မိခင်သေဆုံးပြီး ကျန်နေခဲ့တဲ့ မိတဆိုး သမီးလေးကို စောင့်ရှောက်နေတဲ့ လူဝံဖခင်ကြီး

Denver Zoo

တောထဲမှာ လူဝံဖခင်တွေဟာ ၄င်းတို့ရဲ့သားသမီးတွေကို ကြည့်ရှုစောင့်ရှောက်ကြလေ့မရှိပါဘူး။ သားသမီးမွေးလာရင် လူဝံမိခင်တွေသာ ၄င်းတို့ရဲ့ကလေးတွေကို တစ်ကိုယ်တည်းတာဝန်ယူကာ ကျွေးမွေးစောင့်ရှောက်ကြလေ့ရှိပါတယ်။ နို့တိုက်သတ္တဝါတွေထဲမှာတော့ လူဝံမိခင်တွေဟာ ကလေးအပေါ်မှာ အချိန်တော်တော်များများပေးပြီး စောင့်ရှောက်တတ်တဲ့ သတ္တဝါတွေပဲဖြစ်ပါတယ်။

Facebook/Denver Zoo

ဒါပေမဲ့ အခုတွေ့မြင်ရတဲ့ ၂နှစ်သား လူဝံလေး Cerah ကတော့ ကံဆိုးစွာနဲ့ ပြီးခဲ့တဲ့လကပဲ မိခင်ကို ဆုံးရှုံးလိုက်ရပါတယ်။ Cerah က Denver တိရစ္ဆာန်ဥယျာဉ်မှာနေထိုင်ပါတယ်။ ပုံမှန်ဆို လူဝံထီးတွေဟာ ကလေးတွေကို စောင့်ရှောက်လေ့မရှိပေမယ့် မိခင်မဲ့နေတဲ့ Cerah ကိုတော့ ထူးထူးခြားခြား Cerah ရဲ့ဖခင် လူဝံကြီး Berani က စောင့်ရှောက်နေခဲ့တာဖြစ်တယ်လို့ boredpanda အရ သိရပါတယ်။

Facebook/Denver Zoo

ဒီအဖြစ်ကိုတော့ တိရစ္ဆာန်ရုံဝန်ထမ်းတွေက ပြန်လည်ပြောပြထားတာဖြစ်ပါတယ်။ “Cerah က ဒီလောက်ကောင်းတဲ့အဖေမျိုးမရနိုင်တော့ဘူး။ Berani က သူ့ကိုအရမ်းစိုက်တာ။ ကလေးကိုကာကွယ်ပေးတယ်။ ကလေးလိုအပ်ချက်တွေကိုလည်း အကုန်သူသိတယ်။” လို့ ဖေ့စ်ဘုတ်ပေါ်မျှဝေခဲ့ပါသေးတယ်။

READ
ပြန်ပေးဆွဲခံခဲ့ရပြီး (၂၁)နှစ်ကြာမှ မိခင်ရင်းနဲ့ပြန်ဆုံတွေ့နိုင်ခဲ့တဲ့ အမျိုးသမီး

တွေ့ရတဲ့ပုံလေးတွေကတော့ သားအဖတွေရဲ့ စိတ်နှလုံးနွေးထွေးဖွယ် ဓာတ်ပုံလေးတွေဖြစ်ပါတယ်။ အချစ်ဟာ ဆန်းကြယ်မှုတွေကို ဖန်တီးတယ်ဆိုတဲ့အကြောင်း ဒီသားအဖတွေက သက်သေပြနေပါတော့တယ်။

ShweMom

SHARE