အကိုက်အခဲပျောက်ဆေးတွေကြောင့် လိင်တူချစ်သူဖြစ်လာကြောင်းဆိုလာတဲ့အမျိုးသား

အမျိုးသားတစ်ယောက်က သူဟာအကိုက်အခဲပျောက်ဆေးတွေကိုမှီဝဲခဲ့တာကြောင့် လိင်တူချစ်သူတစ်ဦးအဖြစ်ပြောင်းလဲခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဆိုပါအမျိုးသားက အသက်(၂၃)နှစ်ရှိပြီဖြစ်ပြီး စကော့ပါဒီလို့အမည်ရပါတယ်။

စကော့ဟာဂိုးလ်ကာ့တ်တစ်စီးကိုမောင်းနေရင်းနဲ့ ခြေထောက်ကျိုးသွားရာကနေ အကိုက်အခဲပျောက်ဆေးတွေကို စတင်မှီဝဲခဲ့ပါတယ်။ ဆေးသောက်ပြီးကတည်းက အမျိုးသမီးတွေကိုတပ်မက်စွဲလန်းတဲ့စိတ်ဟာ ရုတ်ချည်းပျောက်ဆုံးသွားခဲ့ကြောင်း စကော့ကဆိုပါတယ်။ စကော့ဟာ ခြောက်လကြာတွဲခဲ့ဖူးတဲ့ ရည်းစားမိန်းကလေးနဲ့လည်းပြတ်ဆဲသွားခဲ့တဲ့အပြင် လိင်တူချင်းဖြစ်တဲ့အမျိုးသားတွေအပေါ်မှာ စတင်ပြီးစွဲလန်းတပ်မက်လာကြောင်းပြောပြပါတယ်။

(Picture: SWNS)

စကော့က “ကျွန်တော့် ရည်းစားကောင်မလေးနဲ့ (၆) လလောက်ပဲတွဲခဲ့ရတယ်။ အရင်တုန်းက ကျွန်တော်ယောက်ျားလေးတွေအပေါ်မှာ တကယ်ကိုစိတ်မ၀င်စားခဲ့ပါဘူး။ ဒါပေမယ့် Pregabalin သောက်ပြီးတဲ့နောက်ပိုင်း ရက်တော်တော်ကြာတော့ စိတ်ကတမျိုးဖြစ်လာတယ်။ ကျွန်တော့်ကောင်မလေးကို ဆွဲဆောင်မှုရှိတယ်လို့မမြင်တော့ဘူး။ ကောင်မလေးကလဲ ကျွန်တော် Pregabalin သောက်နေတာသိတယ်။”

“ကျွန်တော်က ကောင်မလေးကိုပြောလိုက်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ဘာဖြစ်နေမှန်းမသိဘူးလို့။ ပြီးတော့ သူမကိုစိတ်မ၀င်စားတော့ဘူး၊ ယောက်ျားတွေကိုပဲစိတ်ဝင်စားတော့တယ်လို့ပြောလိုက်တယ်” လို့ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

(Picture: SWNS)

Pregabalin တနည်းအခေါ် Lyrica ဟာ စိတ်ဂဏှာမငြိမ်တဲ့ရောဂါ၊ ၀က်ရူးပြန်ရောဂါနဲ့ ဦးနှောက်နဲ့ဆက်နွယ်နေတဲ့နာကျင်မှုဝေဒနာတွေကုသရာမှာအသုံးပြုပါတယ်။ ဆေးသောက်တဲ့ဆိုးကျိုးအနေနဲ့ ကာမရာဂဆန္ဒစိတ်တွေလျော့ကျပြီး စိတ်အပြောင်းအလဲတွေဖြစ်စေနိုင်ကြောင်းသိရပါတယ်။ လင်ကွန်းရှိုင်းယားနေ စကော့က “လူတွေက ဆေးဝါးတွေရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုသိဖို့အရေးကြီးပါတယ်။ ကျွန်တော်လဲ ဘာကြောင့်လိင်တူချင်းကြိုက်လာရသလဲဆိုတာ အဖြေရှာဖို့အချိန်ယူခဲ့ရပါတယ်။ ဆေးဖြတ်လိုက်တဲ့အခါကျတော့ ယောက်ျားတွေအပေါ်စွဲလန်းတပ်မက်တဲ့စိတ်က ပျောက်သွားတာပဲ” လို့ဆိုပါတယ်။

READ
ဟောလိဝုဒ်လူစွမ်းကောင်းတွေ တရုတ်ပြည်မှာ အလုပ်လုပ်နေကြတဲ့အခါ
(Picture: SWNS)

ဒါပေမယ့် စကော့ဟာ လက်ရှိမှာထိုဆေးကို ပြန်သောက်လျက်ရှိနေပါတယ်။ ဆေးကြောင့် လွတ်လွတ်လပ်လပ်နေရပြီး ပျော်ရွှင်နေရတဲ့ခံစားမှုကိုနှစ်သက်ကြောင်းနဲ့ သူ့ကိုယ်သူ လိင်တူချစ်သူတစ်ဦးဖြစ်ရတာကို သဘောကျကြောင်းပြောပြပါတယ်။ ဒါ့အပြင်စကော့ဟာ Plenty of Fish ၀က်ဆိုက်ဒ်ကနေအမျိုးသားတစ်ဦးနဲ့စတင်တွေ့ဆုံနေပြီဖြစ်ပါတယ်။ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ လန်ဒန်ကိုသွားပြီး ထိုအမျိုးသားနဲ့သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။ Pregabalin (Lyrica) ဆေးဝါးကိုတော့ Viagra ထုတ်လုပ်တဲ့ ဆေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Pfizer ကထုတ်လုပ်ကြောင်းသိရပါတယ်။

လင်းလင်း (ShweMom)

Ref: Metro

SHARE