ပြီးခဲ့တဲ့ စနေနေ့တုန်းက Kensington နန်းတော်ကနေပြီး သတင်းတစ်ပုဒ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ မင်းသားလေး George လက်ခံရခဲ့တဲ့ လက်ဆောင်လေးပါ။ မင်းသားလေး George ဆိုတာ အင်္ဂလန်ရဲ့တော်ဝင်မင်းသား William နဲ့ ကြင်ယာတော် Kate တို့ရဲ့ သားအကြီးဆုံးလေးဖြစ်ပါတယ်။
View this post on Instagram
မင်းသားလေး George ကို လက်ဆောင်ပေးခဲ့သူကတော့ သဘာဝပညာရှင် David Attenborough က ပေးခဲ့တာပါ။ လက်ဆောင်ဟာ တခြားမဟုတ်ဘဲ တော်တော်လးကို ထူးခြားလျက်ရှိနေပါတယ်။ ဘာလေးလဲဆိုတော့ သွားပါတဲ့။ ငါးမန်းသွားပေါ့။ ငါးမန်းသွားကို စကျင်ကျောက်ထဲမှာ မြှုပ်ထားတာဖြစ်ပါတယ်။
အဲဒီငါးမန်းသွားဟာ David Attenborough အနေနဲ့ ၁၉၆၀ ခုနှစ်တုန်းက မိသားစုနဲ့ Malta ကို အပျော်ခရီးထွက်တုန်းက ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ငါးမန်းသွားဟာ David Attenborough ရဲ့ အပိုင်လို့ဆိုရမှာပါပဲ။ ဒါပေမဲ့လည်း စနေနေ့တုန်းက ငါးမန်းသွားကို မင်းသားလေး George ကိုလည်း ပေးလိုက်တယ်လို့ ကြေငြာလိုက်ရော Malta နိုင်ငံကနေပြီး ငါးမန်းသွားကို ပြန်တောင်းပါတော့တယ်။
View this post on Instagram
ဘာကြောင့်လဲဆိုတော့ ငါးမန်းသွားကြီးဟာ နှစ်ပေါင်း ၂၃ သန်းသက်တမ်းရှိနေတယ်လို့ ခန့်မှန်းရပြီး David Attenborough အနေနဲ့ Malta မှာ ရှာတွေ့ခဲ့တာကြောင့် Malta နိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းရုပ်ကြွင်းဖြစ်နေလို့ပါပဲတဲ့လေ။ နောက်ပြီး သွားရဲ့ အရွယ်အစားနဲ့ ပုံစံကိုကြည့်မယ်ဆိုရင်တော့ သွားဟာ megalodon ဆိုတဲ့ မျိုးသုဉ်းသွားခဲ့တဲ့ ငါးမန်းကြီးတွေရဲ့သွားတွေဆိုတာ သေချာနေပါတယ်တဲ့။ အဲဒီငါးမန်းတွေဟာ ပျမ်းမျှ ၅၂ ပေအထိတောင် ကြီးထွားနိုင်ကြတာပါ။

ဒါကြောင့် ဒီငါးမန်းသွားဟာ Malta ရဲ့ပြတိက်မှာပဲ ရှိကိုရှိရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့ Malta ရဲ့ ယဉ်ကျေးမှုဝန်ကြီး Jose Herrera က CNN ကို ပြောလာခဲ့ပါတယ်။ တကယ်တော့ Malta ဆိုတာ ၁၉၆၄ ခုနှစ်အထိ ဗြိတိန်ရဲ့ လက်အောက်ခံနိုင်ငံအဖြစ်တည်ရှိနေခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အင်္ဂလန်တော်ဝင်မိသားစုဖက်ကတော့ ဘာမှမပြောထားသေးပါဘူး။
View this post on Instagram
penny