အိမ်သာထဲစွန့်ပစ်ခံခဲ့ရပြီး မိဘရင်းတွေကို (၃၃) နှစ်ကြာပြီးနောက်မှတွေ့ရှိခဲ့တဲ့ အမျိုးသား

လွန်ခဲ့တဲ့(၃၃) နှစ်တုန်းက လန်ဒန် ဂက်ဒ်ဝဂ်လေဆိပ်မှာ မိဘတွေရဲ့ အစွန့်ပစ်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးဟာ နောက်ဆုံးမှာတော့ မိရင်းဖရင်းတွေကို ပြန်ရှာတွေ့ခဲ့ပြီဖြစ်ပါတယ်။ စတီဗ်ဟိုင်းဒိစ် တဖြစ်လဲ ဂယ်ရီဂက်ဒ်ဝဂ်အမည်ရတဲ့ ၄င်းအမျိုးသားဟာ သူ့မိဘတွေကို (၁၅) နှစ်တိုင်တိုင် ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ မျိုးဗီဇကျွမ်းကျင်ဆရာဝန်တွေဟာ ဂယ်ရီရဲ့ DNA နမူနာတွေနဲ့ မိဘရင်းတွေကို ရှာဖွေပေးနိုင်ခဲ့ပေမယ့် မိခင်ရင်းဖြစ်သူကတော့ ဂယ်ရီနဲ့မတွေ့ရခင်မှာပဲ သေဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

facebook

ကံကောင်းတာက ဖခင်ဖြစ်သူကတော့ အသက်ရှင်သေနေသေးတာကြောင့် ဂယ်ရီဟာ ဖခင်ဖြစ်သူကို ဆက်သွယ်ပြီး သူ့ရဲ့ မောင်နှမတွေနဲ့ပါ အဆက်အသွယ်လုပ်ခဲ့ပါတယ်။ ဂယ်ရီကတော့ “သတင်းကောင်းပါပဲ။ (၁၅) နှစ်လုံးလုံး ကျွန်တော့်မိဘတွေကို ရှာနေခဲ့တာ အခုမှပဲ တွေ့တော့တယ်။ ကျွန်တော့်အမေရင်းကတော့ သေသွားပါပြီ။ ဒါပေမယ့် အဖေရင်းရယ်၊ အဖေရော အမေရော ဘက်ဆီက ကျွန်တော့်မောင်နှမတွေကို တွေ့ရလို့ ၀မ်းသာမိတယ်..” လို့ ဖေ့စ်ဘုတ်မှာ ဆိုထားပါတယ်။

READ
ခြေနှစ်ဖက်လုံးမရှိပေမယ့် ဧ၀ရတ်တောင်ထိပ်ထိ အရာက်လှမ်းနိုင်ခဲ့သူ
facebook
facebook

ဂယ်ရီဟာ လွန်ခဲ့တဲ့ နှစ်(၃၀) ကျော်က လေဆိပ်မှာ (၁၀)ရက်သားလေးဘ၀နဲ့ စွန့်ပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို တွေ့ရှိခဲ့သူကတော့ လေဆိပ်အရောင်းစာရေးမတစ်ဦးဖြစ်တဲ့ ဘာရိုင်းလ်ရိုက်ဆိုသူ အမျိုးသမီးဖြစ်ပါတယ်။ ဂယ်ရီရဲ့ အကြောင်းဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့်က သတင်းစာတွေထဲတောင် ဖော်ပြခြင်းခံခဲ့ရပါတယ်။ သူကတော့ မိခင်နဲ့ ဖခင်ကို တွေ့ချင်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ မူရင်းဇစ်မြစ်ကို သိလိုတဲ့အတွက်ကြောင့်ဖြစ်ပြီး ဒါမှသာ သူ့ရဲ့ သားသမီးတွေကို သူ့အကြောင်းအကုန် လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

facebook
facebook

လေဆိပ်မှာ သောင်တင်နေတဲ့ ဂယ်ရီကို မိသားစုတစ်စုကနေ မွေးစားခဲ့ပြီး ဂယ်ရီဟာ ညီအစ်မ (၃) ယောက်နဲ့ အတူကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ ဂယ်ရီကတော့ မွေးရင်းမိဘတွေက သူ့ကို စွန့်ပစ်သွားခဲ့ပေမယ့် မိဘတွေအပေါ်မှာ ပြစ်မှားလိုစိတ်မရှိပါဘူးလို့ ဆိုပါတယ်။ သူအိမ်သာထဲမှာ စွန့်ပစ်ခံရစဉ်တုန်းက မိဘတွေ သူ့ကိုဝတ်ဆင်ပေးခဲ့တဲ့ အ၀တ်အစားတွေအပြင် ဂယ်ရီဂက်ဒ်ဝဂ်လို့ စာရေးထားတဲ့ ၀က်ဝံရုပ်ကိုပါ ယနေ့ထက်တိုင်သိမ်းဆည်းထားကြောင်းလည်း ဂယ်ရီက ပြောပြခဲ့ပါသေးတယ်။

READ
ဥယျာဉ်ထဲ အမှတ်မထင်ရောက်လာတဲ့ ကြွက်မိသားစုကို ရွာတည်ပေးခဲ့တဲ့ အမျိုးသား

လင်းလင်း (ShweMom)

Ref: dailymail, mogaznews

SHARE