အသုဘမှာ မီးရှို့တဲ့ပိုက်ဆံတွေကို ငွေလဲကောင်တာမှာလာလဲခဲ့တဲ့ ထူးဆန်းတဲ့ဖြစ်ရပ်

ဒီဖြစ်ရပ်ဟာ မလေးရှားနိုင်ငံမှ ငွေလဲစင်တာတစ်ခုမှာ ၂၀၁၉ မတ်လ ၂၆ ရက်နေ့တုန်းက ဖြစ်ခဲ့တာဖြစ်ပါတယ်။ အသုဘချတဲ့အခါ မီးရှို့ဖို့ သတ်မှတ်ထားခဲ့တဲ့ ငွေစက္ကူတစ်ရွက်ကို အတည်ပေါက်ကြီးလာလဲခဲ့တဲ့အတွက် ဆိုင်ရှင်ရောဝန်ထမ်းပါ သရဲခြောက်နေတာလားလို့ ထင်မိကာ ထိတ်လန့်ခဲ့ရပါတယ်။

အချိန်ကတော့ နေ့လည်ပိုင်း ၁၂ နာရီခွဲလောက်ရှိနေပါပြီ။ အမျိုးသမီးတစ်ယောက်ဟာ ငွေလဲကောင်တာဆီကိုလာပြီး မလေးရှားပိုက်ဆံနဲ့လဲချင်လို့လို့ဆိုကာ စက္ကူတစ်ရွက်ကို လာထိုးပေးခဲ့ပါတယ်။ ကောင်တာထိုင်နေတဲ့ ဝန်ထမ်းဟာ အဲဒီအမျိုးသမီးပေးတဲ့ ငွေစက္ကူကို လုံးဝမမြင်ဖူးပေမယ့် စက္ကူမှာ သိန်း ၅၀ လို့ရေးထားခဲ့တဲ့အတွက် ဘဏ်ချက်လက်မှတ်များလားလို့ ထင်မိခဲ့ပါတယ်။

World of Buzz

ဝန်ထမ်းဟာ ဘယ်နိုင်ငံကလာတဲ့ ပိုက်ဆံမှန်းသေသေချာချာမသိတဲ့အတွက် ငွေလာလဲတဲ့အမျိုးသမီးကိုစောင့်ခိုင်းကာ ဆိုင်ရှင်ဆီကို သွားပြခဲ့ပါတယ်။ ဆိုင်ရှင်ကိုယ်တိုင်လဲ ဇဝေဇဝါဖြစ်ကာ ငွေစက္ကူကို ကြည့်ရင်းနဲ့မှ တမလွန်အတွက် အသုံးပြုတဲ့ပိုက်ဆံဆိုတာ နောက်ကျောဘက်မှာပါတဲ့ ငရဲမင်းအရုပ်ကိုတွေ့ပြီး သိသွားခဲ့တာပါ။

အစကသရဲအခြောက်ခံပြီထင်ကာ ဝန်ထမ်းလေးကို ဒီပိုက်ဆံလဲပေးဖို့အတွက် ဆိုင်မှာငွေမလောက်တော့ဘူးလို့ ပြောခိုင်းခဲ့ပါတယ်။ နောက်မှ ဝိဥာဉ်လား လူလားဆိုတာကို CCTV ပြန်ကြည့်ခဲ့တာပါ။ အသက်လတ်ပိုင်းအရွယ် တကယ့်လူသားစင်စစ်အမျိုးသမီးတစ်ယောက်ဖြစ်နေတော့မှ စိတ်အေးလက်အေးဖြစ်ခဲ့ကြတာပါ။

READ
မွေးရပ်မြေကို ပျံသန်းရတဲ့ ခရီးစဉ်မှာ ပရိသတ်တွေကို သီချင်းဆိုဖျော်ဖြေခဲ့တဲ့ လေယာဉ်မှုး
World of Buzz

တကယ်တော့ တမလွန်ကပိုက်ဆံဆိုတာဟာ တရုတ်ရိုးရာအရ သေလွန်သူတွေအတွက် နောင်ဘဝမှာ ပေါကြွယ်ဝစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ မီးရှို့ကြရတဲ့ ရိုးရာငွေစက္ကူအတုလေးတွေပဲဖြစ်ပါတယ်။ အဲဒီလိုငွေစက္ကူကို တကယ်ပဲတခြားနိုင်ငံကငွေလို့ထင်ပြီးလာလဲတာလား၊ ဒါမှမဟုတ် တမင်ပဲအကြောင်ရိုက်ပြီး လာလဲတာလားဆိုတာတော့မသိခဲ့ပါဘူး။

Source: World of Buzz

Penny

 

SHARE