ရထားမှောက်အောင် နှောင့်ယှက်ခဲ့တဲ့တရားခံကို ကိုယ်ကျိုးစွန့်ပြီးဖမ်းပေးခဲ့တဲ့ အမျိုးသား

Twitter- MTA. Wear a Mask. Stop the Spread

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက နယူးယောက်ရဲ့မြေအောက်ရထားဘူတာမှာ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ ရထားလမ်းချော်သွားခဲ့တာပါ။ မြေအောက်ရထားလမ်းချော်တာဟာ မတော်တဆမှုကြောင့်မဟုတ်ဘဲ လူတစ်ယောက်ရဲ့ မသမာမှုကြောင့်ပါတဲ့။

Twitter- MTA. Wear a Mask. Stop the Spread

လူတစ်ယောက်ဟာ ရထားလမ်းချော်အောင် တမင်ကို ရထားလမ်းပေါ်မှာ ရထားနဲ့တိုက်ပြီးလမ်းချော်အောင် ပစ္စည်းအတိုအစတွေကို ရထားလမ်းပေါ်မှာ ချနေခဲ့တာပါ။ ကံကောင်းချင်တော့ အဲဒီအမျိုးသားရဲ့ လုပ်ရပ်ကို ခရီးသွားတစ်ယောက်က မြင်ခဲ့ပြီး သတိပေးရာမှတစ်ဆင့် လူတွေလည်းသိကာ ရထားကို အချိန်မှီရပ်နိုင်ခဲ့တဲ့အတွက် ရထားပေါ်မှာပါတဲ့ ခရီးသည်တွေ ၁၀၀ ကျော်လုံး ဘာမှမဖြစ်ခဲ့တာပါတဲ့။

နောက်တစ်ဆက်တည်းမှာပဲ ပထမဆုံး တရားခံကိုစမြင်ခဲ့တဲ့ ခရီးသည်အမျိုးသားဟာ ချက်ချင်းပဲ ရထားသံလမ်းပေါ် ခုန်ဆင်းသွားခဲ့ပြီးတော့တရားခံအမျိုးသားကို လုံးထွေးသတ်ပုတ်ရင်း ဖမ်းဆီးခဲ့ပါတယ်။ နောက် သက်ဆိုင်ရာတွေမလာခင်အထိ တရားခံကို ထိန်းသိမ်းထားနိုင်တဲ့အတွက်ကြောင့် ကံကောင်းစွာနဲ့ပဲ တရားခံကို ဖမ်းမိခဲ့တာပါ။

Twitter- MTA. Wear a Mask. Stop the Spread
Twitter- MTA. Wear a Mask. Stop the Spread

တာဝန်သိပြည်သူတစ်ဦးပီပီ ပြုမူခဲ့တဲ့ ခရီးသည်အမျိုးသားရဲ့ နာမည်ကတော့ Rikien Wilder ပါတဲ့။ သူဟာ ပုံမှန်ပဲ မြေအောက်ရထားစီးပြီး အလုပ်သွားအလုပ်ပြန်နေသူတစ်ဦးပါ။ ဒါပေမဲ့လည်း မျက်စိရှေ့မှာ အခုလို အကြမ်းဖက်မှုဆန်ဆန်မြင်ကွင်းကို မြင်ခဲ့ရတော့ ဘယ်လိုမှ စိတ်မတင်းထားနိုင်ဘဲ ကူညီခဲ့တာဖြစ်ပါတယ်တဲ့။ CNN မှာ ဖော်ပြထားတဲ့အတိုင်းဆိုရင်တော့ Rikien Wilder သာ အဲဒီတရားခံကို ကိုယ်ကျိုးမငဲ့ဘဲ မဖမ်းခဲ့ဘူးဆိုရင် တခြားဘူတာတွေမှာလည်း အလားတူဖြစ်ရပ်မျိုးတွေကို တရားခံဟာ ထပ်လုပ်နိုင်ချေရှိနေတယ်လို့ ပြောထားခဲ့ပါတယ်။ ဒါပေမဲ့လည်း အပျက်အဆီးတွေကိုတော့ ညတွင်းချင်း ပြန်လည်ပြင်ဆင်ရှင်းလင်းလိုက်ရတဲ့အတွက်ကြောင့်တော့ အလုပ်ရှုပ်သွားခဲ့တာပေါ့။

READ
ဒုတိယရင်သွေး ထပ်မွေးလိုက်ပြန်ပြီဖြစ်တဲ့ ယူကေရဲ့ အသက်ငယ်ဆုံးမိခင် အမျိုးသမီး

MTA မြေအောက်ရထားဘူတာရဲ့ Twitter မှာတော့ Rikien Wilder ကို ကျေးဇူးတင်လွန်းနေပြီး တိုက်ဆိုင်စွာနဲ့ပဲ Rikien Wilder ရဲ့ မွေးနေ့ဟာလည်း လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့ဖြစ်တဲ့အတွက်ကြောင့် MTA အနေနဲ့ တစ်ခုခုစီစဉ်ပေးပြီး ကျေးဇူးဆပ်ချင်တာကြောင့် Rikien ကို တစ်နှစ်စာ မြေအောက်ရထား အခမဲ့စီးခွင့်ကို ပေးအပ်ခဲ့ပါတော့တယ်။

 

penny

SHARE