တရုတ်ခရီးသည်တွေကို နိုင်ငံတွင်း ၀င်ခွင့်ပိတ်ပင်ဖို့ တောင်းဆိုနေတဲ့ မလေးရှားနိုင်ငံသားများ

pexels/Skitterphoto, twitter

မကြာသေးခင်က တရုတ်နိုင်ငံ ၀ူဟန်မြို့ကနေ စတင်ခဲ့တဲ့ ၀ူဟန်ဗိုင်းရပ်စ်ဟာ မလေးရှားနိုင်ငံသားတွေကြားမှာ တော်တော်ဂယက်ရိုက်နေကြောင်း သိရပါတယ်။ ဇန်န၀ါရီလ (၂၉) ရက်နေ့က သိရှိချက်များအရ မလေးရှားနိုင်ငံတွင်း ၀ူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ (၇) ဦးထိ ရှိနေပြီဖြစ်ပြီး ကူးစက်ခံရသူအားလုံးဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ asiaone သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့မီဒီယာတွေကလည်း အလေးတယူနဲ့ ရေးသားနေကြတာကို တွေ့ရမှာပါ။ မလေးရှားနိုင်ငံကတော့ ၀ူဟန်မြို့နဲ့ ဟူးပေးပြည်နယ် ၀န်းကျင်ကလာတဲ့ မည်သူမဆို မလေးရှားနိုင်ငံထဲ ၀င်ခွင့်မပြုတော့ကြောင်း ဇန်န၀ါရီလ (၂၇) ရက်နေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။

Screengrab/change.org

ဒါ့အပြင် “Banned People’s Republic of China citizen from entering Malaysia” ဆိုတဲ့ အသနားခံစာကို အဆိုပါ ညနေခင်းမှာပဲ မလေးပြည်သူတွေက အစိုးရဆီ တင်ခဲ့တာပါ။ အစိုးရအနေနဲ့ မလေးရှားပြည်သူတွေရဲ့ ကျန်းမာရေးအတွက် တရုတ်နိုင်ငံကလာတဲ့သူတွေကို လုံးဝအ၀င်မခံဖို့ အသနားခံစာတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အသနားခံစာကို လူပေါင်း (၄) သိန်းလောက်က လက်မှတ်ရေးထိုးပြီး ဆန္ဒတင်သွင်းခဲ့ကြတာပါ။

READ
ထူးဆန်းတဲ့အရာကိုချဉ်ချင်းတက်ခဲ့လို့ နာမည်ကြီးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး

စာထဲမှာတော့ ပြည်သူတွေဟာ သူတို့ကိုယ်သူတို့ကာကွယ်ဖို့၊ နိုင်ငံကိုကာကွယ်ဖို့ နိုင်ငံအ၀င်အထွက်ကို ကြပ်ကြပ်မတ်မတ်လုပ်သင့်ကြောင်း ဆိုခဲ့တဲ့အပြင် အစိုးရကိုလည်း ပြည်သူတွေကို ဂရုစိုက်မှုကင်းမဲ့တယ်လို့ အပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဘဏ္ဍာရေး ကျွမ်းကျင်သူလို့ မိမိကိုယ်ကို သမုတ်ထားတဲ့ Kauthar Rozmal ကတော့ တွစ်တာပေါ်မှာ ပို့စ်တစ်ခု တင်ခဲ့ပါသေးတယ်။ အဲ့ဒီပို့စ်မှာတော့ ဖိလစ်ပိုင်နိုင်ငံဟာ ၀ူဟန်ကလာတဲ့ နိုင်ငံခြားသားဦးရေ (၅၀၀) ကို တရုတ်နိုင်ငံဆီ ပြန်ပို့ခဲ့ပေမယ့် မလေးအစိုးရကတော့ ဘာမှမလုပ်ဘူးဆိုတဲ့အကြောင်း ဖော်ပြထားခဲ့တာပါ။ အခုဆိုရင် အဲ့ဒီပို့စ်က မရှိတော့ပေမယ့်လည်း ပို့စ်ကိုမဖြုတ်ချခင်မှာ လူ(၃) ထောင်လောက်က ရှဲခဲ့ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE