ဝံပုလွေ မျက်နှာဖုံးစွပ်ပြီး လူတွေကို လိုက်လံခြောက်လှန့်နေလို့ အဖမ်းခံခဲ့ရတဲ့ အမျိုးသား

[email protected]

ဒီနေ့ခေတ်မှာ လူတွေကို လိုက်လံခြောက်လှန့်လေ့ရှိတဲ့ prank ဗီဒီယိုတွေကို တော်တော်များများ ကြည့်ဖူးကြမှာပါ။ တစ်ချို့ကတော့ သရဲတွေလို ဝတ်စားဆင်ယင်ပြီး ညဖက်တွေမှာ လူတွေကို လိုက်လံခြောက်လှန့်လေ့ရှိသလို တစ်ချို့တွေကတော့ စိတ္တဇလူသတ်သမားပုံစံမျိုးတွေ ဝတ်ဆင်ကာ လိုက်လံခြောက်လှန့်လေ့ ရှိတတ်ပါတယ်။ ကိုယ်နဲ့ မသိတဲ့ လူတစ်ယောက်ကို စတယ်ဆိုတာကတော့ လူတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းအပေါ် မူတည်ပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ကတော့ ဝံပုလွေ မျက်နှာဖုံးနဲ့ ဝတ်ဆင်ပြီး ဝတ်ရုံကြီးတကားကားနဲ့ လိုက်လံခြောက်လှန့်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါ အမျိုးသားကတော့ ပါကစ္စတန်နိုင်ငံ၊ Peshawar မြို့ရှိ Asad Khan လို့ အမည်ရတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်။ Asad ဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူးအကြိုည(၃၁.၁၂.၂၀၂၀)တုန်းက လူတွေကို ဝံပုလွေ မျက်နှာဖုံးကြီးဝတ်ပြီး လိုက်လံခြောက်လှန့်ခဲ့ပါတယ်။ Asad ရဲ့ ပုံစံကတော့ ပုံထဲမှာ တွေ့ရတဲ့အတိုင်း ရုတ်တရက် မြင်လိုက်တာနဲ့ တော်တော်လေးကို ထိတ်လန့်ဖို့ ကောင်းလွန်းပါတယ်။ အဲဒီလိုပုံစံမျိုးကြီးနဲ့ ညဖက်လိုအချိန်မျိုးမှာ ကိုယ့်အရှေ့က ရုတ်တရက် ထွက်ပေါ်လာရင် ဘယ်သူမဆို တော်တော်လေး ထိတ်လန့် တုန်လှုပ်မိမှာတော့ အမှန်ပါပဲ။ အဲဒီနောက်မှာတော့ Shah Qabool ရဲတပ်ဖွဲ့ဟာ Asad တစ်ယောက် ဝုံလွေ မျက်နှာဖုံးကြီးဝတ်ပြီး လိုက်လံခြောက်လှန့်နေတယ်ဆိုတဲ့ တိုင်ကြားချက်တွေကို ရရှိခဲ့တာကြောင့် Asad ကို ချက်ချင်းဆိုသလို သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

READ
ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကမ္ဘာ့နံနံပင်မုန်းတီးရေးနေ့ဆိုတာ သင်သိပါသလား

 

ဒီလိုမျိုး ရဲတပ်ဖွဲ့က Asad ကို ဖမ်းဆီးခဲ့တဲ့အပေါ်မှာ ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။ တစ်ချို့ကတော့ အပျော်တမ်းသက်သက် စနောက်တာကြောင့် Asad ကို အရေးမယူသင့်ကြောင်း၊ ဒီလိုပုံစံမျိုးနဲ့ prank လုပ်တဲ့ လူတွေဟာ နိုင်ငံတိုင်းလိုလိုမှာရှိကြောင်း အစရှိသဖြင့် Asad ဖက်က ကာကွယ်ပြောကြားပေးတဲ့ လူတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ Asad ဟာ Halloween နဲ့ New Year ကို မှားနေတဲ့ လူတစ်ယောက်ဖြစ်ကြောင်း အစရှိသဖြင့် နောက်ပြောင်ခဲ့တဲ့ လူတွေလည်း ရှိပါတယ်။

READ
ပင်ဂွင်းကာတွန်းကြည့်ပြီး ပျော်နေရှာတဲ့ သြစတြေးလျတိရစ္ဆာန်ရုံက ပင်ဂွင်းလေး

Pyi Hein Kyaw

SHARE