
ဝါရှင်တန်၊ ကစ်ဆပ်ပြည်နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့အခန်းဖော်ကို သံပိုက်လုံးနဲ့ရိုက်နှက်ခဲ့လို့ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ရိုက်နှက်ခဲ့ရတဲ့အကြောင်းရင်းက သူ့ရဲ့အခန်းဖော်ဟာ သွေးစုပ်ဖုတ်ကောင် ဖြစ်နေပြီလို့ ထင်မိတာကြောင့်ပါတဲ့။ ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ(၁၅)ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
အမည်ဖော်ပြထားခြင်းမရှိတဲ့ အသက် (၄၀)အရွယ်အမျိုးသားဟာ သူ့ရဲ့အခန်းဖော်နဲ့ပတ်သက်လို့ သံသယရှိနေခဲ့ပြီး အခန်းဖော်ဟာ လူမဟုတ်တော့ပဲ သွေးစုပ်ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီလို့ ထင်နေခဲ့တာပါ။ အဲဒီနောက်မှာတော့ သူ့ကိုသတ်ဖို့ ကြံနေပြီလို့ ထင်မိခဲ့ပြီး လက်ဦးမှုရယူဖို့ သူက သံပိုက်လုံးနဲ့ ဦးဆောင် ဆော်ခဲ့တာပါပဲ။
ရိုက်နှက်ခံရတဲ့ အခန်းဖော်ကတော့ သူ့အနေနဲ့ အရမ်းထိတ်လန့်မိကြောင်းနဲ့ သူ့ကိုရိုက်နှက်ခဲ့သူဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေပြီလို့ ထင်မိကြောင်း ဆိုပါတယ်။

ရိုက်နှက်ခံရပြီးတဲ့နောက် သူက ချက်ချင်းပဲ ရဲတွေဆီ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး တာဝန်ရှိသူတွေက ရိုက်နှက်ခဲ့တဲ့သူကို လာရောက်ဖမ်းဆီးခဲ့ကြတာပါ။
ရိုက်နှက်ခံရသူအနေနဲ့ ဆိုးရွားတဲ့ဒဏ်ရာမျိုး မရခဲ့ပေမယ့်လည်း ရိုက်နှက်ခဲ့သူကိုတော့ ကစ်ဆပ်တရားရုံးက စွဲချက်တင်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမျိုး ရှိ၊မရှိကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ AP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Linn