ကိုဗစ်ကြောင့် ထိပ်တန်းစားဖိုမှူး ဘ၀ကနေ ဒံပေါက်သည်ဘဝကို ရောက်ခဲ့ရတဲ့ အမျိုးသား

[email protected] Parkar

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကြီး ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းလိုလို တော်တော်လေး စိတ်ညစ်နေရတဲ့ အချိန်တွေပါပဲ။ ဒီကပ်ရောဂါကြီးကြောင့်ပဲ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုတွေ၊ စားသောက်ဆိုင်တွေ၊ ကုမ္ပဏီတွေ အနည်းနဲ့ အများ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ရပါတယ်။ အလုပ်ရှိတဲ့ လူတော်တော်များများလည်း ဒီကပ်ရောဂါဆိုးကြီးကြောင့်ပဲ အလုပ်ပြုတ်တဲ့လူကပြုတ်၊ လစာအပြည့်မရတဲ့ လူကမရနဲ့ တော်တော်လေးကို တိုင်ပတ်နေကြရှာပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ကလည်း အဲဒီလိုပါပဲ။ အဆိုပါ အမျိုးသားဟာ တစ်ချိန်တုန်းက စားဖိုမှူးကြီးတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ လမ်းမပေါ်မှာ ဒံပေါက်ရောင်းနေရကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အမျိုးသားရဲ့ နာမည်ကတော့ Akshay Parkar ပဲ ဖြစ်ပါတယ်။ Akshay ဟာ COVID 19 ကပ်ရောဂါဆိုးကြီး မကျရောက်ခင် လွန်ခဲ့တဲ့ ၈ နှစ်လုံးလုံးမှာတော့ ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ဇိမ်ခံသင်္ဘောကြီးတွေမှာ လုပ်ကိုင်ရတဲ့ စားဖိုမှူးကြီးတစ်ယောက်ပါပဲ။ ဒါပေမယ့် COVID 19 ကပ်ရောဂါကြီး စတင်ဖြစ်ပွားတဲ့ အချိန်မှာတော့ ခရီးသွားလာရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာကြောင့် Akshay ခမျာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရရှာပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ Akshay ဟာ လမ်းမတွေပေါ်မှာ ဒံပေါက်ချက်ပြီး လိုက်ရောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

READ
သခင်ဖြစ်သူရဲ့အသက်ကို ကယ်ပေးနိုင်ခဲ့တဲ့ ကြောင်ဆိုးမလေးတစ်ကောင်

 

အခုဆိုရင်တော့ Akshay ဟာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ Dadar ရပ်ကွက်ရဲ့ လမ်းမပေါ်မှာ Parkar Biryani House အမည်ရှိ လမ်းဘေးဈေးဆိုင်လေးတစ်ခု ဖွင့်လှစ်ပြီး ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ ဒံပေါက်တွေကို ရောင်းချနေပြီဖြစ်ပါတယ်။ ဒီဆိုင်မှာ လာစားဖူးတဲ့ စားသုံးသူတော်တော်များများဟာ သာမန်ဒံပေါက်တွေထက် စားကောင်းတာကြောင့် သတိထားမိခဲ့ပြီး Akshay ရဲ့ ဘဝအကြောင်းကို သိရှိခဲ့တဲ့ အချိန်မှာတော့ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် Akshay ရဲ့ အကြောင်းကို ကြော်ငြာပေးခဲ့ရာ အခုဆိုရင်တော့ Akshay ရဲ့ ဒံပေါက်ဆိုင်လေးဟာ တဖြည်းဖြည်းနဲ့ လူပိုသိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

READ
စကားတစ်ခွန်းထဲနဲ့ ပရိတ်သတ်တွေကို ဖမ်းစားခဲ့တဲ့ Miss Universe 2019 Winner

Pyi Hein Kyaw

SHARE