လစာပေါင်(၈)သောင်း ရပေမယ့်၊ ဝင်ငွေအများဆုံးစာရင်းမှာ မပါဝင်ချင်တဲ့သူ

Twitter /gomal

အမျိုးသားတစ်ယောက်ဟာ နာမည်ကျော် Show တစ်ခုမှာ သူ့အနေနဲ့ UK ရဲ့ Top 5% of earner စာရင်းမှာ ပါဝင်နေခြင်းကို အသည်းအသန် ကန့်ကွက်ခဲ့ပါတယ်။ ကန့်ကွက်ရခြင်းအကြောင်းကလည်း လေဘာပါတီရဲ့ မဲဆွယ်စည်းရုံးမှုထဲမှာ သူတို့သာ အာဏာရလာခဲ့ရင်း Top 5% of earner တွေကို အခွန်(၅)% တိုးကောက်မယ်ဆိုတဲ့ မဲဆွယ်ကတိကြောင့် ဖြစ်ပါတယ်။

သူဟာ တစ်လကို ပေါင်(၈၀၀၀၀)ထိ ဝင်ငွေရှိနေပေမယ့် Top 5% of earner မပြောနဲ့ အဆင့် ၅၀% တောင် မဝင်ဘူးလို့ သူက ကန့်ကွက်ခဲ့ပါတယ်။ နောက်ပြီး အခွန်တိုးကောက်မယ့်အစီအစဉ်ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး၊ လေဘာပါတီကို လူလိမ်တွေလို့ ဗြောင်ကျကျ ဝေဖန်ခဲ့တာပါ။

အဆိုပါအစီအစဉ်ဟာ BBC ကနေ ပြုလုပ်တဲ့ Question Time အစီအစဉ်ဖြစ်ပါတယ်။ ဝါရင့်နိုင်ငံရေးသမား Jeremy Corbyn ဦးဆောင်တဲ့ လေဘာပါတီက သူတို့ တိုးမြင့်ကောက်ခံမယ့် အခွန်(၅)%နှုန်းထားဟာ ထိပ်သီးဝင်ငွေရှိသူတွေကို အလူးအလဲ ဒုက္ခရောက်စေမယ့်အချက်ကို ငြင်းဆန်ဘူးကွယ်ခဲ့ပါတယ်။

Office for National Statistics ရဲ့စာရင်းတွေအရ ယူကေမှာ ပျမ်းမျှအားဖြင့် ပေါင်(၂၉၀၀၀) လစာဝင်ငွေ ရှိကြပါတယ်။ သူတို့ရဲ့စာရင်းမှာ လစာ ပေါင်(၇၅၃၀၀)နဲ့အထက် ရရှိသူတွေဟာ နိုင်ငံရဲ့ထိပ်သီးဝင်ငွေကောင်းသူ (၅)%စာရင်းမှာ ပါဝင်နေကြောင်း ဖော်ပြထားပါတယ်။

ဒါပေမယ့် Rob Barber အမည်ရ အမျိုးသားကတော့ သူဟာ လစာပေါင်(၈)သောင်းရသော်လည်း ဒီစာရင်းမှာဝင်နေတာကို လုံးဝ လက်မခံခဲ့ပါဘူး။ သူ့အဆင့်က (၅၀)%တောင် မရောက်ဘူးလို့ ပြောခဲ့တာပါ။ Rob ဟာ IT Consultant အဖြစ် အသက်မွေးဝမ်းကြောင်းပြုသူဖြစ်ပြီး၊ လက်ညှိုးကို ငေါက်ငေါက်ထိုးကာ-

“ လေဘာပါတီကို ပြောချင်တာက လူလိမ်တွေဆိုတာပဲ … ကျွန်တော်က သူတို့ အခွန်တိုးမြှင့်ကောက်ခံမယ့်သူတွေစာရင်းမှာ တစ်ယောက်အပါအဝင်ပေါ့ … ကျွန်တော့်ကို Top 5 စာရင်းထဲ သွင်းထားတာဆိုရင် သူတို့က လူလိမ်တွေပဲ … ပြောရရင် ၅% ဆိုတာ လိမ်ညာမှုပဲ … အလုပ်သမားတစ်ယောက်ကို အခွန်တိုးမြင့် ကောက်ကြတာတော့မှာ ”လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး “ ဒီဥပဒေက တကယ့် ဘီလျံနာတွေဆီကိုကျတော့ သွားမှာမဟုတ်ဘူး … အလုပ်သမားတွေဆီကိုတော့ တဝဲလည်လည် လုပ်နေတာ .. .ဘာလို့လဲဆိုတော့ ဒါက အလွယ်ရတာကိုး … ဒါပေမယ့် ကျွန်တော်တို့မှာ ရွေးစရာမရှိဘူး ရသလောက် ပေးနေရတာ ”လို့ ဝေဖန်ခဲ့ပါတယ်။

သူ့ကို လေဘာပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ Richard Burgon က ဖြောင်းဖြဖို့ ကြိုးစားသော်လည်း အခြေအတင် ဖြစ်ခဲ့ပါတယ်။ Richard က အခွန်တိုးကောက်တာကို ဝင်ငွေကောင်းတဲ့လူတွေကိုပဲ ဦးတည်မှာမဟုတ်ကြောင်း၊ နောက်ပြီး အခွန်တိုးကောက်ဖို့လည်း လုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် Rob က ဒေါသထွက်နေဆဲပါ။

အဲဒီအစီအစဉ်ရဲ့ ပင်တိုင်တင်ဆက်သူ Fiona Bruce က ဝင်ရောက်ဖြန်ဖြေရာမှာ “ လူတစ်ယောက်ရဲ့ ဝင်ငွေအရ ဒီ Top 5 စာရင်းကို ဝင်နေတာဖြစ်ကြောင်း၊ ရှင်းပြခဲ့ပါတယ်။ Rob က သူဟာ တစ်လကို ပေါင်(၈)သောင်းရတာ မှန်ကြောင်း၊ ဒီလိုပဲ ဒေါက်တာတွေ၊ စာရင်းကိုင်တွေ ရှေ့နေတွေလည်း ရကြောင်းဆိုပါတယ်။

ဒါပေမယ့် စာရင်းတွေအရ ဒေါက်တာတွေဟာ ပေါင် (၇၆၀၀၀)သာ ရကြပြီး၊ စာရင်းကိုင်မှာ ပေါင် (၆၂၀၀၀)နဲ့၊ ရှေ့နေတွေကတော့ ပေါင် (၄၃၀၀၀) ဝင်ငွေရှိကြတယ်လို့ ပြောပါတယ်။ သို့ပေမယ့် Richard Burgon က သူ ရှေ့နေဘဝတုန်းက ပေါင် (၄၀၀၀၀)သာ ရခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လေဘာပါတီရဲ့ အစီအစဉ်သာ အကောင်အထည်ပေါ်သွားခဲ့ရင် Rob တစ်ယောက် ပေါင်(၁၀၀၀)ဝင်တိုင်း (၅၀)ပေးရမှာ ဖြစ်ပြီး၊ တစ်လကို ပေါင်(၄၀၀၀)လောက် အခွံဆောင်ရမယ့်သဘောမှာ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်သမားတစ်ဦးအနေနဲ့ ဒီလောက်ပမာဏအများကြီး အခွန်ခွဲပေးရမယ်ဆိုတော့ အလွန်နှမြောစရာ ကောင်းတဲ့ ကိစ္စမျိုးပါ။

သို့ပေမယ့် တစ်ချို့ကတော့ လေဘာပါတီရဲ့ အငြင်းပွားဖွယ်ရာအစီအစဉ်ကို ထောက်ခံနေကြပါတယ်။ ဒါပေမယ့် အများစုကတော့ သာမန်ဝင်ငွေရှိသူတွေဖြစ်ပြီး၊ သူတို့အပေါ်ကို အခွန်အတုပ်က သိသာသော သက်ရောက်မှုမဖြစ်နိုင်ဘူးလို့ ယူဆနေကြဟန်ရှိတယ်လို့ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြခဲ့ပါတယ်။

နေသူရိန်

SHARE