မျိုးပွားအင်္ဂါ (18.9)လက်မရှိ ကမ္ဘာ့လိင်အင်္ဂါအကြီးဆုံးအမျိုးသား ခွဲစိတ်မှုမပြုလို

ကမ္ဘာ့အရှည်ဆုံး လိင်အင်္ဂါပိုင်ရှင်အဖြစ် သတင်းစာတွေက အသိအမှတ်ပြုခံထားရတဲ့ မက္ကဆီကိုနိုင်ငံ၊ Saltillo မြို့သားကြီး Roberto Esquivel Cabrera ဟာ ၎င်းရဲ့ သာမန်ထက် အရွယ်အစားကြီးမားလွန်းနေတဲ့ မျိုးပွားအင်္ဂါကြောင့် ချစ်တင်းနှောခြင်း မပြုနိုင်ခဲ့ပါဘူး။

ဒါပေမယ့် ဆေးဘက်ဆိုင်ရာက ၎င်းရဲ့ အရွယ်အစားကို သာမန်အရွယ်အစားအဖြစ်သို့ လျှော့ချနိုင်ဖို့အတွက် ခွဲစိတ်ပေး
မည့်အကြောင်း ကမ်းလှမ်းမှုတွေကိုတော့ ငြင်းဆန်ပယ်ချခဲ့ပါတယ်။ Roberto ဟာ အမေရိကန် သရုပ်ဆောင် Jonah Falcon ထက်ပင် လိင်အင်္ဂါကြီးမားတယ်လို့ ယူဆခြင်း ခံထားရသူ ဖြစ်ပါတယ်။

Jonah ဟာ သာမန်ဆိုလျှင် 9.5 လက်မ အထိ အရှည်ရှိပြီး ထောင်မက်ချိန်မှာတော့ 13.5 လက်မထိ အရှည်ရှိတယ်လို့
မှတ်တမ်းတင်ခံထားရသူ ဖြစ်ပါတယ်။ Roberto ဟာ 2015 ၀န်းကျင်တုန်းက ဗွီဒီယိုစာမျက်နှာတွေပေါ်မှာ ရေပန်းစားခဲ့သူတစ်ယောက်ဖြစ်ပြီး၊ အပြာဇာတ်ကားထုတ်လုပ်ရေး မြောက်များစွာနဲ့ အမည်မဖော်လိုသူအမျိုးသမီး ရာနဲ့ချီက လိင်ကိစ္စအတွက် ကမ်းလှမ်းမှုကို ခံခဲ့ရသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Barcroft TV နဲ့ တွေ့ဆုံစဉ်မှာ Jonah က ” ကျွန်တော့်ရဲ့ သာမန်ထက်ကြီးတဲ့ လိင်အင်္ဂါကြောင့် ကျွန်တော် နာမည်ကြီးတာပါ … ဒီလို ပိုင်ဆိုင်ခွင့်ရတာကို ကျွန်တော် ကျေနပ်ပါတယ် … ဘယ်သူ့မှာ ဒီလိုရှိတယ်ဆိုတာကိုတော့ ကျွန်တော် မ
ကြားမိပါဘူး “လို့ ပြောခဲ့ပါတယ်။

READ
ချစ်သူရပြီးနောက် မိန်းကလေးအရင်ကထက် ၀ပြီးလှလာရတဲ့အကြောင်းအရင်း

၎င်းက ဆက်လက်ပြီး ” ကျွန်တော်က ဂင်းနစ်မှတ်တမ်း ၀င်ချင်ပါတယ် … ဒါပေမယ့် သူတို့က ဒါကို ဂရုမစိုက်ကြပါဘူး … ” လို့ ပြောခဲ့ပါတယ်။ ဒေါက်တာ Jesus David Salazar Gonzalez  နဲ့ အဖွဲ့ကတော့ ဒီလို အရွယ်အစားဟာ ရေရှည်ကျန်းမာရေးအတွက် မကောင်းနိုင်ကြောင်း သူ့ကို ဖြောင်းဖျခဲ့ပေမယ့် Roberto ကတော့ ခွဲစိတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒေါက်တာ David က ” ကျွန်တော်တို့က ခင်ဗျားကို အကောင်းဆုံးဆရာဝန်တွေနဲ့ ခွဲစိတ်ပေးမယ့်အကြောင်း နာကျင်မှုကို ခံစားရမှာ မဟုတ်ကြောင်း … ဒီလို ခွဲစိတ်မှသာလျှင် ချစ်တင်းနှောဖော်တွေနဲ့ အဆင်ပြေမှာဖြစ်ပြီး၊ ကလေးလည်း ရယူနိုင်မှာ ဖြစ်ကြောင်း အကြံဉာဏ်ပေးခဲ့ကြပါတယ် … ဒါပေမယ့် သူ လက်မခံခဲ့ပါဘူး … “လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Roberto ဟာ ကြီမားတဲ့ လိင်အင်္ဂါကြောင့် ဆီးသွားရခက်ခဲခြင်း၊ အိပ်စက်ရမှာ သက်တောင့်သက်သာ မရှိခြင်း၊ သွားရလာရခက်ခဲခြင်း၊ မြန်မြန် မပြေးနိုင်ခြင်း၊ အထိုင်အထ ခက်ခဲခြင်း စတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Roberto ဟာ ထောင်မက်တဲ့အခါမျိုးမှာ 20 လက်မအထိ အရှည်ရှိတယ်လို့ သိရပါတယ်။

READ
ညစ်ထေးနေတဲ့မျက်နှာကို ပြန်လည်ကြည်လင်ဝင်းပလာစေမဲ့ အိမ်တွင်းနည်းလမ်း(၅)မျိုး

သူ့အတွေ့အကြုံအရ အမေရိကားမှာနေ စဉ်တုန်းက အမျိုးသမီးနှစ်ဦးနဲ့ ချစ်တင်းနှောဖို့ နီးစပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပထမအမျိုးသမီးက လူနဲ့မမျှတဲ့အရာကိုတွေ့လို့ ထွက်ပြေးသွားခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ နာ
ကျင်လွန်းလို့ ဆက်ပြီး လက်မခံခဲ့ပါဘူး။ သူရဲ့ သာမန်ထက် ကြီးတဲ့ အခြေအနေကြောင့် အလုပ်ကနေ ထွက်ခဲ့ရပြီး၊ အစားအသောက် မျှဝေပေးတဲ့ ပရဟိတတွေကို မှီခိုနေရတယ်လို့ သိရပါတယ်။

အမေရိကားမှာ နေခဲ့စဉ်တုန်းကလည်း Roberto ဟာ အသက်မပြည့်သေးတဲ့ ကောင်မလေးတွေနဲ့ မဖွယ်မရာပုံထွက်ပေါ်လာခဲ့မှုကြောင့် တရားစွဲခံခဲ့ရပြီး၊ နောက်ပိုင်း နှင်ထုတ်ခံခဲ့ရပါတယ်။ အခုအခါမှာတော့ အပြာသရုပ်ဆောင်အဖြစ်နဲ့ အမေရိကန်ကို ပြန်လည်သွားရောက်ဖို့ စဉ်းစားနေပြီး၊ အဲဒီမှာ သူရဲ့ စစ်မှန်တဲ့ သင့်တော်တဲ့လက်တွဲဖော်ကိုလည်း တွေ့နိုင်
မယ်လို့ ယုံကြည်နေကြောင်း Robert က ပြောဆိုခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE