အီတလီသားတွေ သိပ်ကြိုက်ကြတဲ့ တူရင်ကလမ်းဘေးမလေးရှားဆာတေးဆိုင်လေး

Facebook- Sate & Shake

ဆာတေးဆိုတာဟာ တကယ်တော့ မလေးရှားကတီထွင်လိုက်တဲ့ရိုးရာအစားအစာတစ်မျိုးဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ အသားကင်ပေါ့။ ပုံမှန်အသားကင်တွေနဲ့မတူတာက ဆာတေးဟာ ဝါးတုတ်မှာ အသားစဉ်းကောတွေကို သွားပုံကာ တုတ်ထိုးပုံစံလုပ်ထားကာ မီးသွေးနဲ့ကျွမ်းကျွမ်းလေးဖြစ်အောင် ကင်ပေးရတာပါ။ အသားထဲပါနေတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကြောင့်မလို့ အာရှသားတွေရဲ့အကြိုက်ပဲပေါ့။

Facebook- Sate & Shake
Facebook- Sate & Shake

ဒါကြောင့်လည်း Justin Yip တစ်ယောက် အီတလီကိုရောက်လည်းရောက်လာရော အီတလီမှာတော်ရုံရှာမရတဲ့ ဆာတေးဆိုင်လေးကို ဖွင့်ဖို့အကြံရခဲ့ပါတော့တယ်။ သူ့ဆိုင်လေးဟာ ဈေးလည်းသက်သာရမယ်၊ မလေးရှားမှာလို လမ်းဘေးဆိုင်ခံစားမှုမျိုးပေးနိုင်ရမယ်ဆိုပြီး သူ့ရဲ့ဆာတေးဆိုင်လေးကို food truck အနေနဲ့ပဲ အကောင်အထည်ဖော်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အီတလီရောက် အာရှသားတွေဖို့ အိမ်ဆိုတဲ့ခံစားမှုမျိုးပေးချင်လို့ဆိုပြီး ဖွင့်ခဲ့ပေမယ့်လို့ တကယ်တမ်းရောင်းလာရတဲ့အချိန်မှာတော့ Justin Yip ရဲ့စိတ်ကူးနဲ့တပ်တပ်ဆင်အောင်လွဲသွားခဲ့ပါတယ်တဲ့။

Facebook- Sate & Shake
Facebook- Sate & Shake

အကြောင်းကတော့ သူ့ရဲ့ဖောက်သည် ၉၀% လောက်က အီတလီနိုင်ငံသားတွေဖြစ်နေလို့ပါပဲ။

Facebook- Sate & Shake
Facebook- Sate & Shake
Facebook- Sate & Shake

Yip ဟာ လွန်ခဲ့တဲ့ ၉ နှစ်လောက်တုန်းက အီလီလီကိုရောက်လာခဲ့ပါတယ်။ Gastronomic တက္ကသိုလ်မှဘွဲ့ရခဲ့ပြီးနောက် အလုပ်ရှာမရတာနဲ့ ကိုယ်ပိုင်စီးပွားရေးလေးစမယ်ဆိုပြီး ကြံစည်ခဲ့တာပါ။ ကျောင်းတက်တုန်းကလည်း အာရှသားကျောင်းသားတွေ အများကြီးတွေ့ခဲ့ရတဲ့အတွက်ကြောင့် သူတက်ခဲ့တဲ့ကျောင်းနားမှာပဲ သူတို့တွေအတွက်ရည်ရွယ်ကာ ဆာတေးဆိုင်လေးကို ၂၀၁၇ ခုနှစ်မှာ စဖွင့်ခဲ့တာပါ။ ဒါပေမဲ့လို့ အီတလီရဲ့ food truck စည်းမျဉ်းအရ တစ်နာရီခြားတစ်ခါ နေရာပြောင်းရမှာဖြစ်တဲ့အတွက်ကြောင့် အခက်အခဲတွေ့ခဲ့တဲ့အပြင်ကိုမှ ကျောင်းကနေ မီတာ ၂၀၀ အတွင်းနဲ့ ဘုရားကျောင်းတွေကနေ မီတာ ၁၀၀ အတွင်းမှာလည်း ရောင်းလို့မရဘူးပါဘူး။ စစချင်း Yip အနေနဲ့အရမ်းစိတ်ညစ်ခဲ့ရပါတယ်တဲ့။

When friends come for lunch and clean out your truck for the weekend ❤️ #satay #torino

Posted by Sate & Sake on Friday, October 11, 2019

ဒါပေမဲ့ ရဲတွေလွှတ်ပေးပြီး တရားဝင်အထိုင်ချပြီး ရောင်းချလို့ရတဲ့နေရာလေးတစ်နေရာကို တံတားအောက်မှာ သွားတွေ့ခဲ့လို့ ကံကောင်းစွာနဲ့သူ့ရဲ့ဆာတေးဆိုင်လေးဟာ အခုလို ၂ နှစ်ကျော်အထိ ရောင်းအားတွေတက်လာခဲ့ရတာပါ။ Yip ရဲ့ Sate & Sake ဆိုင်လေးကို အီတလီ၊ တူရင်ရောက်ခဲ့လို့ အားပေးချင်တယ်ဆိုရင်တော့ သူရဲ့ Facebook page မှာ location သွားကြည့်နိုင်ပါတယ်နော်။

READ
ကျန်းမာရေးနဲ့ညီညွတ်ဖို့ တွဲစားသုံးပေးသင့်သော အစားအစာများ

Penny

SHARE