လမ်းပေါ်မှာ မောင်းနေတဲ့ ၀ိုင်ကားကြီးပေါ်ကို ခိုးတက်ပြီး ၀ိုင်တွေသောက်ခဲ့တဲ့ အမျိုးသား

Pixabay-congerdesign Youtube-Wine Tasting On The Go: Suspect Jumps On Tanker Truck

ဝိုင်ကောင်းမကောင်း သိချင်ရင် လူတော်တော်များများကတော့ ဝိုင်ရောင်းတဲ့ဆိုင်ကိုသွားကာ ဝိုင်ပုလင်းဝယ်ပြီး အိမ်မှာ မြည်းစမ်းသောက်ကြည့်ကြပါတယ်။ ဒါပေမယ့် အခုပြောပြမယ့် အမျိုးသားတစ်ယောက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ သူ့သာသူသွားနေတဲ့ ဝိုင်ဂါလန်ပေါင်းများစွာ သယ်ဆောင်လာတဲ့ ယာဉ်ကြီးပေါ်ကို ခိုးတက်ပြီး အဲဒီယာဉ်ကြီးသွားနေတဲ့လန်းတစ်လျှောက် ဝိုင်ပိုက်ခေါင်းကို ဖွင့်ပြီး ဝိုင်တွေ မြည်းစမ်းခဲ့ကြောင်း Sacramento သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Gabriel Moreno လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဗီဒီယိုထဲမှာ တွေ့မြင်ရတဲ့အတိုင်း ဝိုင်ဂါလန်ပေါင်းများစွာ သယ်ဆောင်လာတဲ့ ကားကြီးဟာ Highway 99 မှာ သူ့ဟာသူ အေးဆေးမောင်းနှင်လာပါတယ်။ အဲဒီအချိန်မှာ Gabriel Moreno လို့ အမည်ရတဲ့ အမျိုးသားမောင်းနှင်လာတဲ့ ကားဟာ ရုတ်တရပ် ဝိုင်ကားကြီးကို ကျော်တက်ပြီး လမ်းမဘေးကို ရပ်ဖို့ နောက်မီးကနေ အချက်ပြခဲ့ပါတယ်။ ဝိုင်ထရပ်ကားကြီးကို မောင်းနှင်လာတဲ့ ကားဆရာကလည်း Moreno ရဲ့ ကားတစ်ခုခုဖြစ်တယ်အထင်နဲ့ ကူညီဖို့ လေမ်းဘေးထိုးရပ်ခဲ့ပါတယ်။

READ
ငါးမန်းကြီးတစ်ကောင်နဲ့ အနီးကပ်ဆုံးရှိနေခဲ့တဲ့ ဓာတ်ပုံဆရာရဲ့ ရင်တုန်ဖွယ်အခိုက်အတန့်
Youtube-Wine Tasting On The Go: Suspect Jumps On Tanker Truck

ထရပ်ကားဆရာဟာ လမ်းဘေးကို ထိုးရပ်ရပ်လိုက်ချင်းမှာ Moreno ဟာ ကားပေါ်က ပြေးဆင်းလာပါတယ်။ ဒီလိုပြေးဆင်းလာတဲ့အချိန်မှာ Moreno ဟာ ဘောင်းဘီတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားပြီး အပေါ်ပိုင်းကတော့ ဗလာကျင်းထားပါတယ်။ ထရပ်ကားဆရာလည်း Moreno တစ်ယောက် ပုံမှန်မဟုတ်တဲ့အခြေအနေကို သတိထားမိပြီး ဝိုင်ထရပ်ကားကို လမ်းမပေါ်ကို ပြန်တက်ပြီး ပို့ပေးရမယ့် ကုမ္ပဏီထံ ဆက်လက်မောင်းနှင်လာခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီကိုရောက်တဲ့အချိန်မှာ ဝိုင်ဂါလံ တစ်ထောင်လောက် ပျောက်ဆုံးနေတာကို တွေ့လိုက်ရပါတယ်။

Youtube-Wine Tasting On The Go: Suspect Jumps On Tanker Truck

ဒီလိုနဲ့ ကားရဲ့ CCTV ကနေ ပြန်စစ်လိုက်တဲ့အချိန်မှာ Moreno ဟာ ဝိုင်ထရပ်ကားကြီး လမ်းမပေါ်ပြန်တက်တက်လာချင်း အနောက်ကနေ ကားဆရာမသိအောင် ခိုးတက်လာခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် လမ်းတစ်လျှောက်မှာလည်း ဝိုင်တွေထည့်တားတဲ့ Tank ပိုက်ခေါင်းကို ဖွင့်ပြီး ဝိုင်တွေကို သောက်နေလိုက်ပါသေးတယ်။ ဒါ့ကြောင့် ကုမ္ပဏီလည်း Moreno ကို ရဲတိုင်လိုက်ပြီး ချက်ချင်းဆိုသလို ရဲတပ်ဖွဲ့က Moreno ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

READ
ခေါင်မိုးပေါ် စွန်တက်ဖြုတ်ရာက ဒုက္ခတွေ့မလို ဖြစ်ခဲ့ကြတဲ့ သူငယ်ချင်း(၂) ယောက်

Pyi Hein Kyaw

SHARE