ခါးနာပျောက်ချင်ဇောနဲ့ သုတ်ရည်ကို အကြောထဲထိုးသွင်းခဲ့တဲ့ အမျိုးသားရဲ့အဖြစ်

အမျိုးသားတစ်ဦးဟာ ခါးနာပျောက်လိုတာကြောင့် ၄င်းရဲ့သုတ်ရည်ကို ကိုယ်တိုင်အကြောထဲ ထိုးသွင်းခဲ့ရာမှာ ဆေးရုံရောက်တဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ ၄င်းအမျိုးသားဟာ အိုင်းရစ်စ်လူမျိုးတစ်ဦးဖြစ်ပြီး အသက်(၃၃) နှစ်ရှိပါပြီ။ သူဟာ လစဉ် သုတ်ရည်တွေ အကြောထဲ ထိုးသွင်းခဲ့တဲ့အတွက် ၄င်းရဲ့ ညာလက်မောင်းမှာ ပြည်တည်နာကြီးတစ်ခုဖြစ်နေပြီး ဆေးရုံတက်ခဲ့ရပါတယ်။

အိုင်းရစ် ဆေးသိပ္ပံဂျာနယ်က ထုတ်ပြန်တဲ့ သတင်းတစ်ခုမှာတော့ ထိုသူဟာ စတီးပစ္စည်းခပ်လေးလေးတစ်ခုကို မ,ခဲ့ရာကနေ ခါးနာသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။ ခါးနာရာကနေ ၄င်းအမျိုးသားဟာ ဘယ်လိုအကြံဥာဏ်ရခဲ့တယ် မဆိုနိုင်ပါဘူး။ သုတ်ရည်ဟာ ခါးနာပျောက်လိမ့်မယ်လို့ မှားယွင်းစွာ ယူဆပြီး အွန်လိုင်းကနေ ဆေးထိုးအပ်တစ်ချောင်းဝယ်ကာ (၁၈) လတိုင်တိုင် မပျက်မကွက် လတိုင်း အကြောထဲ သွင်းယူနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူကိုယ်တိုင် ထွင်ထားတဲ့ ဆေးနည်းက သူ့ကို ပြန်ဒုက္ခပေးခဲ့ပါတယ်။ လအတန်ငယ်ကြာတဲ့အခါမှာတော့ သူ့ရဲ့ ညာဘက်လက်မောင်းဟာ နီရဲပြီး ယောင်ကိုင်းလာခဲ့ပါတယ်။  ဒါနဲ့ ဆရာဝန်သွားပြပြီး အိပ်စ်ရေးရိုက်ကြည့်တဲ့အခါမှာတော့ အကြောထဲ သွင်းခဲ့တဲ့ သုတ်ရည်တွေဟာ လက်မောင်းရဲ့ ပျော့ပြောင်းပါးလွှာတဲ့ တစ်ရှူးစတွေထဲကို ယိုစိမ့်ဝင်နေတာကို တွေ့ခဲ့ရပါတယ်။

READ
အိမ်ထောင်သည်အမျိုးသမီးများ လိင်ဆက်ဆံစဉ် နာကျင်ရသည့်အကြောင်းအရင်းများ

ထိုအမျိုးသားဟာ Adelaide and Meath ဆေးရုံမှာ တက်ရောက်ကုသခဲ့ပြီး တချိန်တည်းမှာပဲ ၄င်းရဲ့ ခါးနာဝေဒနာကိုလည်း သက်သာအောင် ကုသသွားခဲ့ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေက ၄င်းလက်မောင်းထဲ ရောက်နေတဲ့ သုတ်ရည်တွေကို မဖယ်ရှားပေးခင် ထိုအမျိုးသားဟာ သူ့သဘောနဲ့သူ ဆေးရုံဆင်းသွားခဲ့ကြောင်း သိရပါတယ်။

ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာလီဆာဒူရုန်းကတော့ လူ့ခန္ဓာကိုယ်သွေးကြောထဲ သုတ်ရည်ထိုးသွင်းတာနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ကောင်းကျိုးဖြစ်စေတာ မရှိဘူးလို့ ဆိုပါတယ်။ သူမအနေနဲ့ ဓာတ်ဆီ၊ မီးခြစ်ဆီတွေကို ခန္ဓာကိုယ်ထဲသွင်းပြီး သေကြောင်းကြံတဲ့ ကိစ္စရပ်မျိုးကို ကြားဖူးပေမယ့် အခုလို သုတ်ရည်နဲ့ ကိုယ့်ကိုကိုယ်ပြန်ဆေးကုတဲ့ အဖြစ်ကိုတော့ တစ်ခါမှ မကြုံဖူးကြောင်း ပြောပြခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ (၁၉၄၅) ခုနှစ်တုန်းကလည်း လူသားတွေရဲ့ သုတ်ရည်ကို ကြွက်အမတွေနဲ့ ယုန်အမတွေဆီ ထိုးသွင်းပြီး စမ်းသပ်ခဲ့ရာမှာ အနုတ်လက္ခဏာရလဒ်တွေသာ ရခဲ့ကြောင်း သိရပါတယ်။

READ
ကန်စွန်းဥရဲ့ ကောင်းကျိုး(၇)မျိုး

လင်းလင်း (ShweMom)

Ref: ladbible , Irish Medical Journal

SHARE