ပီဇာဆိုင်ထဲပစ္စည်းဝင်ခိုးပြီးထူးဆန်းတဲ့အပြုအမူကြောင့် အဖမ်းခံခဲ့ရတဲ့အမျိုးသား

Pixabay-Free-Photos

လူတော်တော်များများဟာ ကိုယ့်အိမ်ကို သူခိုးဝင်ဖောက်တာ မကြုံဖူးရင်တောင် ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလို ကိစ္စမျိုးတွေကို ကြားဖူးကြမှာပါ။ သူခိုးအများစုဟာ နေရာတစ်ခုခုကို ဝင်ရောက်ခိုးယူတော့မယ်ဆိုရင် များသောအားဖြင့် ခိုးစရာရှိတာခိုးပြီး အဲဒီနေရာကနေ အမြန်ဆုံး ထွက်သွားတတ်ကြပါတယ်။ အခုပြောပြချင်တဲ့ သူခိုးကတော့ တော်တော်လေး ထူးဆန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပီဇာဆိုင်တစ်ခုကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ကိုယ့်ဘာသာပီဇာထိုင်လုပ်နေတာကြောင့် ရဲအဖမ်းခံခဲ့ရတာဖြစ်ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] fullerton_pd

အဆိုပါ အမျိုးသားကတော့ အသက် ၂၅ နှစ်အရွယ် Oscar Alexander Sanchez အမည်ရ အမျိုးသားပဲ ဖြစ်ပါတယ်။ Oscar ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Big Slice အမည်ရ ပီဇာဆိုင်ကြီးတစ်ဆိုင်ကို ဝင်ရောက်ဖောက်ထွင်းခဲ့ပါတယ်။

READ
လှပတဲ့ပုံတွေရဲ့ နောက်ကွယ်က ပေးဆပ်မှုတွေကို ထုတ်ဖော်ပြသခဲ့တဲ့ ကောင်မလေး

အဲဒီနောက်မှာတော့ Oscar ဟာ အဆိုပါဆိုင်ကနေ အမေရိကန်ဒေါ်လာ ၅၀၀၊ ဘီယာပုလင်းတွေ၊ လျှပ်စစ်စပစ္စည်းစက်တွေနဲ့ ဆိုင်က Deliver ပို့တဲ့ ပီဇာကားကိုပါ ခိုးယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Oscar တစ်ယောက် ဗိုက်ဆာတာနဲ့ ဆိုင်ရဲ့ နောက်ဖေးကို ဝင်သွားပြီး သူကိုယ်တိုင် ပီဇာတစ်ချပ်ကို ကျကျနန ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် Oscar တစ်ယောက် မသိလိုက်တာတစ်ခုကတော့ သူပီဇာပြုလုပ်နေတဲ့ နေရာတည့်တည့်မှာ CCTV ကင်မရာကြီးတစ်ခု ရှိနေတယ်ဆိုတာပါပဲ။ အဲဒီနောက်မှာတော့ Oscar တစ်ယောက်ဟာ ဆိုင်ကထွက်သွားပြီး သိပ်မကြာခင်ရက်ပိုင်းမှာပဲ အဖမ်းခံခဲ့ရပါတယ်။

 

“ဆိုင်ဖွင့်လာတဲ့ ၁၇ နှစ် သက်တမ်းမှာ ဒါမျိုးဖြစ်တာ ပထမဦးဆုံးပါပဲ။ သူခိုးကတော့ ဆိုင်မှာရှိသမျှပစ္စည်းတွေကို အကုန်မသွားတာပါ။ ဆိုင်က ပီဇာ Deliver လိုက်ပို့တဲ့ ကားလေးပါ ခိုးသွားတယ်။ ကံကောင်းတာတစ်ခုကတော့ မီးဖိုချောင်ထဲမှာရှိတဲ့ CCTV ကြောင့် အခုလို ဖမ်းနိုင်ခဲ့တာပါ။ သူသာ ပီဇာကိုယ်တိုင်လုပ်ပြီး စားဖို့ မီးဖိုချောင်ထဲ ဝင်မလာရင် ခိုးသွားတဲ့လူ ဘယ်သူမှန်း ကျွန်တော်တို့ သိမှာ မဟုတ်ပါဘူး။ အခုကတော့ CCTV ထဲမှာ တွေ့ရတဲ့ မျက်နှာကို ရဲတပ်ဖွဲ့တွေက ခြေရာခံလိုက်လို့ အခုလို အမြန်ဆုံး ဖော်ထုတ်နိုင်ခဲ့တာပါ”လို့ အဆိုပါဆိုင်ရဲ့ မန်နေဂျာဖြစ်သူ Rafel Calles က New Station သတင်းဌာနကို ပြောပြခဲ့ပါတယ်။

READ
Bat-Pool ဇာတ်ကောင်ရဲ့ ဖန်တီးသူဆိုပြီး လှောင်ပြောင် ခံနေရတဲ့ အဆိုတော်
Pixabay- 4711018

Pyi Hein Kyaw

SHARE