ငယ်ချစ်ဟောင်းရဲ့မင်္ဂလာပွဲမှာ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့တဲ့ အမျိုးသားတယောက်ရဲ့ပုံရိပ်

Q-kie Mho/Facebook

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီတောင်ပိုင်းမှာ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ငယ်ချစ်က တစ်ခြားသူနဲ့လက်ထပ်သွားတာကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးနောက်၊ မင်္ဂလာပွဲမှာ သည်းထန်စွာငိုကျွေးခဲ့ပြီး၊ ဆောက်တည်ရာမရ ကမ္ဘာပျက်သလို၊ ချက်ချင်းပြိုလဲပြီး ငိုပွဲဆင်ခဲ့ရပါတယ်။

သတို့သမီးရဲ့နာမည်ကတော့ Aswar Anas ဖြစ်ပြီး၊ သူမဟာ ချစ်သူ Asni နဲ့ (၆)နှစ်ကြာ တွဲလက်ခိုင်မြဲခဲ့သူပါ။ ဒါပေမယ့် Aswar ကတော့ တစ်ခြားအမျိုးသားတစ်ယောက်ကိုပဲ လက်ထပ်ဖို့ အခြေအနေအရ ရွေးချယ်ခဲ့ရတာဖြစ်ပြီး၊ Asni အဖို့တော့ ရည်းစားကိုလု အူနုကို ချွဲခတ်ခံလိုက်ရသလို အနေရအထိုင်ရခက်ပြီး မစားနိုင်မသောက်နိုင် တမှိုင်မှိုင်နဲ့ ချစ်သူဟောင်းရဲ့ မင်္ဂလာပွဲကို အရှုံးတွေပွေ့ဖက်၊ မျက်ရည်တွေပဲ လက်ဆောင်အဖြစ် နှင်းအပ်နိုင်ခဲ့တာပါ။ သူဟာ မင်္ဂလာပွဲဘိသိက်ခံဖို့ ပြင်နေချိန်မှာ ထိန်းမနိုင်သိမ်းမရ ငိုကျွေးပေါက်ကွဲခဲ့ရာ၊ မင်္ဂလာပွဲလာ ပရိသတ်တွေလည်း အတော်စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

သတို့သမီး Aswar ကိုယ်တိုင် ဘဝခရီးလမ်းအသစ်ကို သူမ ဆုံးဖြတ်နဲ့ ကိုယ်တိုင်ရွေးချယ်ခဲ့ရပေမယ့် ငယ်ချစ်ဟောင်း Asni ငိုနေတာကိုမြင်တော့ သူမလည်း စိတ်မကောင်းခြင်းကြီးစွာနဲ့ သူမကိုယ်တိုင်လည်း ငိုကျွေးနေခဲ့တာကို မြင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် နှုတ်လို့မရတဲ့ ကြမ်းကို ကျွံပြီးပြီမို့ သူမအနေနဲ့ နောက်ဆုတ်လို့ မရတော့ပါဘူး။

Posted by Q-kie Mho on Sunday, September 1, 2019

မကြာမီမှာပဲ မင်္ဂလာပွဲကိုရောက်လာသူတစ်ချို့က Asni ကို အပြင်ဆွဲခေါ်သွားကြပြီး ဖျောင်းဖြနားချ၊ ခဲ့ကြတယ်လို့ သိရပါတယ်။ တကယ်တော့ Aswar နဲ့ Asni တို့ဟာ မချစ်ဘဲ ဝေးခဲ့ကြတာ မဟုတ်ပါဘူး။ ဘာသာချင်းမတူတဲ့အတွက် မိဘတွေတင်းခံနေရာကနေ နောက်ဆုံး Aswar က နီးစပ်တဲ့အမျိုးသားတစ်ယောက်ကို ရွေးချယ်ခဲ့ရတာပါ။

နောက်ပိုင်း Asni ရဲ့မိဘတွေက မီးစိမ်းပြတော့ သူဟာ Aswar ရဲ့ မိဘတွေထံ လက်ထပ်ခွင့်တောင်းဖို့ နောက်ကျခဲ့သူဖြစ်ခဲ့ပါတယ်။ နောက်ကျသူတို့ထုံးစံအတိုင်း အပေါက်ဝကသာ လှည့်ပြန်ခဲ့ရပြီး၊ စက်တင်ဘာ(၂)ရက်မှာ ကျင်းပတဲ့ ချစ်သူဟောင်းရဲ့ မင်္ဂလာပွဲဟာ သူ့အတွက်တော့ ငရဲတမျှ ဖြစ်ခဲ့ပါတော့တယ်။

Posted by Q-kie Mho on Sunday, September 1, 2019

လင်းသူရိန်

SHARE