စိတ်မရှည်မှုတစ်ခုကြောင့် ပြည်သူပိုင်ပစ္စည်း ဒေါ်လာ ၃၀၀၀၀ ဖိုးပျက်ဆီးသွားတဲ့အဖြစ်

Youtube-Portland Police

ကားလမ်းတစ်ခုပြီးအောင် ဆောက်ဖို့၊ ပြုပြင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီအလုပ်ကို လုပ်ရတဲ့အချိန်က ညသန်းခေါင် ကားသွားကားလာရှင်းတဲ့အချိန်မှာမှ သက်ဆိုင်ရာဝန်ထမ်းတွေက ညဖက်ကြီးအလုပ်လုပ်ရတာပါ။ ဒီလိုအပင်ပန်းခံပြီး တည်ဆောက်ထားရတဲ့ လမ်းတစ်ခုကို ကားမောင်းတဲ့သူတွေက တန်ဖိုးထားသင့်ပါတယ်။ ဒါပေမယ့် Richard Reed ဆိုတဲ့အမျိုးသားကတော့ တန်ဖိုးမထားခဲ့ပါဘူး။

Richard ဟာ လက်ရှိအချိန်မှာတော့ မခြောက်သေးတဲ့ ကွန်ကရစ်လမ်းမတစ်ခုအပေါ်မှာ ကားဖြတ်မောင်းခဲ့လို့ အဖမ်းခံခဲ့ရကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း Richard ဟာ လမ်းမပေါ်ကို မရောက်ခင် လူရှင်းမရှင်းသေချာကြည့်ပြီးမှ တားထားတဲ့ဟာတွေကို ဝင်တိုက်ပြီး မခြောက်သေးတဲ့ ကွန်ကရစ်လမ်းပေါ်ဖြတ်မောင်းခဲ့တာပဲ ဖြစ်ပါတယ်။

သူ့ကားကိုကြည့်ရတာ တမင်ကြီးကို သိသိရက်နဲ့ တက်မောင်းသွားတဲ့ပုံလို့ ဗီဒီယိုအရ ထင်မိပါတယ်။ ကားကတည့်တည့်ကြီးမောင်းလာကာ လမ်းပိတ်ထားတယ်လို့ တွေ့တာကို ခဏလောက်ကားရပ်ပီး စဉ်းစားနေဟန်တူပါတယ်။ ပြီးမှ မထူးတော့ပါဘူးလေ ဆိုပြီး ကားကို ဖြတ်မောင်းသွားတဲ့ပုံပါ။ Richard ဖြတ်စီးလိုက်တဲ့ တန်ဖိုးဟာ ဒေါ်လာ ၃ သောင်းဖိုးလောက်ရှိနေခဲ့တာပါ။ ဒါတောင် ကုန်ဆုံးခဲ့တဲ့ အချိန်တွနဲ့ လုပ်အားတွေမပါသေးဘူး။

READ
သဘာဝ ပတ္တမြားကော်ဇောထက်က အခြေခံဘ၀သမားတို့ရဲ့ ပူလောင်တဲ့ အလှတရား
Twitter-Portland Police

“ ဒီကိစ္စဟာတော်တော်ကို တာဝန်မဲ့တဲ့ လုပ်ရပ်တစ်ခုပါ။ ဒီကိစ္စဟာ ပြစ်မှုသေးတယ်လို့ပြောလို့ရပေမယ့် ဒီလိုမျိုးကတော့ လုံးဝမလုပ်သင့်ပါဘူး။ လက်ရှိအချိန်မှာတော့ Richard ကို ကျွန်တော်တို့ ဖမ်းဆီးထားပြီး တရားစွဲထားပါတယ်။ ဥပဒေအရပဲ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ Portland ရဲတပ်ဖွဲ့မှ အရာရှိတစ်ဥိးက ပြောကြားခဲ့ပါတယ်။ နောက် လျော်ကြေးအနေနဲ့လည်း မှတ်လောက်သားလောက်အောင် အပြစ်ပေးသွားမှာပါတဲ့။

Pyi Hein Kyaw

SHARE