ဖေ့စ်ဘုတ်မှာ ကူးစက်မြန်ရောဂါရှိနေပြီလို့ လိမ်ညာရေးသားသူကို ဖမ်းဆီးခဲ့

(Image: Tyler County Sheriff's Office) PA

ဖေ့စ်ဘုတ်ပေါ်မှာ မိမိကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း လိမ်ညာပြောဆိုခဲ့သူအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း mirror သတင်းစာမျက်နှာအရ သိရပါတယ်။ အဆိုပါအမျိုးသားဟာ မိုက်ကယ်လိန်းဘရန်ဒင်ဆိုသူပါ။ သူ့ရဲ့ပို့စ်ကို လူတွေက ရဲစခန်းဆီတိုင်ခဲ့ကြရာမှ တေလာကောင်တီရဲတွေက မိုက်ကယ်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရဲအဖမ်းခံရတဲ့အခါမှာတော့ အသက် (၂၃) နှစ်အရွယ် မိုက်ကယ်က အွန်လိုင်းပေါ်တင်သမျှတွေဟာ မယုံကြည်သင့်ကြောင်း လက်တွေ့စမ်းသပ်ပြလိုတဲ့အတွက် သူ အခုလိုရေးသားတာပါဆိုပြီး ငြင်းခဲ့ပါတယ်။ သူ့ကိုတော့ လူတွေကို သတင်းမှားပေးမှုနဲ့ အထိတ်တလန့်ဖြစ်စေလို့ဆိုပြီး စခန်းမှာ ဒေါ်လာ (၁၀၀၀) ဆောင်ခိုင်းခဲ့ပါတယ်။ ရဲစခန်းက မိုက်ကယ်ဟာ လူတွေကို ထိတ်လန့်စေလိုပြီး သူ့ကို အာရုံစိုက်စေလိုတဲ့သဘောနဲ့ တမင်တကာလုပ်ခဲ့တာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

(Image: Tyler County Sheriff’s Office)

ဒီသတင်းဟာ သမ္မတဒေါ်နယ်ထရမ့်ပ်က အမေရိကန်တလွှား လူပေါင်း (၁၅၀) ကို အသက်သေဆုံးစေခဲ့ပြီးဖြစ်တဲ့ Covid-19 နဲ့ပတ်သက်လို့ သတင်းတစ်ရပ်ထုတ်ပြန်အပြီးမှာ ဖြစ်ခဲ့တာပါ။ သမ္မတထရမ့်ပ်ဟာ သင်္ဘောတွေကိုယာယီဆေးရုံအနေနဲ့ အမေရိကန်ကမ်းရိုးတန်းမှာထားဖို့ ရည်ရွယ်နေပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၁၈.၃.၂၀၂၀)တုန်းက ထရမ့်ပ်ပြောသွားတာကတော့ တရုတ်ဗိုင်းရပ်စ်နဲ့ စစ်ပွဲမှာ အမေရိကန်ဘက်က အခြေအနေတွေတိုးတက်လာတယ်ဆိုပြီး ကြေညာခဲ့ပါသေးတယ်။

READ
ကလေးမ(၂)ယောက်ကို မထင်မှတ်တဲ့ နည်းလမ်းနဲ့ surprise လုပ်ခဲ့တဲ့ Roger Federer

တစ်ချို့ကလည်း တရုတ်ဗိုင်းရပ်စ်နဲ့ စစ်တိုက်နေတယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ပြောကြားချက်ပေါ် လူမျိုးရေးခွဲခြားတယ်ဆိုပြီး သုံးသပ်နေပါတယ်။ “ကျွန်တော်ကတော့ ဒါကို စစ်ပွဲလို့ပဲ မြင်ပါတယ်။ စစ်အတွင်းက သမ္မတတစ်ယောက်အနေနဲ့ ပြောရရင် အရမ်းခက်ခဲတဲ့အခြေအနေပါ..” လို့ ထရမ့်ပ်က ဆိုခဲ့ပြီး အမေရိကန်ဟာ ဒေါ်လာ (၁၀၀၀) သို့မဟုတ် ထို့ထက်ပိုပြီး နိုင်ငံသားတွေကို ထောက်ပံ့ငွေပေးဖို့ရှိတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE