ဖန်ခွက်တွေကို ၀ါးစားလို့ “သံမဏိသွားကြီး”လို့ အမည်တွင်နေတဲ့ တရုတ်အဖိုးအို

တရုတ်နိုင်ငံမြောက်ပိုင်း၊ Liu Zundun မှာ နေထိုင်တဲ့ အသက် 71 နှစ်အရွယ် တရုတ်အဖိုးအိုကြီးဟာ ပုလင်းကွဲနဲ့ မှန်စတွေကို ၀ါးစားလွန်းတဲ့သူမို့ “သံမဏိသွားကြီး”လို့ အမည်ပြောင်ပေးခြင်း ခံထားရသူ ဖြစ်ပါတယ်။ နီးစပ်သူတွေရဲ့ ပြောစကားအရ Lui ဟာ ဆယ်စုနှစ် သုံးခုကျော်ကတည်းက ဖန်စဖန်ကွဲတွေကို စားခဲ့တာလို့ The Sun က ဆိုပါတယ်။

အပေါင်းအသင်းတွေရဲ့ အဆိုပြုချက်မှာလည်း Lui ရဲ့ အပြုအမူဟာ ထူးဆန်းနေလို့ မင်္ဂလာပွဲတစ်ခုမှာ သွားရောက်ပြသဖို့ ဖိတ်ကြားခြင်းခံခဲ့ရပြီး၊ ငွေကြေးအမြောက်အများ ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ သူရဲ့ထူးဆန်းတဲ့ အမူအကျင့်ကြောင့် သူငယ်ချင်းတွေ ရွာသူရွာသားတွေက မှန်ကွဲပုလင်းကွဲတွေကို ခဏခဏ စားပြခိုင်းနေတယ်လို့လည်း သိရပါတယ်။

Liu ဟာ ဒီလို ဖန်ခွက်တွေကို ကိုက်ဖဲ့စားသုံးခြင်းကြောင့် သွားကျိုးခြင်း သွားပဲ့ခြင်း သွေးထွက်ခြင်းတွေလည်း မရှိဘဲ၊ သာမန်လူတွေ ကြက်အရိုး၊ ၀က်အရိုးကို ကိုက်သလိုသာ ခံစားရကြောင်း ဆိုပါတယ်။ သူနဲ့ပတ်သက်တဲ့ ဗွီဒီယိုဖိုင်ထဲမှာလည်း သူဟာ ဖန်ခွက်ကို အခက်အခဲမရှိ ကိုက်ပြခဲ့ပြီး၊ တကြွပ်ကြွပ် ၀ါးစားကာ မျိုချပြခဲ့တာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။

READ
(၂)နှစ်တာလုပ်ဆောင်ချက်တွေကို (၂)မိနစ်စာ ဗီဒီယိုဖိုင်နဲ့ ရှင်းပြခဲ့တဲ့ နယူးဇီလန်ဝန်ကြီးချုပ်

သတင်းသမားရဲ့ မေးမြန်းမှုအပေါ် Liu က သူက ဘီယာခွက်တွေ၊ ဖန်ခွက်တွေ ၀ါးရတာကို ပိုသဘောကျကြောင်း ဆိုပါတယ်။ သူဟာ အရက်လုံးဝ မသောက်ပေမယ့်၊ ပြီးခဲ့တဲ့ နှစ်ပေါင်း 30 ကတည်းက ယခုလို ဖန်ကွဲတွေဝါးရတာကို အရက်စွဲသလို စွဲလာသူတစ်ယောက်လို့ သိရပါတယ်။

 

Liu ဟာ Daqing မြို့မှာနေထိုင်ပါတယ်။ သူက ” ကျနော့်ဆွေမျိုးတွေဆီ အလည်ပြန်တဲ့အခါတိုင်း ကျနော် အရက်မသောက်ဖူးလို့ ပြောရင် မယုံကြဘူးဗျ … ကျနော်က ကဲ မင်းတို့က အရက်တစ်ကျိုက်သောက်ရင် ငါက ဖန်ခွက်ကို တစ်ဖဲ့ကိုက်မယ်ပြောတော့ သူတို့ အံ့သြနေကြတယ် … တကယ်လည်း စားပြတော့ မယုနိုင်ကြဘူး “လို့ ဆိုပါတယ်။ ဒီလို ဖန်စတွေကို ၀ါးပြီးမျိုချတဲ့အတွက် သူ့ရဲ့ လျှာ၊ လည်ချောင်းနဲ့ ၀မ်းဗိုက်တွေမှာ ဘာမှ ဆိုးဆိုးဝါးဝါး မဖြစ်ဖူးကြောင်း Liu က ဆိုပါတယ်။

READ
ခရမ်းပြာပန်းခင်းလေးကနေတစ်လထဲနဲ့ပေါင်တစ်သိန်းကျော်ဝင်ခဲ့တဲ့ပရဟိတအလှူရှင်

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE