Maldivesဇိမ်ခံဟိုတယ်ရဲ့ လိပ်တွေကို ဓာတ်ပုံရိုက်ရင်း စောင့်ရှောက်ဖို့အတွက် အလုပ်ခေါ်စာ

Coco Collection

Maldives ဟာ အိန္ဒယပင်လယ်ထဲမှာ တည်ရှိနေတဲ့ ကျွန်းစုနိုင်ငံလေးပါ။ ရေမြေသယံဇာတွေ လှပလွန်းလို့ ကမ္ဘာအနှံ့က ခရီးသွားတွေရဲ့ မျက်စိကျစရာနေရာတစ်ခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ ခရီးသွားချစ်သူတွေလည်း ငါတစ်နေ့တော့ Maldives ရောက်ရမယ်ဆိုပြီး ကြုံးဝါးဖူးခဲ့ကြတယ်မဟုတ်လား။

Coco Collection

ဒီလိုမျိုး စိတ်ကူးယဉ်ခဲ့ရတဲ့ Maldives မှာ ၂ ပတ်ပဲ ကြာတဲ့အလုပ်လေးကို စရိတ်ငြိမ်းသွားလုပ်ရမယ်ဆို သင်စိတ်ဝင်စားမယ်ထင်ပါတယ်နော်။ အလုပ်ဟာ အလုပ်သင်သဘောမျိုးဖြစ်ပြီး ၂ ပတ်ပဲကြာမှာဖြစ်တဲ့အတွက် intern ဆင်းချင်တဲ့ ကျောင်းပြီးကာစလူငယ်တွေဖို့တော့ လုံးဝကွက်တိပဲလို့ မြင်မိပါတယ်။ အလုပ်သင်ကာလလေးမှာ မနက် ၉ ည ၆ ရုံးချိန်အတိုင်းရုံးတက်ရုံးဆင်းလုပ်ရပြီး ကော်ဖီဖျော်ပေးလိုက်၊ မိတ္တူကူးပေးလိုက်၊ စာစီစာရိုက်ပေးတာထက်စာရင်တော့ ခရီးစရိတ်အငြိမ်းနဲ့ ကမ်းခြေမှာအပမ်းဖြေရင်း ပေါ့ပေါ့ပါးပါးအလုပ်လေးလုပ်ရမယ်ဆိုတော့..

Coco Collection

အလုပ်ခေါ်စာအကျဉ်းချုပ်အနေနဲ့တော့ Maldives မှာရှိတဲ့ ဇိမ်ခံဟိုတယ်ကြီးတစ်ခုဟာ သူတို့ဖွင့်ထားတဲ့ Marine Turtle Rescue Centre မှာ လိပ်ကလေးတွေကို စောင့်ရှောက်ဖို့အတွက် ၂ ပတ်စာအလုပ်ခေါ်ယူနေတာပဲဖြစ်ပါတယ်။ လိပ်ကယ်ဆယ်ရေးခန်းက လိပ်လေးတွေကို စင်တာကပြောထားတဲ့အတိုင်း ကြည့်ပေးရင် လိပ်လေးတွေရဲ့ ပုံရိပ်လေးတွေကို ဓာတ်ပုံရိုက်ကာ Instagram ပေါ် တင်ပေးတာတွေ၊ လိပ်စာကျွေးတာ၊ သန့်ရှင်းရေးလုပ်ပေးတာ၊ ဆေးထည့်ပေးတာ၊ ခွဲစိတ်မှုတွေမှာ ကူညီပေးတာနဲ့ လိပ်ကလေးတွေကယ်ဆယ်ဖို့ လိုလာတဲ့အချိန်တိုင်း ကယ်ဆယ်ရေးအဖွဲ့နဲ့ လိုက်သွားပေးရုံပါပဲ။

READ
Austria နိုင်ငံတွင်းရှာဖွေတွေ့ရှိခဲ့တဲ့ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ အမျိုးသမီးဝတ်အတွင်းခံများ

တစ်ခုရှိတာက အလုပ်ရသွားပြီဆိုရင်တော့ ကိုယ်တစ်နေ့လုပ်ရမယ့်အလုပ်တွေကို ကိုယ့်ရဲ့ကိုယ်ပိုင် Instagram account မှာ ဓာတ်ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေရိုက်ပြီး အမြဲ update ဖြစ်အောင် တင်ပေးနေရမှာဖြစ်ပါတယ်။ ဒါကလည်း social media expert တွေအတွက်တော့ သိပ်ပြီး အပမ်းကြီးလှမယ်မထင်ပါဘူးနော်။

MarcelloRabozzi/Pixabay

အလုပ်ကတော့ သြဂုတ်လထဲမှာ ဝင်ရမှာဖြစ်ပြီး လျှောက်ထားချင်တဲ့သူတွေအတွက်ကတော့ ဇွန်လ ၁၇ ရက်နေ့မှစတင်ပြီး ၃၁ ရက်နေ့အထိ form တွေလက်ခံနေပါပြီ။ အလုပ်သင်လျှောက်ထားသူဟာ အနည်းဆုံး ၂ မိနစ်၊ ၃ မိနစ်ထက်မပိုတဲ့ မိတ်ဆက်ဗီဒီယိုတစ်ခုနဲ့ စာလုံးအလုံး ၅၀၀ ဝန်းကျင်ရှိတဲ့ cover letter တို့ကိုပါ ပူးတွဲပေးပို့ရင်း အလုပ်ရဖို့ပြိုင်ပွဲဝင်ရမျာဖြစ်ပါတယ်။ လျှောက်ထားရမယ့် website ကတော့ Coco Collection website ပါ။

တိရိစ္ဆာန်ကုဆရာဝန်တွေ၊ လိပ်ပညာရှင်တွေအနားမှာ အလုပ်ချိန်အတွင်း အနီးကပ် သင်ကြားရမှာလည်း ဖြစ်တဲ့အတွက်ကြောင့် တိရိစ္ဆာန်ချစ်မြတ်နိုးသူလေးတွေအတွက် ဒီအလုပ်ဟာ သင့်လျော်မှာပါနော်။ အလုပ်သင်ဖြစ်တဲ့အတွက်ကြောင့် လခတော့မရပေမယ့်လည်း သူတို့ရဲ့ Coco Palm Dhuni Kolhu အပမ်းဖြေစခန်းမှာ ကာလတစ်လျှောက်လုံး နေ့လည်စာ၊ မနက်စာနဲ့ညစာအတွက် ဘူဖေးအပြင် အနေအထိုင်စတာတွေကို လိုလေးသေးမရှိ ကိုယ့်ဘက်က ဘာမှကုန်ကျစရာမလိုဘဲ တည်းခိုခွင့်ရဦးမှာပါတဲ့။

READ
(၁၁.၄.၁၉) မှ (၁၇.၅.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ထပ်ပြီးတော့လည်း အလုပ်သင်အဖြစ်ရွေးချယ်ခံထားရသူအတွက် အပမ်းဖြေစခန်းမှာ လာတည်းတဲ့ဧည့်သည်တွေနဲ့ တန်းတူ sunset cruise တွေ၊ ရေငုတ်ဝန်ဆောင်မှုတွေ၊ လင်းပိုင်လေးတွေကြည့်ဖို့တွေနဲ့ Baa Atoll တစ်လျှောက် snorkeling လုပ်ဖို့အတွက် အုပ်စုလိုက်ခရီးစဉ်တွေမှာ အခမဲ့လိုက်ပါခွင့်ရဦးမှာပါ။

Maldives ကို ကိုယ့်စရိတ်နဲ့ကိုယ်သွားပြီး အဲဒီအပမ်းဖြေစခန်းမှာ ၂ ပတ်လောက်တည်းရုံနဲ့တင် ဒေါ်လာ ၆ ထောင်ကျော်လောက် ကျမှာဆိုတော့ ဒီအလုပ်သာရရင် Maldives ကိုလည်း အလကားသွားရ၊ လိပ်လေးတွေကို စောင့်ရှောက်ရင်း အတွေ့ကြုံအသစ်တွေလည်း ရဖြစ်တာကြောင့် အရှုံးရှိလောက်မယ် မထင်ပါဘူးနော်။

GerDukes/Pixabay

Penny

SHARE