ကွန်ဒိုတစ်ခန်းထဲ အခန်းများစွာ ခွဲဖွဲ့ပြီး ငှားစားလို့ ဒေါ်လာသိန်းချီဒဏ်ကြေးသင့်သွားတဲ့သူ

Universal, New York Building Department

လူတွေက ကြီးပွားရေးအတွက်ဆို ဘာမဆို ရှာကြံလုပ်နေကြတဲ့ ခေတ်ကြီးမှာ နေထိုင်ရေးကလည်း ရှားနေတဲ့အလျောက် အခန်းဖွဲ့ပြီး ငှားစားတဲ့အလုပ်က ပိုပိုတွင်ကျယ်လာပါတယ်။ အလုပ်လုပ်ရင်း ကျောတစ်နေရာစာအတွက် အခကြေးငွေသက်သာစွာ နေနိုင်ဖို့ အခန်းမျိုးလိုချင်သူတွေလည်း များလာပါတယ်။ အိမ်ငှားနဲ့ အိမ်ရှင်ကြား အဆင်ပြေကောင်း ပြေနိုင်ပေမယ့်လည်း လူ့အဖွဲ့အစည်းမှာ စည်းကမ်းသတ်မှတ်ချက်တွေလည်း ရှိနေသေးတဲ့အတွက် ပြဿနာတွေ ပေါ်ပေါက်လာပါတော့တယ်။

၁၉၉၆ ခုနှစ်တုန်းကထွက်ခဲ့တဲ့ အင်ဒီရုပ်ရှင် “Being John Malkovich” ကားထဲက ၇ပေခွဲသာရှိတဲ့နေရာမှာ ရုံးခန်းဆောက်သလိုမျိုး လက်တွေ့မှာလည်း မန်ဟတ်တန်ကွန်ဒိုမှာ အခန်းသေးလေးတွေဖွဲ့ကာ အိမ်ငှားတွေတင်ခဲ့လို့ ဒဏ်ကြေးအဖြစ် ဒေါ်လာ ၁၄၅,၀၀၀ အရိုက်ခံခဲ့ရတဲ့ တရုတ်လူမျိုးတစ်ယောက်ရဲ့အကြောင်း Insider သတင်းဌာနကနေ ဖော်ပြထားပါတယ်။

Universal

၁၆၅ ဟင်နရီလမ်း၊ မန်ဟတ်တန်ရဲ့ အရှေ့အောက်ပိုင်းမှာရှိနေတဲ့ ကွန်ဒိုတိုက်ခန်းတစ်ခန်းမှာ သတင်းတစ်ခုရခဲ့တဲ့အတွက် နယူးယောက်အိုးအိမ်ဌာန (Department of Building) မှ သွားရောက်စစ်ဆေးခဲ့ပါတယ်။ ကွန်ဒိုတိုက်ခန်းရဲ့ အထပ်တိုင်း၊ အခန်းတိုင်းကို သွားရောက်စစ်ဆေးခဲ့တဲ့အချိန်မှာတော့ ၄ လွှာနဲ့ ၅ လွှာကြားမှာ အမြင့် ၄ပေခွဲသာရှိနေတဲ့ အခန်းကျဉ်းလေးတွေကို သွားမိခဲ့ပါတယ်။

READ
သူ့ကိုအသက်ကယ်ခဲ့သူဆီတစ်နှစ်တစ်ခါပြန်လာတဲ့ ချစ်စရာပင်ဂွင်းလေး

အဲဒီကွန်ဒိုဟာ ပုံမှန်ဆိုရင် တိုက်အလုံးတစ်ခုလုံးအကျယ်ဟာ ၆၄၃စတုရန်းပေ ရှိလို့နေပါတယ်။ ဒါကို စုစုပေါင်း ၉ ကန့်ကန့်ကာ အခန်းတွေဖွဲ့စည်းထားခဲ့ပြီး တရားမဝင်ဘဲ လှေကားတပ်ထားတာမျိုးတွေ၊ မီးဘေးလုံခြုံရေးအရ မျက်နှာကျတ်မှာ ရေပန်းစနစ် မရှိတာမျိုးတွေအပြင်ကိုမှ လူတစ်ယောက်စာတောင် ရပ်လို့မရတဲ့ အမြင့်နဲ့အခန်းဖွဲ့ထားတာတွေကိုကြည့်ရတာ စစ်ဆေးသူတွေကိုတောင် စိတ်ပင်ပန်းစေခဲ့ပါတယ်တဲ့။

New York Building Department
New York Building Department

ဟုတ်လည်းဟုတ်ပါတယ်။ စစ်ဆေးသူတွေခင်ဗျာ အခန်းတွေထဲ ဝင်စစ်ဖို့ကို ခါးကြီးကိုင်း၊ ခေါင်းတွေငုံ့ပြီး လမ်းတွေကလည်းကျဉ်းလွန်းနေခဲ့တာကို တွေ့ရမှာပါ။ ကွန်ဒိုပိုင်ရှင်ဟာ ၂ ယောက် ရှိနေပြီး ၄လွှာနဲ့ ၅လွှာကြားမှာ ဒီလိုအခန်းဖွဲ့ထားသူက Xue Ping Ni ဆိုသူ တရုတ်လူမျိုးပါ။ အခန်းတစ်ခန်းကို တစ်လ ဒေါ်လာ ၆၀၀ နဲ့ ငှားစားနေခဲ့တာဖြစ်ပြီး သူ့လိုပဲ နောက်ထပ် ကွန်ဒိုပိုင်ရှင်တစ်ယောက်ဟာလည်း အခန်းတွေဖွဲ့ပြီး ငှားစားနေတယ်ဆိုလို့ သွားရောက်စစ်ဆေးခဲ့ရပါသေးတယ်။

New York Building Department

အဆောက်အဦတိုင်းမှာ စံအနေအထား၊ စည်းမျဉ်းစည်းကမ်းတွေဆိုတာ ရှိလို့နေပါတယ်။ ကိုယ်ပိုင်တဲ့မြေ၊ ကိုယ်ပိုင်တဲ့အဆောက်အဦမှာ ကိုယ့်ဟာကိုယ်ဆောက်ချင်တိုင်းဆောက်လို့ရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် Xue Ping Ni ကတော့ ၄ လွှာ၊ ၅ လွှာနဲ့ အဲဒီခိုးဆောက်ထားတဲ့ တရားမဝင်အခန်းလေးတွေ ယာယီပိတ်သိမ်းခံခဲ့ရပြီး ဒဏ်ကြေးအနေနဲ့ ဒေါ်လာ ၁၄၅,၀၀၀ ဆောင်ဖို့အတွက် ချမှတ်ခြင်းခံခဲ့ရပါတော့တယ်။

READ
ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ကိစ္စ ပျက်နိုင်ချေရှိနေကြောင်း ထရမ့်ပြောကြား

Penny

SHARE