ဒီဖြစ်ရပ်က နယူးဇီလန်နိုင်ငံရဲ့ ၀န်ကြီးချုပ် ဂျာစင်ဒါ အာဒမ် ရဲ့ ချစ်လှစွာသော ကြောင်လေးကိုမှ ကားနဲ့တိုက်မိတဲ့ မိသားစုတစ်စုရဲ့အကြောင်းပါ။ (၂၀၁၇)အောက်တိုဘာလကစပြီး နယူးဇီလန်နိုင်ငံရဲ့ ၀န်ကြီးချုပ် ဖြစ်လာခဲ့တဲ့ အာဒမ် ဟာ ကြောင်ချစ်သူတစ်ယောက်ဖြစ်ပြီး သူမဆီမှာ အရမ်းချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင် ရှိပါတယ်။
အာဒမ်တစ်ယောက် ၀န်ကြီးချုပ်ရာထူးကို လက်ခံရရှိပြီး ရက်ပိုင်းအကြာမှာပဲ Pt Chev မှာရှိတဲ့ သူမရဲ့ အိမ်ပြတင်းပေါက်ကနေ ကြောင်လေးက ခုန်ထွက်သွားခဲ့တာပါ။ အာဒမ်နဲ့ သူမရဲ့အိမ်နီးချင်းတွေ လိုက်ရှာပေမယ့်လည်း အစအနတောင် မတွေ့ရတော့ပါဘူး။ ဒါပေမယ့် နောက်ထပ် နာရီအနည်းငယ်အကြာမှာပဲ သူမရဲ့ အိမ်နီးချင်းတစ်ဦးက အာဒမ်ရဲ့ကြောင်လေး ခြံစည်းရိုးတစ်ခုအနီးမှာ သေဆုံးနေတာကို တွေ့ရခဲ့ရပြီး အာဒမ်တစ်ယောက် ရင်ကွဲပက်လက် ဖြစ်ခဲ့ရတာပါ။
You asked fur it. pic.twitter.com/JQuCpqiLej
— The Ghost of Paddles (@FirstCatofNZ) November 2, 2017
တကယ်တော့ အာဒမ်ရဲ့ကြောင်လေးဟာ ကားတိုက်ခံရလို့ သေဆုံးသွားခဲ့တာဖြစ်ပြီး အဲဒီကားကိုမောင်းတဲ့သူတွေကလည်း သူမရဲ့အိမ်အနီးအနားမှာ နေထိုင်တဲ့ ခရစ် ဆိုသူနဲ့သူ့ရဲ့ သမီးမိန်းကလေးနှစ်ဦးပါ။ ခရစ် တို့ သားအဖတစ်တွေ ဟာ အိမ်ကိုပြန်ဖို့ ကားမောင်းလာရင်း အာဒမ်ရဲ့ကြောင်လေးကို ကားနဲ့တိုက်မိခဲ့ကြသူတွေပါပဲ။
သူတို့ကိုယ်တိုင်လည်း ဒီကြောင်လေးဟာ ၀န်ကြီးချုပ်ရဲ့ကြောင်လေးဖြစ်ကြောင်း သိရှိခဲ့ပြီး ပြဿနာဖြစ်မှာစိုးတာကြောင့် နှုတ်ဆိတ်နေခဲ့ကြပါတယ်။
နောက်ထပ် ရက်အနည်းငယ်အကြာမှာတော့ မိန်းကလေးနှစ်ယောက်ထဲက အငယ်ဖြစ်တဲ့ အသက် (၇)နှစ်အရွယ် ကလေးမလေးက အာဒမ်ဆီကို စာတစ်စောင်ရေးသားပေးပို့ခဲ့ပြီး သူမတို့ဟာ အာဒမ်ရဲ့ကြောင်လေးကို မတော်တဆ ကားနဲ့ တိုက်မိခဲ့ကြောင်းနဲ့ ထောင်ထဲမပို့ဖို့ မျှော်လင့်ကြောင်း ရေးသားခဲ့တာပါ။
A guilt-ridden neighbour of New Zealand Prime Minister Jacinda Ardern revealed Wednesday that he was responsible for accidentally killing the nation’s “First Cat” Paddles while reversing out of his driveway.#VoiceOfNations pic.twitter.com/QP4n1PC144
— Voice of Nations (@VoiceofNations3) July 11, 2019
ဒါပေမယ့် အာဒမ်ဆီက ဘယ်လိုမှ အကြောင်းမပြန်ခဲ့သလို ဘာထူးဆန်းမှုမှလည်း မဖြစ်ခဲ့ဘူး။
နောက်ထပ် လအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ခရစ် တစ်ယောက် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီး အဲဒါကတော့ နယူးဇီလန်နိုင်ငံရဲ့ ၀န်ကြီးချုပ် အာဒမ် ကိုယ်တိုင်ဖုန်းဆက်ခဲ့တာပါ။
အာဒမ်က ခရစ်ရဲ့သမီးနှစ်ယောက်နဲ့ ပတ်သက်ပြီးခွင့်လွှတ်ကြောင်းနဲ့ ဒီဖြစ်ရပ်ဟာ သူမရဲ့အမှားကြောင့်လည်း ဖြစ်ကြောင်း တကူးတက ပြောဆိုသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာမှ ခရစ်က သတင်းစာတွေဆီ အသိပေးပြောဆိုခဲ့တာဖြစ်ပြီး နယူးဇီလန်ဝန်ကြီးချုပ်ရဲ့ကြောင်ကိုမှ သမီးတွေက ကားနဲ့တိုက်ခဲ့မိလို့ ကြောက်လန့်ခဲ့ကြရပုံနဲ့ အာဒမ်ရဲ့ သဘောထားကြီးပုံအကြောင်းကို မီဒီယာတွေကနေတစ်ဆင့် ပြောပြသွားခဲ့ပါတယ်။
Jacinda Ardern keen on declaring a climate-change emergencyhttps://t.co/0CU6iCnuKf pic.twitter.com/GLSFbcZn1o
— Newstalk ZB (@NewstalkZB) July 3, 2019
Linn
Ref : newstalkzb.co.nz , New Zealand Herald