Relationship တစ်ခုမှာ စောင့်ထိန်းအပ်တဲ့ အရေးအကြီးဆုံးအရာကတော့ third party ကိစ္စတွေပါပဲ။ နှစ်ယောက်တည်းရှိနေတဲ့ ကမ္ဘာလေးထဲ နောက်ထပ်လူတစ်ယောက်ဝင်လာခြင်းဟာ အဆိုးဝါးဆုံးကိစ္စတစ်ခုပါ။ ချစ်သူမသိအောင် ဖောက်ပြန်ချင်တိုင်းဖောက်ပြန်နေပြီးကာမှ မထင်မှတ်ထားတဲ့ အကြောင်းကိစ္စမျိုးတွေနဲ့ လူမိသွားတဲ့ အဖြစ်အပျက်တွေလည်းအများကြီးရှိလို့နေပါတယ်။
လက်တလော TikTok မှာတော့ နှစ်ရှည်တွဲလာတဲ့ချစ်သူက သူဖောက်ပြန်တာကို ကိုယ်တိုင်ပြမိလျက်သားဖြစ်နေတဲ့ ဗီဒီယိုတစ်ခု ခေတ်စားနေပါတယ်။ ဗီဒီယိုကိုတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်တုန်းက တင်ထားခဲ့တာဖြစ်ပါတယ်။ သူမရဲ့account မှာ အဲဒီဗီဒီယိုတစ်ခုတည်းကို တင်ထားခဲ့တာပါ။

Sydney Kinsch ဆိုတဲ့ account ကနေပြီး သူမရဲ့အဖြစ်အပျက်ကို အခုလိုပဲ ၁ မိနစ်စာဗီဒီယိုလေးနဲ့ လှစ်ဟာပြခဲ့ပါတယ်။ Sydney Kinsch ဟာ သူမရဲ့ ချစ်သူနဲ့တွဲနေခဲ့တာ ၄ နှစ်တောင်ရှိနေခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ၄ နှစ်လောက်လည်းရှိနေပြီဆိုတော့ တစ်ယောက်နဲ့တစ်ယာက် ယုံကြည်မှု၊ နားလည်မှုတွေအပြည့်နဲ့ တစ်သက်လုံးဒီလူတစ်ယောက်တည်းနဲ့ပဲ အရိုးထုတ်တော့မယ်ဆိုပြီးတော့ ထင်မှတ်ထားခဲ့တာပေါ့။

ဒါပေမဲ့ အဲဒီတစ်နေ့မှာတော့ Sydney ရဲ့ စိတ်ကူးအိပ်မက်တွေအကုန် ရေစုန်မျောသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချစ်သူကပို့လိုက်တဲ့ selfie ပုံတစ်ပုံကြောင့်ပါ။ Snapchat ကနေပြီးပို့လိုက်တဲ့ selfie ပုံလေးမှာ ချစ်သူဟာ နေကာမျက်မှန်လေးတပ်ပြီးတော့ ကားမောင်းနေရင်း ရိုက်ထားတဲ့ selfie လေးဖြစ်ပေမယ့်လို့ ထူးခြားတဲ့အချက်တစ်ချက်ရှိနေခဲ့ပါတယ်။ အဲဒါကတော့ နေကာမျက်မှန်ထဲမှာ ရောင်ပြန်ဟပ်နေပြီးတော့  တစ်ဖက်မှာတော့ ကားအရှေ့ခန်းပံကိုမြင်နေရပြီး နောက်တစ်ဖက်မှာတော့ အမျိုးသမီးတစ်ယာက်ရဲ့ခြေထောက်ပုံဟာ ထင်းထင်းလင်းလင်းပေါ်နေခဲ့တာပါ။

တစ်ယောက်တည်းဆိုပြီး ကားခေါင်းခန်းမှာ အမျိုးသမီးတစ်ယောက်နဲ့ အတူတူရှိနေခဲ့တဲ့အတွက် ဖောက်ပြန်နေတယ်ဆိုတာ သေချာသွားပါပြီ။ ဒီလိုနဲ့ပဲ Sydney လည်း သူ့ရဲ့ ၄ နှစ်သက်တမ်းရှိခဲ့တဲ့ အချစ်ရေးကို အဆုံးသတ်လိုက်ခဲ့ပါတော့တယ်။ ဒီအကြောင်းကို Tiktok ပေါ်မှာ အခုလိုပဲ ဗီဒီယိုလေးတင်ပြီးတော့ ရင်ဖွင့်ပြလာခဲ့တာပဲဖြစ်ပါတယ်။
@sydneykinschcheck the reflection in your boyfriend’s sunnies ladies ✨ ##fyp♬ original sound – Mandy Patinkin and Kathryn G
penny