မကြာခင်အချိန်အတွင်း ပြန်လည်ဖွင့်လှစ်တော့မယ့် Maldives ကမ်းခြေ

[email protected]

Maldives ကမ်းခြေကတော့ လူတော်တော်များများ သွားချင်နေကြတဲ့ စိတ်ကူးထဲက ကမ်းခြေလေးတစ်ခုပါပဲ။ တစ်ခြားကမ်းခြေတွေနဲ့ Maldives ကမ်းခြေက ဘာကွာလဲလို့ မေးလာရင်တော့ ကွာခြားချက်တွေက အများကြီးပါပဲ။ ဒီလိုကွာခြားချက်တွေအများကြီးထဲကမှ Maldives ကမ်းခြေရဲ့ အထင်ရှားဆုံးနှစ်ချက်ကတော့ တော်တော်ကြည်လင်တောက်ပနေတဲ့ ပင်လယ်ရေနဲ့ ပင်လယ်ကမ်းစပ်တွေထဲမှာ တည်ဆောက်ထားတဲ့ ဟိုတယ်ပုံစံ အဆန်းလေးတွေကြောင့်ပါပဲ။

ဒီလိုအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ်းခြေဟာ COVID 19 ကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ခရီးသွားလာတဲ့လူတွေ မရှိတော့တာကြောင့် ပိတ်ထားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ မတ်လလောက်ကစပြီး Maldives နိုင်ငံနယ်စပ်ဂိတ်တွေကို ပိတ်ပစ်လိုက်တာကြောင့် ခရီးသွားလာတဲ့လူတွေ လုံးဝမရှိတော့ပဲ Maldives ကမ်းခြေက ဟိုတယ်တွေအားလုံးကို ပိတ်ပစ်လိုက်ရပါတယ်။ ဒါပေမယ့် အခုလာမယ့် ၂၀၂၀ ဇူလိုင်လကစပြီး နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တာကြောင့် Maldives ကမ်းခြေကို ပြန်ဖွင်တော့မယ်လို့ Maldives နိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ကြောင့် CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Maldives ကမ်းခြေကိုလာမယ်ဆိုရင်တော့ ကိုယ်ပိုင်လေယာဉ် ဒါမှမဟုတ် ကိုယ်ပိုင်ရွက်လှေရှိတဲ့လူတွေဟာ အချိန်မရွေးလာရောက်တည်းခိုနိုင်ပြီး သာမန်ခရီးသွားပြည်သူတွေကတော့ ရက်သတ္တပတ်ကြိုတင်အကြောင်းကြားရမှာဖြစ်ကြောင်း သိရပါတယ်။ ဒီလိုအကြောင်းကြားခိုင်းတယ်ဆိုတာကတော့ Maldives ကမ်းခြေနဲ့ အနီးဆုံးလေဆိပ်က ပြန်ဖွင့်ဖို့ ကိစ္စကို ညှိနှိုင်းနေဆဲကာလဖြစ်တာကြောင့် အခုလို လေယာဉ်နဲ့လာမယ့် ခရီးသွားပြည်သူတွေကို ရက်သတ္တပတ်အနည်းငယ် ကြိုတင်အကြောင်းကြားဖို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“အခုလာမယ့် ၂၀၂၀ ဇူလိုင်လောက်မှာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးဖို့ ပြောထားတာ အဆင်ပြေသွားပါပြီ။ လေဆိပ်တွေ ပြန်ဖွင့်ဖို့ ကိစ္စကတော့ အခုထိညှိနှိုင်းနေဆဲပါ။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးသွားမှာပါ။ COVID 19 ကာလဖြစ်တာကြောင့် အရင်လိုပုံမှန်ပြန်ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ပြီးတော့ ဒီကာလဟာ ၂၀၀၄ ခုနှစ်က ဆူနာမီဒဏ်နဲ့ ၂၀၀၈ ခုနှစ်က စီးပွားရေးကပ်ဆိုက်တာထက် ပိုဆိုးနေတဲ့ အခြေအနေပါ။ Maldives ကမ်းခြေဖွင့်ခဲ့တဲ့ ၄၇ နှစ်လုံးလုံးမှာ ၂၀၂၀ မတ်လက စံချိန်တင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Maldives ကမ်းခြေကို လာရောက်လည်ပတ်တဲ့လူ သုညပဲရှိလို့ပါ” လို့ Maldives ရဲ့ နိုင်ငံခြားသားနှင့်ခရီးသွားလာရေး ဝန်ကြီးချုပ်တစ်ဦးဖြစ်တဲ့ Ali Waheed က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE