီတော့ ဘယ်ဝိတ်ကျပါ့မလဲ…” လို့ ဒီပန်ကာက ဆိုရင်း သူဟာ ဆုံးသွားပြီဖြစ်တဲ့ သူ့ဖခင်ကို အတုလိုက်ခိုးဖို့ ကြိုးစားပုံကို ပြောပြပါတယ်။

READ
ဟန်ဆောင်ပြီး မနေပါနဲ့...သင်ဟာ သင်ကိုယ်တိုင်ပဲဖြစ်နေပါစေ။
facebook/Deepan Kanagendran

“နောက်တော့ ဘာလုပ်လုပ် ၀ိတ်က မကျတော့ အဖေ့ကို သွားပြေးမြင်မိတယ်။ အဖေက အားကစားသမားဗျ။ ဟော်ကီကစားတယ်၊ မာရသွန်ပြေးတယ်။ ဒါနဲ့ အဖေ့ကို အားကျပြီး ကျွန်တော်လည်း အားကစားကို ဖြစ်အောင် လုပ်ဦးမှလို့ တွေးမိတယ်။ ကျွန်တော် တစ်နေ့တော့ စဉ်းစားမိတယ်။ အိမ်မှာပဲနေပြီး လေ့ကျင့်ခန်းလုပ်မယ်ပေါ့။ တစ်နေ့ကို မိနစ်(၂၀) လောက် အချိန်ပေးမယ်၊ အလေးမမယ်၊ ဒိုက်ထိုးမယ်၊ ခုန်မယ်ပေါ့။ ဒါတွေချည်း ဆက်တိုက်လုပ်လိုက်တာ (၂) ပတ်လောက်ကြာတော့ နည်းနည်းလေး သိသာလာတယ်။”

ဒီနောက်မှာတော့ ဒီပန်ကာက တဖြည်းဖြည်းနဲ့ သူ့ကိုယ်သူ စိတ်ဓာတ်ခွန်အားတည်ဆောက်လာနိုင်ခဲ့ပါတယ်။ သူဟာ အိမ်မှာပဲ နေရင်း လေ့ကျင့်ခန်းတွေလုပ်ပါတယ်။ သူငယ်ချင်းတွေဆီက workout လုပ်နည်း အကြံဥာဏ်တွေကိုလည်း တောင်းခံပါတယ်။ Youtube ဗီဒီယိုတွေလည်း ကြည့်ကာ နည်းသစ်တွေကို လေ့လာပြီး ကိုယ်တိုင်အိမ်မှာ ပြန်လုပ်ပါတယ်။ အစားအသောက်နဲ့ပတ်သက်လို့တော့ သူက ထမင်းသိပ်မစားပဲ အသားနဲ့ အသီးအရွက်ကိုပဲ ပိုစားတယ်ကြောင်း ဆိုပါတယ်။

READ
ဇွဲမလျော့ပဲ ပန်းတိုင်ဆီရောက်အောင် လေးဘက်ထောက်သွားခဲ့တဲ့ မာရသွန်အမျိုးသမီး
facebook/Deepan Kanagendran

ဒီပန်ကာက သူ့ရဲ့ဝိတ်ချချင်တဲ့ ဆန္ဒဟာ နောက်ထပ်အကြောင်းရင်းတစ်ခုပေါ်မှာလည်း မူတည်သေးတယ်လို့ ဆိုပါတယ်။ “အဲဒီအချိန်တုန်းက ကျွန်တော် အင်္ကျီဝတ်ရင် သိပ်စိတ်ပျက်ရတာ။ ကျွန်တော်နဲ့ အဆင်ပြေမယ့် အင်္ကျီမျိုးကို ရှာရတာ စိတ်ပျက်လာတယ်။ အရင်တုန်းကတော့ XXL ၀တ်တာပေါ့။ အခုကျတော့ size S ဖြစ်သွားပြီလေ။ တကယ်တော့ ဘာမဆို မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အဓိက စိတ်ပိုင်းဖြတ်နိုင်ပြီး အလုပ်မှန်ဖို့လိုတယ်…” လို့လည်း ဒီပန်ကာက ပြောပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE