စိတ်တိုတိုနဲ့ ဘုကြည့်ကြည့်တဲ့ အကြည့်ကြောင့် အွန်လိုင်းမှာ ပေါ်ပြူလာဖြစ်နေတဲ့ ကောင်လေး

facebook/ Siakap Keli Press

မကြာသေးခင်တုန်းက ဖေ့စ်ဘုတ်ပေါ်မှာ Siakep Keli Press အမည်နဲ့ တင်ထားခဲ့တဲ့ ဗီဒီယိုတစ်ခုကို တွေ့လိုက်ရပါတယ်။  ဗီဒီယိုထဲမှာတော့ ကောင်လေးတစ်ယောက်ဟာ ကျောပိုးအိတ်လေးတစ်လုံးကိုလွယ်ကာ ခေါက်ထားတဲ့ ရွက်ဖျင်တဲလေးတစ်လုံးကို ချိုင်းနဲ့ညှပ်သယ်ပြီး လမ်းလျှောက်လာတာပါ။

ကောင်လေးဟာ အိမ်နဲ့စိတ်ဆိုးပြီး သူ့ဘာသာသူ အပြင်မှာနေမယ်ဆိုတဲ့သဘောနဲ့ တစ်ဦးတည်းထွက်လာပုံရပါတယ်။ ကောင်လေးရဲ့ ကျောပိုးအိတ်ထဲမှာ ဘာပစ္စည်းတွေ ပါသလဲဆိုတာ မသိရပေမယ့် သူဟာ ရွက်ဖျင်တဲညှပ်ထားတဲ့ လက်တစ်ဖက်မှာတော့ မုန့်ထုတ်လို့ထင်ရတဲ့ အထုတ်လေးတစ်ထုပ်ကို ကိုင်ထားခဲ့ပါသေးတယ်။

ကောင်လေးရဲ့နောက်မှာတော့ သူ့မိသားစုဝင်တစ်ယောက်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦးက ဆိုင်ကယ်မောင်းရင်း ခပ်ဖြည်းဖြည်းလိုက်လာပါတယ်။ ကောင်လေးကို ချော့တဲ့သဘောနဲ့ ဟေ့ ဘယ်သွားမလို့လဲ မေးနေပေမယ့် ကောင်လေးက မဖြေပါဘူး။ ခေါင်းကြီးငိုက်စိုက်ချပြီး ရှေ့ကိုပဲ ဆက်သွားနေပါတယ်။ အိမ်က လူက ဆိုင်ကယ်နဲ့ လိုက်ပြီး အိမ်ပြန်ဖို့ခေါ်နေတာကိုတောင် သူက မာနကြီးတစ်ခွဲသားနဲ့ ပေကပ်ကပ်လုပ်နေတာပါ။ သူ့ကို ဆူတုန်းကတော့ အသားကုန်ဆူခဲ့ကြပြီး အိမ်ကထွက်သွားတော့မှ အတင်းလိုက်ခေါ်နေတဲ့ အိမ်သားကို မကျေနပ်တဲ့သဘောနဲ့ ဘုကြည့်ကြည့်ခဲ့တဲ့ ကောင်လေးရဲ့ ဗီဒီယိုဖိုင်ကိုတော့ ချစ်စရာကောင်းစွာ အခုလို တွေ့ရမှာ ဖြစ်ပါတယ်။

Teringat lak min masa kecik2 dulu.. macam ni la merajukknya.. dulu siap bawak biskut meri simpan dlm beg.. hahahahaa 😂😂.Kredit: @fyqasyazana

Posted by Siakap Keli Press on Friday, 23 August 2019

လင်းလင်း (ShweMom)

SHARE