ပစ္စည်းအဟောင်းတွေ ၀ယ်ရင်းနဲ့ ပေါင်(၅.၈)သန်း ပွပေါက်တိုးသွားတဲ့သူ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ပစ္စည်းဟောင်း ၀ယ်ယူသူတစ်ယောက်ဟာ ဒေါ်လာ (၅၀၀) တန် ပစ္စည်းဟောင်းတစ်ပုံကို ၀ယ်ယူလိုက်ပြီးတဲ့နောက် သူ့အတွက် မမျှော်လင့်တဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။

သူတို့ဆီက ပစ္စည်းဟောင်းဝယ်ပုံက ဒီလိုပါ။ ၀ယ်သူတွေဟာ အခန်းတွင်းမှာ ရှိတဲ့ ပစ္စည်းတွေကို သေချာစိစစ်ကြည့်ရှုခွင့်မရပဲ ခန့်မှန်းခြေနဲ့သာ ကြည့်ပြီး ၀ယ်ရတဲ့ ပုံစံမျိုးပါပဲ။

အမည်မဖော်လိုတဲ့ ပစ္စည်းဟောင်းဝယ်ယူသူဟာ သူဝယ်ယူခဲ့တဲ့ ပစ္စည်းတွေကြားမှာ ပိုက်ဆံ (၅.၈)သန်းပါရှိတဲ့ အိတ်တစ်လုံးကို တွေ့ရှိခဲ့ပြီး အဲဒီအိတ်ထဲမှာ ပိုက်ဆံတွေအပြည့်ပါပဲ။

Twitter

ပစ္စည်းဝယ်သူလည်း ဘာလုပ်ရမှန်းမသိပဲ သူ့ရဲ့အလုပ်ထဲက အသိမိတ်ဆွေ တစ်ယောက်ဆီကို ပြောပြ ၊ အဲဒီကမှ အမေရိကန်ရဲ့နာမည်ကျော် တီဗီအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ဒန် ဒေါ့စတန်နဲ့ ဆက်သွယ်ပြီး သူတို့ရဲ့အဖြစ်အပျက်ကို ပြောပြခဲ့တာပါ။

READ
ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးခဲ့ရတဲ့ ရုရှားဆိုင်ကယ်မော်ဒယ်တစ်ဦး

ဒန် က သူ့ရဲ့အသိ ရှေ့နေတစ်ယောက်နဲ့ ဆက်သွယ်ပြီး အဲဒီပိုက်ဆံတွေကို ပြန်ပေးဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ပစ္စည်းဟောင်း ၀ယ်ယူခဲ့သူက သူ့အတွက် ထိုက်တန်တဲ့ ဆုကြေးလိုချင်နေတာကြောင့် ညှိနှိုင်းမှုတွေကိုတော့ တော်တော်ကြာအောင် ပြုလုပ်ခဲ့ရပါသေးတယ်။

ဒန် ဒေါ့စတန် တို့ ဇနီးမောင်နှံ Photo : Twitter

ပိုက်ဆံတွေရဲ့ ပိုင်ရှင်ဖြစ်သူ ကိုယ်စား သူ့ရဲ့ရှေ့နေက ဆုကြေးအဖြစ် ပေါင် (၄၆၅,၅၀၀) ကိုပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် ၀ယ်သူကတော့ အဲဒီပမာဏဟာ သူ့အတွက်နည်းနေသေးတယ်လို့ သတ်မှတ်ခဲ့တာပါ။

နောက်ထပ်တစ်ကြိမ် ပေါင် (၉၃၀,၀၀၀) ဒေါ်လာ(၁.၂)သန်း ပေးမယ်လို့ ပြောလိုက်တဲ့အချိန်မှာမှ ၀ယ်ယူခဲ့သူက သူ့ရဲ့ပိုက်ဆံတွေကို ပိုင်ရှင်ဆီ ပြန်ပေးလိုက်ပါတော့တယ်။

Twitter

ဒန် ဒေါ့စတန် က အဲဒီအဖြစ်အပျက်ကို သူ့ရဲ့ TV Show မှာ ပြန်လည်ဖောက်သည်ချခဲ့ပြီး ပစ္စည်းဟောင်း ၀ယ်ယူသူတစ်ယောက်အတွက် ဘယ်လောက်တောင် ကံကောင်းတဲ့ အဖြစ်အပျက်လဲဆိုတာ ပြန်ပြောပြခဲ့တာပါ။

READ
သင်တန်းသားကောင်လေးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည့်ယောဂဆရာမ

ဒီအဖြစ်အပျက်က ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးသွားခဲ့ပြီး ဒီ ပိုက်ဆံတွေရဲ့ ပိုင်ရှင်အတွက်တော့ ဒီပိုက်ဆံတွေဟာ မတရားသဖြင့် ရရှိထားတာ၊ ဒါမှမဟုတ် ပိုင်ရှင်ဟာ ထောင်ကျနေခဲ့တာ၊ စတာတွေကြောင့် ဖြစ်နိုင်တယ် ဆိုပြီး မှတ်ချက်ပေးနေကြပါတယ်။

Linn

Source : TheSun

SHARE