အခုမှစတွေ့ပေမယ့် ပို့စ်ပေးရာမှာ အရမ်းရိုနိုင်လွန်းတဲ့ ကောင်လေးနဲ့ကောင်မလေး

[email protected] Bailey, Birth & Family Photographer

အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှမတွေ့ဖူးပဲနဲ့ အခုမှစတွေ့ရင် ဘယ်လိုပုံစံရှိကြမယ်လို့ ထင်ပါသလဲ။ အနည်းဆုံးတစ်ယောက်နဲ့တစ်ယောက် ရှိုးတိုးရှန်းတန့်ဖြစ်နေမှာတော့ အမှန်ပါပဲ။ အခုလည်း တစ်ခါမှ မတွေ့ဖူးသေးတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဟာ Photoshooting တစ်ခုမှာတွေ့ရင်း အတွဲပုံစံဓာတ်ပုံအရိုက်ခံရာမှာ အရမ်းအသက်ဝင်လွန်းတာကြောင့် နာမည်ကြီးနေကြကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Posted by Cassie Bailey, Birth & Family Photographer on Monday, 13 July 2020

ဓာတ်ပုံထဲမှာ မြင်တွေ့ရတာကတော့ Heather John လို့အမည်ရတဲ့ ကောင်မလေးနဲ့ Baxter Jackson လို့အမည်ရတဲ့ ကောင်လေးတို့ပဲ ဖြစ်ပါတယ်။ Heather ကတော့ အသက် ၂၃ နှစ်အရွယ် ကလေးနှစ်ယောက်အမေဖြစ်ပြီး အာမခံလုပ်ငန်းက မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ Jackson ကတော့ အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး အမေရိကန်ရေတပ်ဖွဲ့မှ စက်ပြင်ဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ နာမည်ကြီး ဓာတ်ပုံဆရာမ Cassie Bailey ရဲ့ Stranger Session လို့အမည်ရတဲ့ ဓာတ်ပုံရိုက်တဲ့အစီအစဉ်မှာ ပါဝင်ခဲ့တာပါ။

READ
နှုတ်ခမ်းပုံစံကပြောပြတဲ့ အမျိုးသမီးတွေရဲ့စိတ်နေစိတ်ထား
Cassie Bailey, Birth & Family Photographer
Cassie Bailey, Birth & Family Photographer

Stranger Session ရဲ့ အစီအစဉ်ကတော့ တစ်ခါမှ မဆုံဖူးသေးတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ကို Virgina ကမ်းခြေမှာ စုံတွဲဓာတ်ပုံရိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Heather နဲ့ Jackson တို့ဟာ ဓာတ်ပုံရိုက်တဲ့အချိန်မှာတော့ နှစ်ယောက်စလုံးရဲ့ ပို့စ်တွေဟာ တော်တော်လေးကို အသက်ဝင်ခဲ့ပါတယ်။ ပုံတွေထဲမှာတွေ့တဲ့အတိုင်း နှစ်ယောက်စလုံးဟာ တစ်ကယ့်နှစ်ပေါင်းများစွာတွဲလာခဲ့တဲ့ ချစ်သူတွေလို ပုံစံမျိုးပါပဲ။ Cassie ဟာ ဒီဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာအပေါ်တင်ပြီး သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် လုံးဝမသိတဲ့အကြောင်းပါ ပို့စ်တင်ခဲ့တဲ့အချိန်မှာတော့ လူတိုင်းဟာ အသက်ပါလွန်းလှတဲ့ စုံတွဲပုံတွေကိုအံ့သြခဲ့ကြရပါတယ်။

Cassie Bailey, Birth & Family Photographer
Cassie Bailey, Birth & Family Photographer

“ကျွန်မကိုယ်တိုင်တောင် ဓာတ်ပုံရိုက်နေတုန်း တော်တော်အံ့သြခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်မသိပဲ ဘာကြောင့်အပြုံးတွေက ဒီလောက်အသက်ဝင်နေရမှန်း မသိပါဘူး။ shooting လဲပြီးရော တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရအောင် ဆိုရှယ်မီဒီယာအကောင့်တွေတောင် ဖလှယ်နေကြသေးတယ်။ ကျွန်မတောင်မေးလိုက်သေးတယ်။ တွဲကြတော့မှာလားလို့။ Jackson ကတော့ ဒီအတိုင်း အပြင်မှာ တွေ့ကြဖို့ပါပဲလို့တောင် ပြန်ပြောလို့ သူတို့နှစ်ယောက်ကိုတောင် ကျွန်မစလိုက်သေးတယ်” လို့ Cassie က ပြောကြားခဲ့ပါတယ်။

– STRANGER SESSION-https://www.youtube.com/channel/UCGksVG_L5-A-pjCZwmZzwCAHeather + Baxter Heather & Baxter have…

Posted by Cassie Bailey, Birth & Family Photographer on Monday, 13 July 2020

Pyi Hein Kyaw

SHARE