သင် တစ်ခါမှကြားဖူးမှာမဟုတ်တဲ့ အင်ဂျင်နီယာအလုပ်တွေ

@cukey28/Twitter

ကျွန်တော်တို့ရဲ့ဘဝတွေမှာ ရထားတဲ့ဘွဲ့နဲ့ လုပ်နေရတဲ့အလုပ်အမျိုးအစား မကိုက်ညီတာမျိုးတွေဖြစ်တတ်ကြပါတယ်။ ယာယီဖြစ်ဖြစ်၊ ရေရှည်ဖြစ်ဖြစ်ပေါ့။ တစ်ခါတစ်လေကျရင် ငါဒီအလုပ်လုပ်မယ်မှန်းသိခဲ့ရင် တက္ကသိုလ်မှာ ဒီပညာရပ်နဲ့သက်ဆိုင်တာကိုပဲ အချိန်ပေးပြီးသင်မှာပေါ့တို့၊ ငါရထားတဲ့ဘွဲ့က မြင့်ပြီး လုပ်ရတဲ့အလုက်က နုံချာလိုက်တာဆိုပြီး စိတ်ဓာတ်ကျတဲ့အခါမျိုးတွေလည်း ရှိကောင်းရှိကြမှာပါ။ ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ မြန်မာမှာလည်း သင့်နည်းတူဘွဲ့နဲ့အလုပ်လွဲနေသူများရှိနေပြီး တစ်ကမ္ဘာလုံးမှာလည်း ရှိနေကြပါသေးတယ်။

မလေးရှားနိုင်ငံမှာလည်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းတွေဟာ နှစ်နဲ့ချီရင်ဆိုင်နေရတာကြာပါပြီ။ ဒီရိုက်ခတ်မှုကြောင့် အဆင့်မြင့်နည်းပညာတက္ကသိုလ်တွေကနေ ဘွဲ့ရထားခဲ့ကြတဲ့လူငယ်တချို့ဟာ သူတို့ရထားတဲ့ဘွဲ့အတိုင်းမဟုတ်ဘဲ အခြေခံကျတဲ့လုပ်ငန်းတွေကိုတောင် လုပ်ကိုင်နေကြရပါတယ်။ အရောင်းဝန်ထမ်းတို့၊ လုံခြုံရေးတို့အထိပေါ့။ ဒီလိုဖြစ်နေတဲ့သူတို့ဘဝတွေကို စိတ်ဓာတ်ကျအားငယ်နေမယ့်အစား ပိုစ့်လေးတစ်ခုကစပြီး အချင်းချင်းဝိုင်းအားပေးကာ သူတို့လုပ်နေရတဲ့အလုပ်တွေကိုလည်း ပရော်ဖက်ဆာဆိုတဲ့စကားလုံးအစားထိုးကာ ဟာသအနေနဲ့လည်း ထွင်ခဲ့ပါသေးတယ်။ မျက်စိရှုပ်သွားပြီလား။ ရှင်းပြမယ်နော်။

Eskopi ဆိုတဲ့ Twitter user တစ်ယောက်ဟာ လေယာဉ်အင်ဂျင်နီယာကောလိတ်ကို ၅ နှစ်ကြာတက်ခဲ့ပြီး သူများတန်းတူထူးချွန်စွာအောင်မြင်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အလုပ်မရတာကြောင့် အခုအချိန်မှာတော့ အစားအသောက်လိုက်ပို့တဲ့ food delivery အဖြစ် လုပ်ကိုင်နေရပါတယ်။ ဒါကို သူ့ကိုယ်သူပြန်အားတင်းတဲ့အနေနဲ့ food delivery လို့မခေါ်ဘဲ Food Distribution Engineer လို့ခေါ်နိုင်ကြောင်း၊ ဘာပဲဖြစ်ဖြစ် အင်ဂျင်နီယာအခေါ်ခံဖို့ ၅ နှစ်တောင်ကျောင်းတက်ခဲ့ရတာပဲလေ။

သူ့ရဲ့ Twitter post အောက်မှာတော့ သူတစ်ယောက်တည်းမဟုတ်ပါဘူးဆိုကာ အားပေးထားကြတဲ့သူတွေရှိနေပါတယ်။ Maghrib Juice ဆိုတဲ့ တစ်ယောက်ကလည်း Eskopi လိုပဲ Fluid Distributor Engineer ပါတဲ့။ အအေးရောင်းနေတာ ၂ နှစ်ရှိနေပြီဆိုပဲ။

READ
မိဘတွေအလစ်မှာ တစ်အိမ်လုံး ပေကျန်နေအောင် သောင်းကျန်းထားတဲ့ ငကဲလေးများ
@ustakmalhakiem/Twitter

Tengku Mohd Zairul ဆိုတဲ့သူကတော့ Geomatic Science ကို ဒစ်ပလိုပါရထားကာ Quantity Surveying မှာလည်း ဘွဲ့ယူထားခဲ့ပေမယ့်လို့ အခုအချိန်မှာတော့ Sr. SA ဖြစ်လို့နေပါပြီတဲ့။ Sr. SA ဆိုလို့ ဘာရာထူးလဲမထင်နဲ့ Senior Sales Adviser အရောင်းဝန်ထမ်းပါတဲ့ဗျာ။

@jay_jay7447/Twitter

လျှပ်စစ်နည်းပညာဘွဲ့ကိုစရှိခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ AEON Mall မှာ လုံခြုံရေးလုပ်နေသူ Harith လည်းရှိပြီး.. သူနဲ့နည်းတူ TESL မှ ဘွဲ့ရကာ လုံခြုံရေးလုပ်နေသူတစ်ဦးကလည်း အောင်မြင်နေတဲ့ Western digital guard ပါလို့ ခေါင်းစဉ်တပ်ခဲ့ပြန်ပါသေးတယ်။

@HarriqTuah, @SyahmieShahar/Twitter

စက်မှုအင်ဂျင်နီယာဘွဲ့ရခဲ့တဲ့ Farhan Fuad ကလည်း အခုအချိန်မှာတော့ Pandora လက်ဝတ်ရတနာပစ္စည်းဆိုင်မှာ အရောင်းဝန်ထမ်းလုပ်နေခဲ့ရပြီး သူကတော့ သူ့ကိုယ်သူ Jewelry Sales Engineer ပါတဲ့။

READ
နေ့စဉ်သုံးပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ ဆန်းဆန်းပြားပြား ကမ္ဘာငယ်လေးများ
@Farhanfuad/Twitter

ကဲ သင်တို့ရော.. လက်ရှိလုပ်နေတဲ့အလုပ်ကို ဘယ်လိုခေါင်းစဉ်တပ်ကြမယ်လို့ စိတ်ကူးရကြသလဲ။

Penny

SHARE