ATM စက်က ပိုက်ဆံအများကြီးထွက်လာလို့ဆိုပြီး စက်ကို ဖျက်ဆီးခဲ့သူ

ဖလော်ရီဒါက လူတစ်ယောက်ဟာ ATM စက်က ပိုက်ဆံအများကြီးထွက်လာလို့ဆိုပြီး ဒေါသထွက်ကာ စက်ကို ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ထိုဖြစ်ရပ်ကြောင့် ဒေါ်လာထောင်ပေါင်းများစွာတန်ဖိုး ပျက်စီးမှုတွေ ဖြစ်သွားပြီး သူ့ကို အမှုဖွင့်ကာ ဖမ်းဆီးထားပြီဖြစ်ကြောင်း သိရပါတယ်။

အသက် (၂၃) နှစ်အရွယ် Michael Oleksik အမည်ရှိ ပြစ်မှုကျူးလွန်သူဟာ Wells Fargo ဘဏ်ရဲ့ ATM စက်ရှိ Touch Screen မျက်နှာပြင်ကို ထုထောင်းဖျက်ဆီးခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်က ပြောကြားခဲ့ပါတယ်။ Oleksik ဟာ ATM စက်က ငွေသားအများကြီးထွက်လာကာ ဘာလုပ်ရမှန်းမသိတာကြောင့် ဒေါသထွက်ခဲ့တာဖြစ်ကြောင်း ပျက်စီးစေမှုတွေအတွက် တောင်းပန်ကြောင်း ဘဏ်ကို ဖုန်းဆက်ပြီး လှမ်းတောင်းပန်ခဲ့ပါတယ်။

Merritt ကျွန်းသားတစ်ယောက်ဖြစ်သူ Oleksik ဟာ အလုပ်နောက်ကျနေခဲ့တာကြောင့် အလျင်လိုပြီး စိတ်ရှုပ်ကာ ထိုကဲ့သို့ ပြုမူခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ATM စက်မှာ ဒေါ်လာ (၅,၀၀၀) ခန့်တန်ဖိုး ပျက်စီးဆုံးရှုံးသွားတာကြောင့် ကျူးလွန်သူကို ဖမ်းဆီးပေးဖို့ ဘဏ်က ရဲဌာနကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး အခုဆိုရင် တရားခံဟာ ရုံးတင်စစ်ဆေးခံဖို့ စောင့်နေရပြီဖြစ်ကြောင်း သိရပါတယ်။

READ
အမျိုးသားချောချောလေးတွေ အများဆုံးရှိတဲ့ နိုင်ငံများ

White (Shwemom)

SHARE