ဒေါ်နယ်ထရမ့်ကို မကောင်းဆိုးဝါးလို့ ဆိုခဲ့တဲ့ သမ္မတဟောင်းအိုဘားမားရဲ့ သမီးကြီး

အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဘားရက်အိုဘားမားရဲ့ သမီးကြီးဖြစ်သူ မာလီယာအိုဘားမားက လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်ကို မကောင်းဆိုးဝါးလို့ ရည်ညွှန်းသုံးနှုန်းခဲ့တာကို သူမရဲ့ လျို့ဝှက်ဖေ့စ်ဘုတ်စာမျကနှာ်တစ်ခုမှာ တွေ့ခဲ့ပါတယ်။ ၄င်းဖေ့စ်ဘုတ်စာမျက်နှာဟာ မာလီယာနဲ့ သူမရဲ့ သူငယ်ချင်းတွေ အပြန်အလှန် ဆက်သွယ်စကားပြောကြတဲ့ နေရာလို့ သိရပါတယ်။ ဖေ့စ်ဘုတ်စာမျက်နှာဟာ အမည်ဝှက်နဲ့ရှိနေခဲ့တာ ဖြစ်ပြီး (၂၀၁၇) ခုနှစ်ကတည်းက စလို့ ယနေ့ထိ public တင်ပြီး ရေးသားဖော်ပြတာမျိုး မတွေ့ရတော့ပါဘူး။

Facebook

တွေ့ရတဲ့ပုံကတော့ မာလီယာက သူမရဲ့ အမည်ဝှက်နဲ့ လုပ်ထားတဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ တင်ထားခဲ့တဲ့ ကာဗာဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။ ၄င်းဓာတ်ပုံမှာတော့ သူမရဲ့ သူငယ်ချင်းဖြစ်သူ အမေရိကန်လွှတ်တော်အမတ်ဟောင်း ဂျိုးဘီဒန်ရဲ့ မြေးမလေး ဖီနီဂန်ကပါ မန့်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Facebook
Facebook

ဒါပေမယ့်လည်း တွေ့ရတဲ့ စာရွက်တိုလေးတွေကိုတော့ ဘယ်သူ့အိမ်မှာ ရေးသားထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ မာလီယာဟာ (၂၀၁၇) ခုနှစ် သြဂုတ်လမှာ အဆောင်ကို ပြောင်းရွှေ့ခဲ့ပြီး လအနည်းငယ်အကြာမှာ ၄င်းဓာတ်ပုံကို profile စာမျက်နှာမှာ တင်ခဲ့တယ်လို့ ယူဆရပါတယ်။ ၄င်းဖေ့စ်ဘုတ်စာမျက်နှာဟာ မာလီယာ ကောလိပ်ကျောင်းတက်ခါစ ဆယ်ကျော်သက်ကနဦးပိုင်းမှာ သုံးခဲ့တာဖြစ်ပါတယ်။

READ
ဟင်းလင်းမြင်နေရတဲ့ ကျောင်းမိန်းကလေးအိမ်သာကြောင့် ဒေါသထွက်ခဲ့ကြတဲ့မိဘများ
Facebook
Facebook

တွေ့ရတဲ့ ဓာတ်ပုံအယ်လ်ဘမ်တွေမှာတော့ မာလီယာကို ရေကန်ဘေးမှာ အပန်းဖြေအနားယူနေတာ တွေ့ရပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ ပါတီပွဲတွေမှာ ပျော်ရွှင်နေတဲ့ပုံတွေကိုလည်း တွေ့ရမှာပါ။ အခြားဓာတ်ပုံတွေကတော့ သူမရဲ့ ကောလိပ်စီနီယာနှစ်တုန်းက ဓာတ်ပုံတွေအပြင် သူငယ်ချင်းတွေနဲ့အတူ ဘိုလီးဗီးယားနဲ့ ချီလီကိုသွားလည်တဲ့ ဓာတ်ပုံတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ထိုအထောက်အထားတွေကြောင့် ထရမ့်ကို ရည်ရွယ်ရေးသားခဲ့တဲ့ အကောင့်ဟာ မာလီယာရဲ့ အကောင့်ဆိုတာ ထင်ရှားခဲ့ပါတယ်။

အခုဆိုရင်တော့ မာလီယာဟာ ဟားဗက်ကျောင်းမှာ ဒုတိယနှစ်ကျောင်းသူအဖြစ် ဆက်လက်ပညာသင်နေဆဲ ဖြစ်ပါတယ်။

Facebook
Facebook

လင်းလင်း (ShweMom)

Ref: dailymail

SHARE