ဆံပင်ဒီဇိုင်းက လန်းလွန်းလို့ ကလပ်တွေကတောင် လက်မခံဘူးဆိုတဲ့ အမျိုးသား

Twitter / Mirror

အမျိုးသားတစ်ယောက်ဟာ သူရဲ့ဆံပင် အလန်းစားဒီဇိုင်းကြောင့် ဘားတွေ၊ ကလပ်တွေက သူ့ကို လက်မခံဘဲ မောင်းထုတ်ကြတယ်လို့ ဆိုပါတယ်။ သူရဲ့ဆံပင်စတိုင်ကို Mullet ဆံပင်ပုံစံလို့ ခေါ်ဆိုပြီး ရှေ့ကို အတိုထားပြီး၊ နောက်ကို အရှည်လိုက် ဖားလျှားချထားတဲ့ 70s ခုနှစ်များဆီက စတင်ခေတ်စားခဲ့တဲ့ ဆံပင်ပုံစံမျိုးဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာ ဒီဆံပင်ပုံစံ အတွေ့ရနည်းပေမယ့် လုံးဝ ပျောက်ကွယ်သွာတဲ့ ဆံပင်စတိုင်တော့ မဟုတ်ပါဘူး။ Weke မှာတော့ (၆)ရာစုလောက်ကတည်းက စတင်ခေတ်စားခဲ့တဲ့စတိုင်လို့ ဗဟုသုတအနေနဲ့ သိရပါတယ်။ အခု ဒီဆံပင်စတိုင်ပုံစံ အမျိုးသားအမည်ကတော့ Jed Gabsy ဖြစ်ပါတယ်။

 

သူဟာ သြစတေးလျနိုင်ငံ၊ Brisbane မှာ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့တစ်ခုမှာ ဘော်ဒါတွေ စုံစုံလင်လင်နဲ့ Night Out သွားခဲ့တာပါ။ သူဟာ ဘားနှစ်ခုကို ဝင်ဖို့ကြိုးစားခဲ့ပေမယ့် လုံခြုံရေးတွေက အဝင်မခံပါဘူးတဲ့။ အဓိကကတော့ သူရဲ့ဆံပင်စံတိုင်က သူတို့အနေနဲ့ အဓိပ္ပါယ်တစ်မျိုးလို့ ထင်နေပုံရပါတယ်။

Jed ရဲ့အဆိုအရ သူဟာ ကလပ်တွေကိုလည်း အဝင်မခံလို့ အတော်လေး ဒုက္ခတွေ့နေရတယ်လို့ ပြောပါတယ်။ သူဟာ ဒီ Mullet ဆံပင်စတိုင်ကို လွန်ခဲ့တဲ့(၅)နှစ်က စထားခဲ့တာဖြစ်ပြီး၊ သူငယ်ချင်းတွေကို ဟာသလုပ်ရင်းကနေ ဒီဆံပင်ပုံစံ ထားဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။ အခု ဒီဆံပင်ကြောင့် သူ လူရာမသွင်းခံရတာလို့ သူက ဝမ်းနည်းစွာ ပြောပါတယ်။

Twitter / @iPolitypus

Jed က “ သူတို့ ကျွန်တော့် မှတ်ပုံတင်ကို တောင်းတယ် .. နောက် မယုံသင်္ကာနဲ့ ဟိုရှာသည်ရှာ လုပ်ကြတယ် … ပြီးတော့ ဘာမှ အပြစ်ရှာမရတော့ မင်းကို မင်းရဲ့ ဆံပင် Mullet ပုံစံကြောင့် ဒီအထဲ ဝင်ခွင့် မပြုနိုင်ဘူးဆိုပြီး ပြောတယ် … ဒါက သူတို့ စံသတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်မှု စည်းကမ်းနဲ့ ဆန့်ကျင်နေလို့ပါတဲ့”လို့ ပြောခဲ့ပါတယ်။

Jed ကို ဝင်ခွင့်မပြုခဲ့တဲ့နေရာတွေကတော့ Retro’s Cocktail Lounge နဲ့ RG တို့ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူဟာ သောက်တောင် မသောက်ရသေးဘဲ အခုလို ငြင်းပယ်တာကို ခံခဲ့ရတာလို့ ပြောပါတယ်။ ရှေ့နေဖြစ်တဲ့  Bill Potts ကတော့ ဒီလိုအဖြစ်မျိုး အရင်က တစ်ခါမှ မကြားခဲ့ဖူးဘူးလို့ ပြောပါတယ်။

Twitter / @iPolitypus

Jad ကတော့ ဒီလို ခွဲခြားခွဲခြား ဆက်ဆံခံရတဲ့အခြေအနေတွေ ရှိပေမယ့် သူ့အနေနဲ့ ဒီဆံပင်ဒီဇိုင်းကို စွန့်ပယ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ Retro ဘားကတော့ သူတို့ Jed ကို ဝင်ခွင့်မပေးခြင်းက သူတို့မှာ သီးသန့်သတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်မှုနဲ့၊ ဆံပင်ဖြီးလိမ်းပြင်ဆင်မှု ဥပဒေ ရှိပြီးသားမို့ဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။

လင်းသူရိန်

SHARE