‘Despacito’ကို အမိုက်စား Performance နဲ့ သီဆိုတင်ဆက်ခဲ့တဲ့ Solar

Solar ကတော့ K pop ပရိသတ်တွေနဲ့တော့ မစိမ်းတဲ့ အဆိုတော်မလေးပါ။ သူမရဲ့ နာမည်အရင်းကတော့ Kim Yong-sun ပါ။အဆိုတော် မင်းသမီးချောလေးပါ။ Rainbow Bridge World နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေ ကို လုပ်ကိုင်နေသူပါ။ သူမဟာ Mamamoo ဆိုတဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်သလို main vocalist တစ်ယောက်ပါ။

.pinterest
.pinterest
.pinterest

Mamamoo ကတော့ တောင်ကိုရီးယား girl group  ပါ။(၂၀၁၄)တုန်းက RBW ကနေ ဖွဲ့စည်းလိုက်တာပါ။ဒီ အဖွဲ့ ကတော့ (၂၀၁၄)ခုနှစ် ဇွန်တုန်းက ပွဲဦးထွက်ခဲ့တာပါ။”Mr. Ambiguous”. ဆိုတဲ့ သီချင်းနဲ့ ပွဲ ဦးထွက်ခဲ့တာပါ။ဝေဖန် သူတစ်ချို့ကတောင်မှ (၂၀၁၄) ရဲ့ ပွဲဦးထွက် အကောင်းဆုံး K-pop  အဖွဲ့တစ်ဖွဲ့ အဖြစ် သတ်မှတ် ခံထား ရတာပါ။ လက်ရှိမှာတော့ အရမ်းကြီးတွေ အောင်မြင်၊လူသိများတာမျိုးတော့ မဟုတ်သေးပေမယ့် အထိုက်အလျောက် အောင်မြင် မှု ရနေတဲ့ အဖွဲ့ပါ။

READ
လျှံကျနေတဲ့ ရွှေရောင်ဖက်ရှင်နဲ့ ညှို့ယူဖမ်းစားလိုက်တဲ့ Kim Kardashian
.pinterest
.pinterest
.pinterest

MAMAMOO ကတော့ ‘4 Season S/S’  ဆိုတဲ့ ဖျော်ဖြေပွဲကို စက်တင်ဘာ (၁၈) ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီ ပွဲကတော့ MAMAMOO ရဲ့ အကောင်းဆုံးတွေထဲက တစ်ညပါ။စင်ပေါ်မှာ သူတို့ အဖွဲ့ရဲ့ သီချင်းတွေကို သီဆို ဖျော် ဖြေခဲ့ရုံသာမက တခြား အမိုက်စား ဖော်ျဖြေတင်ဆက်မှုတွေကိုလဲ လုပ်ခဲ့ပါတယ်။အဖွဲ့ခေါင်းဆောင် ဖြစ်သလို main vocalist  ဖြစ်တဲ့ Solar ကတော့ Nicki Minaj’ ရဲ့ ‘Chun Li’၊Luis Fonsi’ ရဲ့  ‘Despacito.’ သီချင်းတွေကို လည်း အရမ်း Hot တဲ့ Performance တွေနဲ့ သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

Source kstarlive

SHARE