ဇနီးသည် မသိအောင် ဖောက်ပြန်ဖို့ အိမ်အောက်မှာ လှိုဏ်ခေါင်းဆောက်လုပ်ခဲ့တဲ့ အမျိုးသား

shutterstock By Mikael Damkier

လောကကြီးမှာ ဖောက်ပြန်တယ်ဆိုတာ ကောင်းတဲ့ အလုပ်မဟုတ်ပါဘူး။ အထူးသဖြင့် ကိုယ့်မှာလည်း အိမ်ထောင်ရှိပြီး ကိုယ်ဖောက်ပြန်တဲ့လူမှာလည်း အိမ်ထောင်ရှိနေရင် ပိုလို့တောင် မဖောက်ပြန်ရပါဘူး။ ဒါပေမယ့် အဖြေအနေတွေ ဘယ်လိုပဲရှိရှိ၊ ဖောက်ပြန်ချင်တဲ့ ဗီဇရှိသူကတော့ ဖောက်ပြန်ချင်ရင် ဖောက်ပြန်မှာပဲ။ အခုလည်း အိမ်ထောင်ရှိ ခင်ပွန်းသည်အမျိုးသားတစ်ယောက်ဟာ အခြားအိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့လို့ ရဲဖမ်းခံခဲ့ရပါတယ်။ ပိုပြီးထူးဆန်းတဲ့ အရာတစ်ခုကတော့ အဆိုပါ အမျိုးသားဟာ အခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ဖို့အတွက် သူ့အိမ်ကနေ အဆိုပါ မိန်းမအိမ်အထိ မြေအောက်လှိုဏ်ခေါင်းတစ်ခု တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။

Pixabay-ClaraundBen

အဆိုပါ အမျိုးသားကတော့ Mexico နိုင်ငံရှိ Alberto အမည်ရ အမျိုးသားတစ်ယောက် ဖြစ်ပါတယ်။ Alberto ဟာ နှစ်ရှည်လများစွာ ပေါင်းသင်းလာတဲ့ ဇနီးရှိသလို သူနဲ့ ဖောက်ပြန်နေတဲ့ Pamela အမည်ရ အမျိုးသမီးမှာလည်း ပေါင်းသင်းနေတဲ့ ခင်ပွန်းရှိပါတယ်။ ဒါ့ကြောင့် Alberto နဲ့ Pamela တို့ဟာ အိမ်ထောင်ကိုယ်စီရှိကြတာကြောင့် လူမြင်ကွင်းထဲမှာ ချိန်းတွေ့ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ Alberto ဟာ ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်တာကြောင့် သူအိမ်ကနေ Pamela အိမ်အောက်အထိရောက်အောင် လှိုဏ်ခေါင်းတစ်ခု ဖောက်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Alberto ဟာ Pamela ရဲ့ ခင်ပွန်းသည်အလုပ်သွားတဲ့ အချိန်တိုင်း အဆိုပါ လှိုဏ်ခေါင်းကနေ Pamela ရဲ့ အိမ်ကိုသွားရောက်ပြီး ဖောက်ပြန်ခဲ့ကြပါတယ်။

READ
အချစ်ကြောင့် တော်ဝင်မိသားစုကို ကျောခိုင်းတော့မယ့် ဂျပန်တော်ဝင်မင်းသမီးလေးMako
Pixabay-Tama66

ဒီလိုနဲ့ တစ်ရက်မှာတော့ Pamela ရဲ့ ခင်ပွန်းသည်ဟာ အလုပ်ကနေ အိမ်ကို ရုတ်တရက် စောစောပြန်ရောက်လာခဲ့တဲ့ အချိန်မှာတော့ Alberto ကို သူတို့ရဲ့ နေအိမ်ထဲမှာ အမှတ်မထင်တွေ့လိုက်ရပါတယ်။ ဒါ့ကြောင့် Pamela အမျိုးသားဟာ တံခါးကို ချက်ချင်းဖွင့်ကာ အိမ်ထဲကို ပြေးဝင်ပြီး Alberto ကို လိုက်ရှာခဲ့ပါတယ်။ တစ်အိမလုံးအနှံ့ လိုက်ရှာခဲ့ပေမယ့် Alberto ရဲ့ အရိပ်အယောင်ကိုတောင် မမြင်ခဲ့ရပါဘူး။ ဒီလိုနဲ့ ခြေရာလက်ရာပျက်နေတဲ့ အိမ်က ဆက်တီဆိုဖာကို ဖယ်ပြီးအောက်ကိုကြည့်လိုက်တဲ့ အချိန်မှာတော့ လှိုဏ်ခေါင်းတစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Pamela ရဲ့ အမျိုးသားဟာ အဆိုပါလှိုဏ်ခါင်းလမ်းကြောင်းအတိုင်း လိုက်သွားတဲ့ အချိန်မှာတော့ Alberto ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားပါတော့တယ်။ နောက်ဆုံးမှာတော့ Pamela ရဲ့ ခင်ပွန်းသည်ဖြစ်သူဟာ ရဲတပ်ဖွဲကို အကြောင်းကြားခဲ့ပြီး ဒေသခံရဲတပ်ဖွဲ့က Alberto ကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ကန်ဒေါ်လာ(၁၃)သန်းပေးရမယ့် ကမ္ဘာ့ဈေးအကြီးဆုံးကား
Pixabay-hrgonzalez

Pyi Hein Kyaw

SHARE