Valentine’s Day မှာ အထီးကျန်နေတဲ့ အမျိုးသမီးတိုင်းကို နှင်းဆီပန်းလိုက်ပေးခဲ့တဲ့ အမျိုးသား

facebook/Rose Rush

ချစ်သူကြင်သူရှိသူတွေအတွက် ဗယ်လင်တိုင်းနေ့ဟာ ချောကလက်တွေ၊ ပန်းစည်းတွေနဲ့ ပျော်စရာအတိပြီးတဲ့ ကြည်နူးဖွယ်နေ့လေး ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကိုယ်တည်းသမားတွေအတွက်တော့ အဲ့ဒီနေ့ဟာ ကိုယ့်ရဲ့အထီးကျန်နေတဲ့ဘ၀ကို ပိုပြီးမြင်သာထင်ရှားရှိစေတဲ့နေ့လည်း ဖြစ်နေပါတယ်။ အမျိုးသမီးတွေဟာ တစ်ယောက်ထဲနေရတဲ့ဘ၀ကို ဘယ်လောက်ခုံမင်တယ်ပဲပြောပြော Valentine’s Day မှာ ကြင်နာသူဆီက လက်ဆောင်ပစ္စည်းလေးတွေရပြီး ပျော်ရွှင်နေတဲ့ အမျိုးသမီးလေးတွေကို တစ်ခဏလောက်တော့ အားကျတတ်ကြပါတယ်။

facebook/Rose Rush

ဒါကိုနားလည်တဲ့ အမေရိကန်နိုင်ငံက အသက် (၂၉) နှစ်အရွယ် ဆက်သ်စတီးဝပ်အမည်ရတဲ့ အမျိုးသားလေးတစ်ယောက်က Valentine’s Day မှာ အထီးကျန်နေတဲ့ အမျိုးသမီးတွေကို ကူညီခဲ့ပါတယ်။ ဆက်သ်ဟာ ပြီးခဲ့တဲ့ (၈) နှစ်လုံးလုံး တစ်ကိုယ်တည်းဖြစ်နေတဲ့ ဒေသခံ မုဆိုးမတွေ၊ အပျိုကြီးတွေ၊ တစ်ခုလပ်အမျိုးသမီးတွေ၊ စစ်တပ်ထဲ စစ်မှုထမ်းနေရင်းသေသွားတဲ့ စစ်သားကြီးတွေရဲ့ ရည်းစားတွေနဲ့ မိန်းမတွေအတွက် Valentine’s Day မှာ ၄င်းတို့အတွက် ပျော်ရွှင်ကြည်နူးဖွယ်အခိုက်အတန့်လေးတစ်ခုရအောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

facebook/Rose Rush

ဆက်သ်နဲ့ သူ့ရဲ့ညီအစ်ကိုတွေဟာ Valentine’s Day မနက်ရောက်တိုင်း နှင်းဆီပန်းတွေကို မှာယူပြီး အမျိုးသမီးဦးရေ (၄၀၀-၅၀၀) ကြားကို လိုက်ဝေပေးလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ဆက်သ်တို့ဟာ သူတို့နေထိုင်တဲ့ ဒေသတစ်ဝိုက်က အမျိုးသမီးပေါင်း အယောက်(၇၀၀) ထက်မနည်း နှင်းဆီပန်းတွေ လိုက်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

READ
ကွဲကွာပြီး (၆)နှစ်ကြာမှ သခင်မိသားစုနဲ့ ပြန်ဆုံနိုင်ခဲ့တဲ့ ကြောင်ကလေး
facebook/Rose Rush

ဆက်သ်ဟာ နှစ်စဉ်နှစ်တိုင်း သူနေထိုင်ရာဒေသတစ်ဝိုက်မှာ ဘယ်အမျိုးသမီးတွေကိုတော့ဖြင့် နှင်းဆီပန်းပေးသင့်တယ်ဆိုတာ စာရင်းပြုစုထားလေ့ရှိပါတယ်။ ပြီးတော့ Rose Rush အမည်နဲ့ သူ့ဖေ့စ်ဘုတ်ပေ့ခ်ျမှာလည်း ဆက်သ်က Valentine’s Day နေ့မှာ follower တွေအနေနဲ့ ပန်းရစေချင်တဲ့အမျိုးသမီးတွေရှိရင် ပြောကြဖို့နဲ့ နှင်းဆီပန်းသွားပေးပေးမှာဖြစ်တဲ့အကြောင်းလည်း ရေးသားထားပါသေးတယ်။

Rose Deliveries across the Spokane, WA area

Here's a day in our life every Valentine's Day delivering Rose's. Picking up 700 tomorrow for all the single ladies nominated across town. See you on Friday!Filmed and sponsored by Imperial Peaks. Go check out their products for dogs, outdoor recreation and more on their Instagram page here: https://instagram.com/imperialpeaks?igshid=yp77moy4iego

Posted by Rose Rush on Wednesday, February 12, 2020

ဒေသခံတစ်ဦးဖြစ်သူ ဆာရာဂျီးန်ဆိုသူကတော့ “ဒီလိုနေ့က ကျွန်မနဲ့ လုံးဝမသက်ဆိုင်တဲ့နေ့ပေါ့နော်။ မေ့ထားတာလည်း ပါတယ်။ ဒါပေမယ့် မမျှော်လင့်ပဲ ဒီနှစ်မှာ ဆက်သ်က ရောက်လာတော့ တော်တော်လေးအံ့သြသွားတယ်။ ကောင်လေးချောချောလေးတစ်ယောက်က ကျွန်မဆီကို လမ်းလျှောက်လာပြီး နှင်းဆီပန်းလာပေးတယ်ဆိုတော့လေ။ ကြည်နူးတာပေါ့နော်။ ဆက်သ်ရဲ့ ဒီလိုအပြုအမူသေးသေးလေးက ကျွန်မအတွက် တစ်နေ့တာလုံး စိတ်ခံစားမှုကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါ ကျွန်မနောက်တာမဟုတ်ဘူး။ တကယ်ပြောတာပါ..” လို့လည်း ပြောပြခဲ့ပါသေးတယ်။ ဆက်သ်ဟာ အရင်တုန်းက နှင်းဆီပန်းပွင့် (၄၀၀-၅၀၀) ကိုသာ အမျိုးသမီးတွေဆီ ပေးပို့ခဲ့တာ ဖြစ်ပြီး ယခုနှစ်မှာတော့ အပွင့်ရေ (၇၀၀) နဲ့ လာမယ့်နှစ်တွေမှာတော့ ဒီထက်ပိုပြီး နှင်းဆီပွင့်အရေအတွက် တိုးပေးဖို့ရှိကြောင်းလည်း themindunleashed အရ သိရပါတယ်။

READ
နှလုံးရှော့ခ်ရသွားတဲ့ ကြောင်လေးကို အရေးပေါ် CPR နဲ့ ပြုစုပေးလိုက်တဲ့အခါ…

လင်းလင်း (ShweMom)

SHARE