ကားတွေကိုချစ်လို့ ကားနံပါတ်တွေကို ထီးထိုးတာ ကံထူးသွားတဲ့ အမျိုးသားကြီး

မလေးရှားနိုင်ငံ Petaling Jaya မြို့က ကုန်မာ ပစ္စည်း စတိုးဆိုင်ပိုင်ရှင်ဟာ သူရဲ့ ကားတွေအပေါ် ရှိမြဲအတိုင်းရှိနေတဲ့ မြတ်နိုးတဲ့စိတ်ကြောင့် မလေးရှားငွေ (၁၄) သန်း အမေရိကန် ဒေါ်လာ (၄.၈) သန်း ပိုင်ဆိုင်ရတဲ့ အထိ ကံထူးခဲ့ရပါတယ်။

straight times

မတ်လ (၂၇) ရက်နေတုန်းက အသက် (၆၀) အရွယ်အမျိုးသားဟာ သူ ကား နှစ်စီးရဲ့ နံပါတ်တွေဖြစ်တဲ့ ၈၇၅၀ နဲ့ ၃၂၅၀ တို့ကို Toto 4D Jackpot 1 လို့ခေါ်တဲ့ လေးလုံးထီမှာ ကံစမ်းခဲ့ပါတယ်။

ကားတွေကိုချစ်တယ်… အဲ့ဒီချစ်တဲ့ စိတ်က နံပါတ်တွေ ၀ယ်ယူရမှာလည်း တိုက်တွန်းနေခဲ့တယ်လို့ ပြောပြပါတယ်။

ကားနံပါတ်တွေက ထူးထူးခြားခြား မဟုတ်တော့မဟုတ်ပေမယ့် ချစ်မြတ်နိုးတဲ့ စိတ်နဲ့ အဲ့ဒီနံပါတ်တွေကိုပဲ ရွေးချယ် ထိုးလာခဲ့တာ (၅) နှစ်တိုင်တိုင်ရှိပြီးဖြစ်ပြီး အရှုံးမရှိခဲ့ဘူးလို့ Sport Toto Malaysia ကို ပြောပြခဲ့ပါတယ်။

READ
လမ်းဘေးမှာ ဈေးရောင်းရပေမယ့် သမီးကို ဘွဲ့ရအောင် ကျောင်းထားခဲ့တဲ့မိဘများ

သူရဲ့ ကားနံပါတ်တွေ Toto 4D အထူးနံပါတ်တွေထဲမှာ ပေါ်လာတာကို စစချင်းတွေ့တာက သူရဲ့ သားဖြစ်ကြောင်း သိရပါတယ်။ သားက သူ့ကိုခေါ်ပြီး နောက်ဆုံးထွက်လာမယ့် ရလဒ်ကို ကြည့်ဖို့ အတူခေါ်ပါတယ်။ ကားနံပါတ်နှစ်ခုဟာ ဒုတိယဆုနဲ့ တတိယဆုနေရာကို တက်လာချိန်မှာတော့ နှစ်ယောက်သာ ကြက်သေသေနေခဲ့တယ်လို့ ပြောပြပါတယ်။

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဆွံအနေခဲ့တယ်၊ ပေါက်သွားတယ်ဆိုတာကို လက်ခံဖို့လည်း မယုံကြည်နိုင်အောင် ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

သူက ဆုငွေစုစုပေါင်း ရင်းဂစ် (၁၄,၈၉၆,၂၃၄.၁၀) သန်းမှာ (၁၄,၅၆၈,၈၄၄.၃၀) သန်းကို ကံထူးခဲ့ပြီး အပိုဆု ရင်းဂစ်ငွေ (၃၃၆) လည်းရရှိခဲ့တာဖြစ်ပါတယ်။  ကျန်ငွေ ရင်ဂစ် (၃၂၇,၃၈၉.၈၀) Sabah မြို့က လူတစ်ဦးက ကံထူးသွားခဲ့တယ်လို့ သိရတယ်။

READ
ဗြိတိန်နိုင်ငံတွင်းမှာ လှည့်ပတ်ပြီး အကူအညီပေးနေတဲ့ သုတ်အလှူရှင်ဆရာသမား

Ref: Straight Times

Matthew (ShweMOM)
SHARE