ဇနီးဖြစ်သူရဲ့အိမ်မက်ကြောင့် မြေရောင်းပြီး ဆင်တစ်ကောင်ကို ၀ယ်ပေးခဲ့တဲ့ ခင်ပွန်း

[email protected]

ယောကျာ်းလေးတွေဟာ များသောအားဖြင့် မိန်းကလေးတစ်ယောက်ကို အရမ်းတွေ ချစ်မိသွားပြီဆိုရင် အဲဒီမိန်းကလေး လိုချင်တဲ့အရာမှန်သမျှကို surprise ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖြည့်ဆည်းပေးတတ်ကြပါတယ်။ ဥပမာ- အဲဒီမိန်းကလေးက shopping ထွက်နေရင်းနဲ့ ပစ္စည်းတစ်ခုကို လိုချင်တဲ့ မျက်လုံးလေးနဲ့ ကြည့်လိုက်တဲ့အချိန် အဲဒီပစ္စည်းလေးကို မှတ်ထားတတ်ပြီး အဲဒီမိန်းကလေးမသိတဲ့အချိန် သွားဝယ်ပြီး surprise လုပ်ကာ ပေးလိုက်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ အမျိုးသားကတော့ တော်ရုံလူ မလုပ်နိုင်တဲ့ surprise ကို လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါအမျိုးသားရဲ့ မိန်းမဟာ အိမ်မက်ထဲမှာ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင်ကို ပိုင်ဆိုင်ရတယ်ဆိုပြီး အိမ်မက်မက်ခဲ့တာကြောင့် အဆိုပါအိမ်မက်ကို ပြင်ပလောကမှာ လက်တွေ့အကောင်အထည်ဖော်ပေးတဲ့အနေနဲ့ ဆင်တစ်ကောင်ဝယ်ပြီး ပေးခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါအမျိုးသားကတော့ အိန္ဒိယနိုင်ငံရှိ Dulal Chandra Roy အမည်ရှိ လယ်သမားကြီးပဲ ဖြစ်ပြီး သူ့ရဲ့ ဇနီးသည်ကတော့ Tulsi Rani Dasi အမည်ရ အမျိုးသမီးပဲ ဖြစ်ပါတယ်။ တစ်ရက်မှာ Tulsi ဟာ သူမရဲက အိမ်မက်ထဲမှာ သူမဟာ ဆင်လိုလို တောရိုင်းတိရစ္ဆာန်ကြီးတစ်ကောင်ကို ပိုင်ဆိုင်ရတယ်လို့ အိမ်မက်မက်ကြောင်း၊ အဆိုပါ အိမ်မက်ကို နှစ်ရက်ဆက်တိုက်မက်ခဲ့တာကြောင့် သူမအနေနဲ့ စိတ်ထဲ တစ်မျိုးဖြစ်နေကြောင်း သူ့ရဲ့ ခင်ပွန်းဖြစ်သူ Dulal ကို ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့ သိပ်မကြာခင်အချိန်မှာ Dulal ဟာ ခရီးထွက်မယ်ဆိုပြီး အိမ်ကနေထွက်သွားကာ ၁ ပတ်လောက်ကြာတဲ့အချိန်မှာ ဆင်ကြီးတစ်ကောင်နဲ့အတူတူ အိမ်ပြန်ရောက်လာခဲ့ပါတယ်။

READ
(၁၄)နှစ်အရွယ်မိန်းကလေးကို ပါးရိုက်ပြီးဖမ်းဆီးခဲ့တဲ့ရဲဝန်ထမ်းရဲ့ ဗီဒီယို ဝေဖန်မှုများစွာခံနေရ
[email protected]

“ကျွန်တော်ပိုင်ဆိုင်တဲ့ လယ်မြေတစ်ချို့ကို ရောင်းပြီး ဆင်ဝယ်လိုက်တာပါ။ လူတော်တော်များများကတော့ ကျွန်တော့်ကို ရူးနေတယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ကိုယ်ချစ်တဲ့ မိန်းမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတဲ့ အချိန်လောက် ပျော်ဖို့ကောင်းတဲ့အချိန် ကျွန်တော့်မှာ မရှိပါဘူး။ ဆင်ရဲ့ တန်ဖိုးကတော့ ရူပီး ၁၄ သိန်းကျော်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မိန်းမပျော်တဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။ အရင်နှစ်တွေတုန်းကလည်း ကျွန်တော့်မိန်းမရဲ့ အိမ်မက်အရ မြင်းတစ်ကောင်၊ ဆိတ်တစ်ကောင်နဲ့ ဘဲငန်းတစ်ကောင် ဝယ်ပေးခဲ့ဖူးပါတယ်”လို့ Dulal က ပြောကြားခဲ့ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE