PUBG ပစ်ရင်း တစ်လကို ဒေါ်လာ(၄၄၀၀)လောက် ရှာနိုင်နေတဲ့ကလေးအမေ

Wolipop

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ ကလေးနှစ်ယောက်မိခင် Embran ဟာ အိမ်ထောင်ကျလို့ ကလေးနှစ်ယောက် ရပြီးတဲ့အထိ ဘာအလုပ်လုပ်ရမှန်းမသိပဲ ယောင်္ကျားဖြစ်သူရဲ့ ၀င်ငွေကိုသာ မှီခိုနေခဲ့သူပါ။ ဒါပေမယ့် တစ်နေ့မှာတော့ သူမဟာ အွန်လိုင်းကနေ တိုက်ရိုက် ဂိမ်းကစားပြရင်း ပိုက်ဆံရှာတဲ့အလုပ်ကို စပြီးလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူမဟာ လက်ရှိမှာ နာမည်ကျော် ဂိမ်းတစ်ခုဖြစ်တဲ့ PUBG ဂိမ်းကို Facebook ပေါ်ကနေ Livestream လွှင့်ကာ ကစားခဲ့တာဖြစ်ပြီး သူမ စပြီး ကစားတဲ့အချိန်မှာ သူမရဲ့ ဂိမ်းကိုကြည့်သူက (၅)ဦးသာ ရှိခဲ့တာပါ။

Wolipop

“အစပိုင်းမှာတော့ ကျွန်မ ဒီအလုပ်ကို ရွေးမိတာ အဆင်မှ ပြေပါ့မလားလို့ ထင်မိခဲ့တယ်။ ဘာ အရှုံးမှ မရှိဘူးဆိုပေမယ့် အဲဒီအတွက် ကျွန်မ အချိန်ပေးရတယ်၊ လိုအပ်တာတွေဝယ်ဖို့အတွက် ပိုက်ဆံစိုက်ထုတ်ခဲ့ရတယ်လေ” လို့ Embran က ဆိုပါတယ်။

READ
တိုက်ရိုက်ထုတ်လွှင့်စဉ် စကပ်လှန်ပြသလိုဖြစ်သွားတဲ့ အမျိုးသမီး

အခုအချိန်မှာတော့ PUBG ကစားသူတွေ ပိုပြီး များပြားလာတာနဲ့အမျှ Embran တစ်ယောက်လည်း ပရိသတ်တွေအများကြီး ရလာခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ သူမရဲ့ တစ်လ၀င်ငွေက ဒေါ်လာ (၄၄၀၀)လောက် ရှိလာခဲ့ပြီး ယောင်္ကျားဖြစ်သူရဲ့ ၀င်ငွေကိုလည်း မှီခိုနေဖို့ မလိုတော့ပါဘူး။

Wolipop

“ကျွန်မအနေနဲ့ ဂိမ်းတွေ စပြီး ကစားတော့ ကြည့်ရှုသူတွေဆီက ဆဲရေးတိုင်းထွာမှုတွေ၊ မုန်းတီးတဲ့မှတ်ချက်တွေ မကြာခဏ ရနေခဲ့တာပါ။ ဒါပေမယ့် မီးဖိုချောင်ထဲမှာ တကုတ်ကုတ်လုပ်နေရတာထက် စာရင်တော့ ဂိမ်းကစားနေတာက ကျွန်မကို ထွက်ပေါက်ရစေခဲ့ပါတယ်။ ကျွန်မ မျှော်လင့်တာကတော့ ဒီအလုပ်နဲ့ မိသားစုကို ပြန်ပြီး အထောက်အပံ့ပေးနိုင်ဖို့ပါပဲ။ အခုတော့ အားလုံးဖြစ်လာခဲ့ပါပြီ” လို့ Embran က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ Embran ဟာ မလေးရှားနိုင်ငံရဲ့ လူသိများတဲ့ Streamer တွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်လာခဲ့ပြီး သူမဖြစ်ချင်တဲ့ မိသားစုဘ၀လေးကိုလည်း ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။

READ
Nightout ထွက်ပြီးအပြန်မှာ သေလောက်အောင်ရိုက်ခံခဲ့ရတဲ့ အမျိုးသမီး

Linn

 

SHARE