တစ်ခါတစ်လေကျ အိမ်ထောင်ရေး ကိစ္စတွေမှာ ဇနီးမောင်နှံနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အပေးအယူတည့်မှ အိမ်ထောင်ရေးက ရေရှည်ခိုင်မြဲပါတယ်။ ဒါပေမယ့် အမျိုးသားတော်တော်များများ ကိုယ့်ကိုယ်ကို မသိတဲ့အချက်က အမျိုးသားတွေဟာ အမျိုးသမီးတစ်ယောက်ဆီက အနံ့ကိုရပြီး အဲဒီအမျိုးသမီးဟာ ကာမစိတ်တွေ ကြွမကြွ အနံရရုံနဲ့ သိနိုင်တယ်လို့ လေ့လာတွေ့ရှိရကြောင်း Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အင်္ဂလန်နိုင်ငံ၊ Kent University ရှိ စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Dr Arnaud Wisman ဟာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ Dr Wisman ဟာ စမ်းသပ်မယ့် အမျိုးသမီးတွေကို ဦးစွာ အနံ့ပြင်းအောင်ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ခန္ဓာကိုယ်ကို ရေမွှေးဆွတ်စေခြင်း၊ အနံ့ပြင်းသော အစားအစာများကို စားသုံးစေခြင်း အစရှိတာတွေပါ။ ပြီးတာနဲ့ ချွေးထွက်အောင် လေ့ကျင့်ခန်းတွေ ပြုလုပ်ခိုင်းပါတယ်။

လေ့ကျင်းခန်းလုပ်ပြီး ချွေးတော်တော်ထွက်တာနဲ့ နောက်ဆုံးမှာတော့ Fifty Shades of Grey လိုမျိုး လိင်စိတ်နိုးကြွစေမယ့် ဇာတ်ကားတွေကို အချိန်တစ်ခုသတ်မှတ်ပြီး ကြည့်ရှုခိုင်းပါတော့တယ်။ သတ်မှတ်ထားတဲ့ အချိန်ပြည့်တာနဲ့ အဆိုပါအမျိုးသမီးတွေကို ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားနေရကြောင်း၊ ကာမစိတ်တွေကြွမကြွ စစ်တမ်းကောက်ပါတယ်။
ပြီးတာနဲ့ အမျိုးသားတစ်ချို့ကို အမျိုးသမီးတွေနားသွားပြီး အနံ့ခံခိုင်းကာ ဘယ်အမျိုးသမီးက ကာမစိတ်တွေကြွမကြွ ခန့်မှန်းစေပါတယ်။ အံ့သြစရာအဖြေကတော့ အမျိုးသား အကုန်လုံးနီးပါးရဲ့ အဖြေဟာ စစ်တမ်းကောက်ထားတဲ့အတိုင်းပဲ ကာမစိတ်တက်ကြွနေတဲ့အမျိုးသမီးတွေကို ထပ်တူညီစွာနဲ့ပဲ ခန့်မှန်းနိုင်ခဲ့ပါသတဲ့။
ကဲ့.. အမျိုးသားတို့မှာ ဒီလိုအစွမ်းရှိတယ်ဆိုတာ ဟုတ်ကြရဲ့လား..
Pyi Hein Kyaw