Social Media တစ်ခွင်နာမည်ကြီးနေတဲ့ ကော်ဖီဆိုင်ကဝန်ထမ်းမလေး

မလေးရှားသူကော်ဖီအရောင်းသမလေး Hazel Chen ဟာသူမရဲ့အလုပ်ခွင်ကပုံတွေကိုအတင်ခံရပြီးတဲ့နောက်ပိုင်း လူမှုကွန်ယက်တစ်ခွင်နာမည်ကြီးလို့သွားခဲ့ပါတယ်။
Hazel Chen ဟာ Sunny Cha အမည်ရှိကော်ဖီဆိုင်ရဲ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး၊ သူမရဲ့အလှကြောင့်ရင်သပ်ရှုမောဖြစ်ခဲ့ရတဲ့စားသုံးသူ Customer တစ်ယောက်ရဲ့သတိထားမိခြင်းကိုခံခဲ့ရပါတယ်။


ဒီ customer ဟာသူမရဲ့အလုပ်ခွင်ကပုံတွေကို Facebook မှာတင်လိုက်ပြီးနောက်ပိုင်း Online အသုံးပြုသူတွေဟာသူမရဲ့အမည် နဲ့ Instagram အကောင့်ကိုစတင်ရှာဖွေခဲ့ကြပါတယ်။ဒါကတော့ သူမရဲ့ Instagram အကောင့် Link ပါ။ www.instagram.com/_peanutbunny/
ံHazel ဟာ Instagram မှာ Follower ပေါင်း 3500 ကျော်ရှိပြီး၊ သူမရဲ့ပုံများဟာသူမဘယ်လောက်လှကြောင်းဖော်ပြလို့နေပါတယ်။
သူမရဲ့ Instagram ကပုံတွေရဲ့ Comments တိုင်းဟာသူမအလှကိုချီးကျုးတဲ့အကြောင်းတွေသာဖြစ်ပြီး၊ သူမကလည်းသူမပရိတ်သတ်တွေကို ပြန်စာတွေရေးသားခဲ့ပါတယ်။
သူမဟာ English စကားပြောလည်းကျွမ်းကျင်တာကြောင့် English လိုပြောတဲ့ပရိတ်သတ်တွေနဲ့လည်း အလွယ်တကူခင်မင်နိုင်ပါသတဲ့။
အံ့သြစရာကောင်းတာက သူမဟာ ကိုးရီးယားယဉ်ကျေးမှုတွေကိုနှစ်သက်ပါသတဲ့။ သူမဟာ မလေးရှားကိုကိုးရီးယား Product တွေလာရောက်မိတ်ဆက်စဉ်က G-Fair Korea မှာ Model တစ်ယောက်ဖြစ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။
Hazel ဟာသူမရဲ့ Customer တိုင်းကိုအပြုံးချိုချိုလေးတွေနဲ့အမြဲနှုတ်ဆက်လေ့ရှိသူပါ။ သူမအပြုံးဘယ်လောက်ချိုလဲဆိုတာသူမပုံတွေကြည့်ရုံနဲ့သိနိုင်ပါတယ်။

Grinny (Shwemom)
Source: Koreaboo

SHARE