မိုးပေါ်ကကျလာတဲ့ လက်ဆောင်တစ်ခုကြောင့် နေ့ချင်းညချင်း သူဌေးဖြစ်သွားခဲ့တဲ့ အမျိုးသား

[email protected] Hutagalung

“လှံထမ်းလာတာပဲ မြင်ရတယ် ကံထမ်းလာတာ မမြင်ရဘူး”ဆိုတဲ့ မြန်မာစကားပုံကိုတော့ လူတိုင်းကြားဖူးကြမှာပါ။ လူတစ်ယောက်ရဲ့ ကံကြမ္မာဟာ အမြဲတမ်းကြီး မဆိုးနိုင်သလို အမြဲတမ်းကြီးလည်း မကောင်းနေနိုင်ပါဘူး။ ဒီနေ့ညမှာ ကိုယ်က သာမန်လူတစ်ယောက်ဖြစ်နေပေမယ့် နောက်တစ်နေ့ မနက်မှာတော့ ကိုယဟာ သန်းကြွယ်သူဌေးကြီးတစ်ယောက်လည်း ဖြစ်သွားနိုင်ပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားကတော့ အဲဒီလို ကံကြမ္မာမျိုးနဲ့ နဖူးတွေ့ဒူးတွေ့ကို ကြုံခဲ့ရတာပါ။

[email protected] Hutagalung

အဆိုပါ အမျိုးသားကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားပြည်နယ်ရှိ Kolan မြို့မှ အသက် ၃၃ နှစ်အရွယ် Josua Hutagalung အမည်ရ အမျိုးသားပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ၇က်နေ့ညပိုင်းမှာ Josua တစ်ယောက် အိပ်ပျော်နေတုန်း ကြီးမားတဲ့ အသံတစ်သံကြောင့် သူ့ရဲ့ နေအိမ်လှုပ်ခါသွားတာကို သိရှိခဲ့ရတပါတယ်။ အဲဒီနောက်မှာတော့ ခြံထဲသွားရောက်စစ်ဆေးခဲ့ရာ သူ့ရဲ့ အိမ်ခေါင်မိုးမှာ အပေါက်ကြီးတစ်ပေါက်တွေ့ခဲ့ရပြီး မြေပင်ပေါ်မှာတော့ ဘောလုံးငယ် အရွယ်အစားရှိတဲ့ ကျောက်တုံးတစ်တုံးကို တွေ့ခဲ့ရပါတယ်။

READ
ကောင်းကင်ဘုံနဲ့ တူတဲ့နေရာဖြစ်ဖို့ ကလေးတွေကို ဆိုင်ထဲဝင်ခွင့်မပြုတဲ့ ဘာဂါဆိုင်

Josua ဟာ အဆိုပါ ကျောက်တုံးကို သေသေချာချာ ကြည့်ဖို့ ကိုင်လိုက်တဲ့ အချိန်မှာတော့ အဆိုပါကျောက်တုံးဟာ ပူပူနွေးနွေးလေး ဖြစ်နေတာကို သတိထားမိခဲ့ပြီး ဥက္ကာခဲလားဆိုပြီး သံသယဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ သတင်းဟာ Kolan မြို့မှာ ပျံ့နှံ့သွားခဲ့ပြီး အဆိုပါ ဥက္ကာခဲကို ကြည့်ရှု့ဖို့အတွက် လူပေါင်းများစွာ လာရောက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Josua ရဲ့ ဥက္ကာခဲကို အမေရိကန်နိုင်ငံရှိ ဥက္ကာခဲ သုတေသန ပညာရှင်တစ်ဦးဖြစ်တဲ့ Jay Piatek က အမေရိကန်ဒေါ်လာ ၁.၇ သန်း( သိန်းနှစ်သောင်းကျော်)ပေးပြီး ဝယ်ယူခဲ့ကြောင်း သိရပါတယ်။

“တော်တော်လေးကို ပျော်ရွှင်ခဲ့ရပါတယ်။ အစကတော့ ဒီဥက္ကာခဲကို အဲဒီလောက်အထိ တန်မယ်လို့ မထင်ခဲ့ပါဘူး။ တန်ဖိုးရှိမှန်းတော့ သိပါတယ်။ အခုတော့ ကျွန်တော့်အနေနဲ့ ဝမ်းသာရပါတယ်။ ကျွန်တော့်မြို့မှာလည်း ဘုရားကျောင်းတစ်ကျောင်းဆောက်လုပ်လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်”လို့ Josua က ပြောကြားခဲ့ပါတယ်။

READ
Amazon ရဲ့ ရပ်တည်ချက်ကို မကြိုက်ရင် သူတို့ ပစ္စည်းတွေ မ၀ယ်နဲ့လို့ ပြောခဲ့တဲ့ Jeff Bezos

Pyi Hein Kyaw

SHARE