စုဆောင်းထားတဲ့ Figure အရုပ်တွေ လွှင့်ပစ်ခဲ့တဲ့ ချစ်သူကို လမ်းခွဲခဲ့တဲ့ အမျိုးသား

[email protected]靠北女友2.0

လူတစ်ချို့မှာ စုဆောင်းရတာကို ကြိုက်နှစ်သက်တဲ့ ဝါသနာရှိတတ်ပါတယ်။ တံဆပ်ခေါင်းတွေ စုဆောင်းတာတို့၊ ဒင်္ဂါးပြားတွေ စုဆောင်းတာတို့၊ Figure အရုပ်တွေ စုဆောင်းတာတို့ အစရှိသဖြင့် အစားစားရှိတတ်ပါတယ်။ အဲဒီထဲမှာမှာ စုဆောင်းတာ အများဆုံးကတော့ Figure အရုပ်တွေကို စုဆောင်းတဲ့ လူတွေပါပဲ။ လူတော်တော်များများကတော့ ဒီလိုအရုပ်စုတတ်တဲ့ လူတွေကို အပိုအလုပ်တွေလုပ်တယ်၊ အရည်မရအဖတ်မရတွေ၊ ကလေးစိတ်မပျောက်သေးဘူးလား အစရှိသဖြင့် မေးခွန်းတွေမေးလေ့ ရှိပါတယ်။ ဒီလိုမေးတာက သူတို့ရဲ့ အမြင်မှာ ဒီလို Figure အရုပ်တွေစုတာကို ကလေးကလားဆန်ပြီး အဲဒီ Figure အရုပ်တွေအပေါ် ဘာခံစားချက်မှ မရှိလို့ပါပဲ။

အပေါ်မှာ တွေ့ရတဲ့ ပို့စ်ကတော့ အမည်ဖော်ပြထားခြင်းမရှိတဲ့ ထိုင်ဝမ် အမျိုးသားတစ်ယောက် facebook ပေါ်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုပါ။ အဆိုပါ အမျိုးသားရဲ့ တင်ထားတဲ့ ပို့စ်အရဆိုရင် သူဟာ ဂျပန် နာမည်ကြီး Anime ကာတွန်းကားတစ်ကားဖြစ်တဲ့ Demon Slayer ထဲက Nezuko ရဲ့ ဖန်အကြီးစားတစ်ယောက်ပါ။ အဆိုပါ အမျိုးသားဟာ Nezuko နဲ့ ပတ်သတ်တဲ့ Figure အရုပ်တော်တော်များများကို  တောက်လျှောက် ဝယ်ယူစုဆောင်းခဲ့ပြီး တန်းဖိုးအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၃,၄၀၀( မြန်မာငွေ ၄၅ သိန်းနီးပါး)ကျော် တန်ဖိုးရှိပါတယ်။

READ
သမီးငယ်နဲ့ အိမ်မွေးခွေးလေးတို့ရဲ့အဆိုအကကို အမှတ်တမဲ့ မှတ်တမ်းတင်ခဲ့တဲ့ ဖေဖေ

ဒီလိုနဲ့ အဆိုပါ အမျိုးသာူဟာ သူ့နယ်မြို့ဆီ နှစ်ရက်လောက် အလည်ပြန်သွားတဲ့ အချိန်မှာ သူ့ရဲ့ ချစ်သူဟာ အဆိုပါ အမျိုးသားရဲ့ နေအိမ်ကို ရောက်လာခဲ့ပြီး အဆိုပါ Nezuko အရုပ်တွေကို အခန်းထဲမှာ နေရာရှုပ်လို့ဆိုပြီး အိတ်တစ်အိတ်နဲ့ အကုန်ထုပ်ကာ အမှိုက်ပုံးထဲသို့ လွှင့်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါ အမျိုးသားပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ့ချစ်သူရဲ့ လုပ်ရပ်ကြောင့် ဒေါသအကြီးအကျယ် ထွက်ခဲ့ရှာပါတယ်။ ဒီလိုနဲ့ အမှိုက်ကုမ္ပဏီကို ဖုန်းဆက်မေးကြည့်တဲ့ အခါမှာလည်း အမှိုက်တွေကို သိမ်းသိမ်းပြီးချင်း နောက်တစ်နေ့မနက်မှာတင် မီးရှို့လိုက်ပြီဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို အဆိုပါ အမျိုးသားက သူ့ရဲ့ facebook မှာ အစအဆုံးတင်ခဲ့ပြီး ပေါက်ကွဲခဲ့ပါတယ်။ အဆိုပါ ပို့စ်ကို တွေ့တဲ့ လူတိုင်းကလည်း အဆိုပါအမျိုးသားဖက်က ဝိုင်းဝန်းရပ်တည်ခဲ့ပြီး သူ့ချစ်စသူကောင်မလေးရဲ့ လုပ်ရပ်ကို ဝေဖန်ရှုံ့ချခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဆိုပါ အမျိုးသားဟာ သူ့ကောင်မလေးကို လမ်းခွဲခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။

READ
ဒုက္ခိတအယောင်ဆောင်ပြီး လူတွေကို တစ်ပတ်ရိုက်နေတဲ့ ဘန်ကောက်က ခွေးလေး

Pyi Hein Kyaw

SHARE